အကြောင်းအရာသို့ ကျော်သွားရန်

circa 1446–1406 BC

The Wilderness Years

Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.

2,247 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တောလည်ရာကျမ်း 26:41ခရစ်တော် မပေါ်မီ 1452 ခန့်

    ဤသူတို့သည် ဗင်္ယာမိန်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား လေးသောင်းငါးထောင် ခြောက်ရာ ရှိသတည်း။

  2. တောလည်ရာကျမ်း 26:42ခရစ်တော် မပေါ်မီ 1452 ခန့်

    ဘိုးဘ အဆွေအမျိုးအလိုက် ဒန်၏သား ဟူမူ ကား၊ ရှုဟံမှဆင်းသက်သော ရှုဟမိအဆွေအမျိုးတည်း။ ဤသူတို့သည် ဒန်အဆွေအမျိုး ဖြစ်၍၊

  3. တောလည်ရာကျမ်း 26:43ခရစ်တော် မပေါ်မီ 1452 ခန့်

    စာရင်းဝင်သော ရှုလမိလူပေါင်းကား၊ ခြောက် သောင်းလေးထောင်လေးရာ ရှိသတည်း။

  4. တောလည်ရာကျမ်း 26:44ခရစ်တော် မပေါ်မီ 1452 ခန့်

    ဘိုးဘ အဆွေအမျိုးအလိုက် အာရှာ၏သား ဟူမူကား၊ ယိမနမှဆင်းသက်သော ယိမနိအဆွေအမျိုး၊ ယေသဝိမှဆင်းသက်သော ယေသဝိ အဆွေအမျိုး၊ ဗေရိတ်မှဆင်းသက်သော ဗေရိတ် အဆွေအမျိုးတည်း။

  5. တောလည်ရာကျမ်း 26:45ခရစ်တော် မပေါ်မီ 1452 ခန့်

    ဗေရိ၏သား ဟေဗေရမှဆင်းသက်သော ဟေဗေရိအဆွေ အမျိုး၊ မာလချေလမှ ဆင်းသက်သော မာလချေလိ အဆွေအမျိုးတည်း။

  6. တောလည်ရာကျမ်း 26:46ခရစ်တော် မပေါ်မီ 1452 ခန့်

    အာရှာ၏ သမီးအမည်ကား၊ စာရာတည်း။

  7. တောလည်ရာကျမ်း 26:47ခရစ်တော် မပေါ်မီ 1452 ခန့်

    ဤသူတို့သည် အာရှာအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ ငါးသောင်းသုံးထောင် လေးရာ ရှိသတည်း။

  8. တောလည်ရာကျမ်း 26:48ခရစ်တော် မပေါ်မီ 1452 ခန့်

    ဘိုးဘ အဆွေအမျိုးအလိုက် နဿလိ၏သား ဟူမူကား၊ ယာဇေလမှ ဆင်းသက်သော ယာဇေလိအဆွေ အမျိုး၊ ဂုနိမှဆင်းသက်သော ဂုနိတ်အဆွေအမျိုး၊

  9. တောလည်ရာကျမ်း 26:49ခရစ်တော် မပေါ်မီ 1452 ခန့်

    ယေဇေရမှ ဆင်းသက်သော ယေဇေရိအဆွေ အမျိုး၊ ရှိလ္လင်မှ ဆင်းသက်သော ရှိလ္လမိအဆွေအမျိုး တည်း။

  10. တောလည်ရာကျမ်း 26:50ခရစ်တော် မပေါ်မီ 1452 ခန့်

    ဤသူတို့သည် နဿလိအဆွေ အမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ လေးသောင်းငါးထောင် လေးရာရှိသတည်း။

  11. တောလည်ရာကျမ်း 26:51ခရစ်တော် မပေါ်မီ 1452 ခန့်

    ထိုသို့ ဣသရေလအမျိုး၊ စာရင်းဝင်သူ လူပေါင်း ကား ခြောက်သိန်း တထောင်ခုနစ်ရာငါးဆယ် ရှိ သတည်း။

  12. တောလည်ရာကျမ်း 26:52ခရစ်တော် မပေါ်မီ 1452 ခန့်

    ထာဝရဘုရားကလည်း၊ ဤသူတို့အား အရေ အတွက် ရှိသည်အတိုင်း၊

  13. တောလည်ရာကျမ်း 26:53ခရစ်တော် မပေါ်မီ 1452 ခန့်

    ခါနန်ပြည်ကို ဝေရမည်။

  14. တောလည်ရာကျမ်း 26:54ခရစ်တော် မပေါ်မီ 1452 ခန့်

    လူများလျှင်များသော အမွေမြေကို၎င်း၊ လူနည်းလျှင် နည်းသော မွေမြေကို၎င်း၊ အနည်းအများ အလိုက် အသီးသီးတို့အား အမွေမြေကို ဝေပေးရမည်။

  15. တောလည်ရာကျမ်း 26:55ခရစ်တော် မပေါ်မီ 1452 ခန့်

    သို့ရာတွင် ထိုပြည်ကို စာရေးတံချ၍ ဝေရမည်။ ဘိုးဘ အမျိုးအနွယ်အလိုက် အမွေခံရကြမည်။

  16. တောလည်ရာကျမ်း 26:56ခရစ်တော် မပေါ်မီ 1452 ခန့်

    စာရေးတံကျသည်အတိုင်း မြေကိုဝေ၍ အနည်း အများအလိုက် ပိုင်ရကြမည်ဟု မောရှေအား မိန့်တော်မူ ၏။

  17. တောလည်ရာကျမ်း 26:57ခရစ်တော် မပေါ်မီ 1452 ခန့်

    ဘိုးဘ အဆွေအမျိုးအလိုက် စာရင်းဝင်သော လေဝိ၏သား ဟူမူကား၊ ဂေရရှုန် မှ ဆင်းသက်သော ဂေရရှောနိအဆွေအမျိုး၊ ကော ဟတ်မှ ဆင်းသက်သော ကောဟသိအဆွေအမျိုး၊ မေရာရိမှ ဆင်းသက် သော မေရောရိတ်အဆွေအမျိုး တည်း။-

  18. တောလည်ရာကျမ်း 26:58ခရစ်တော် မပေါ်မီ 1452 ခန့်

    ဤသည်လျှင် လေဝိအဆွေအမျိုးဖြစ်၍၊ လိဗနိအဆွေအမျိုး၊ ဟေဗြောနိ အဆွေအမျိုး၊ မာလိ အဆွေအမျိုး၊ မုရှိအဆွေအမျိုး၊ ကောရသိအဆွေအမျိုး ပါသတည်း။ ကောဟတ်၏ သားကား၊ အာမရံတည်း။

  19. တောလည်ရာကျမ်း 26:59ခရစ်တော် မပေါ်မီ 1452 ခန့်

    အာမရံ၏ မယားကား၊ အဲဂုတ္တုပြည်၌ လေဝိ မယား ဘွားမြင်သော လေဝိ၏ သမီးယောခေဗက်တည်း။ ထိုမိန်းမသည် အာမရံ၏ မယားဖြစ်၍၊ အာရုန်၊ မောရှေ၊ နှမမိရိအံတို့ကို ဘွားမြင်လေ၏။

  20. တောလည်ရာကျမ်း 26:60ခရစ်တော် မပေါ်မီ 1452 ခန့်

    အာရုန်၏သားကား၊ နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။

  21. တောလည်ရာကျမ်း 26:61ခရစ်တော် မပေါ်မီ 1452 ခန့်

    နာဒပ်နှင့် အဘိဟုတို့သည် ထာဝရဘုရားရှေ့ တော်၌ ထူးခြားသောမီးကို ပူဇော်သောအခါ သေကြ၏။

  22. တောလည်ရာကျမ်း 26:62ခရစ်တော် မပေါ်မီ 1452 ခန့်

    အသက် တလလွန်၍ စာရင်းဝင်သော လေဝိ သား ယောက်ျားပေါင်းကား၊ နှစ်သောင်းသုံးထောင် ရှိသတည်း။ သူတို့သည် ဣသရေလ အမျိုးသားတို့နှင့်အတူ အမွေမခံရသောကြောင့်၊ ရောနှော၍ စာရင်းမဝင်ရကြ။

  23. တောလည်ရာကျမ်း 26:63ခရစ်တော် မပေါ်မီ 1452 ခန့်

    ဤရွေ့ကား၊ မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်၊ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တဘက်၌ စာရင်းယူသော ဣသရေလ အမျိုးသားပေတည်း။

  24. တောလည်ရာကျမ်း 26:64ခရစ်တော် မပေါ်မီ 1452 ခန့်

    မောရှေနှင့် ယဇ်ပုရောဟိတ်အာရုန်တို့သည်၊ သိနာတော၌ ဣသရေလအမျိုးသားတို့ကို စာရင်းယူ၍၊ ထိုစာရင်း၌ ဝင်သောသူ တယောက်မျှ မပါ။

  25. တောလည်ရာကျမ်း 26:65ခရစ်တော် မပေါ်မီ 1452 ခန့်

    အကြောင်းမူကား၊ ထိုသူတို့သည်တော၌ အမှန် သေရကြမည်ဟု ထာဝရဘုရား မိန့်တော်မူပြီ။ ယေဖုန္နာ ၏သား ကာလက်နှင့် နုန်၏သား ယောရှုမှတပါး၊ အရင်းလူတယောက်မျှ မကြွင်းမကျန်ရ။