အကြောင်းအရာသို့ ကျော်သွားရန်

circa 1446–1406 BC

The Wilderness Years

Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.

2,247 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တောလည်ရာကျမ်း 26:16ခရစ်တော် မပေါ်မီ 1452 ခန့်

    ဩဇနိမှ ဆင်းသက်သော ဩဇနိတ် အဆွေ အမျိုး၊ ဧရိမှ ဆင်းသက် သော ဧရိတ်အဆွေအမျိုး၊

  2. တောလည်ရာကျမ်း 26:17ခရစ်တော် မပေါ်မီ 1452 ခန့်

    အာရုဒ်မှ ဆင်းသက်သော အာရောဒိ အဆွေ အမျိုး၊ အရေလိမှ ဆင်းသက်သော အရေလိတ်အဆွေ အမျိုးတည်း။

  3. တောလည်ရာကျမ်း 26:18ခရစ်တော် မပေါ်မီ 1452 ခန့်

    ဤသူတို့သည်ဂဒ်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင် သော လူပေါင်းကား၊ လေးသောင်းငါးရာရှိသတည်း။

  4. တောလည်ရာကျမ်း 26:19ခရစ်တော် မပေါ်မီ 1452 ခန့်

    ယုဒ၏သားဟူမူကား၊ ခါနာန်ပြည်၌သေသော ဧရနှင့် ဩနန် အစရှိသော၊

  5. တောလည်ရာကျမ်း 26:20ခရစ်တော် မပေါ်မီ 1452 ခန့်

    ဘိုးဘ အဆွေအမျိုးအလိုက်၊ ရှေလမှဆင်းသက် သော ရှေလနိအဆွေအမျိုး၊ ဖါရဇ်မှဆင်းသက်သော ဖါရဇိ အဆွေအမျိုး၊ ဇေရမှ ဆင်းသက်သော ဇေရဟိ အဆွေအမျိုးတည်း။

  6. တောလည်ရာကျမ်း 26:21ခရစ်တော် မပေါ်မီ 1452 ခန့်

    ဖါရဇ်၏သား၊ ဟေဇရုံမှ ဆင်းသက်သော ဟေဇေရောနိ အဆွေအမျိုး၊ ဟာမုလမှဆင်းသက်သော ဟာမုလိ အဆွေ အမျိုးတည်း။

  7. တောလည်ရာကျမ်း 26:22ခရစ်တော် မပေါ်မီ 1452 ခန့်

    ဤသူတို့သည် ယုဒအဆွေအမျိုးဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ခုနစ်သောင်းခြောက်ထောင် ငါးရာ ရှိသတည်း။

  8. တောလည်ရာကျမ်း 26:23ခရစ်တော် မပေါ်မီ 1452 ခန့်

    ဘိုးဘ အဆွေအမျိုးအလိုက် ဣသခါ၏သား ဟူမူကား၊ တောလမှဆင်းသက်သော တောလိအဆွေ အမျိုး၊ ဖုဝါမှဆင်းသက်သော ဖုဝနိအဆွေ အမျိုး၊

  9. တောလည်ရာကျမ်း 26:24ခရစ်တော် မပေါ်မီ 1452 ခန့်

    ယာရှုပ်မှ ဆင်းသက်သော ယာရှုဘိအဆွေ အမျိုး၊ ရှိမရုန်မှ ဆင်းသက်သော ရှိမရောနိအဆွေ အမျိုးတည်း။

  10. တောလည်ရာကျမ်း 26:25ခရစ်တော် မပေါ်မီ 1452 ခန့်

    ဤသူတို့သည် ဣသခါအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ ခြောက်သောင်း လေးထောင်သုံးရာ ရှိသတည်း။

  11. တောလည်ရာကျမ်း 26:26ခရစ်တော် မပေါ်မီ 1452 ခန့်

    ဘိုးဘအဆွေအမျိုးအလိုက် ဇာဗုလုန်၏သား ဟူမူကား၊ သရက်မှ ဆင်းသက်သော သရဒိအဆွေအမျိုး၊ ဧလုန်မှဆင်းသက်သော ဧလောနိ အဆွေအမျိုး၊ ယာလေ လမှဆင်းသက်သော ယာလေလိ အဆွေအမျိုးတည်း။

  12. တောလည်ရာကျမ်း 26:27ခရစ်တော် မပေါ်မီ 1452 ခန့်

    ဤသူတို့သည် ဇာဗုလုန် အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ ခြောက်သောင်းငါးရာ ရှိသတည်း။

  13. တောလည်ရာကျမ်း 26:28ခရစ်တော် မပေါ်မီ 1452 ခန့်

    ဘိုးဘ အဆွေအမျိုးအလိုက် ယောသပ်၏သား မနာရှေနှင့် ဧဖရိမ်တို့တွင်

  14. တောလည်ရာကျမ်း 26:29ခရစ်တော် မပေါ်မီ 1452 ခန့်

    မနာရှေ၏သားဟူမူကား၊ မာခိရမှ ဆင်းသက် သော မာခိရိ အဆွေအမျိုး၊

  15. တောလည်ရာကျမ်း 26:30ခရစ်တော် မပေါ်မီ 1452 ခန့်

    ယေဇေရမှဆင်းသက်သော ယေဇေရိအဆွေ အမျိုး၊ ဟေလက်မှ ဆင်းသက်သော ဟေလကိ အဆွေ အမျိုး၊

  16. တောလည်ရာကျမ်း 26:31ခရစ်တော် မပေါ်မီ 1452 ခန့်

    အသရေလမှဆင်းသက်သော အာသရေလိ အဆွေအမျိုး၊ ရှေခင်မှ ဆင်းသက်သော ရှေခေမိ အဆွေအမျိုး၊

  17. တောလည်ရာကျမ်း 26:32ခရစ်တော် မပေါ်မီ 1452 ခန့်

    ရှမိဒမှ ဆင်းသက်သော ရှမိဒိအဆွေအမျိုး၊ ဟေဖါမှဆင်းသက်သော ဟေဖေရိ အဆွေအမျိုးတည်း။ မာခိရ၏သားဂိလဒ်မှ ဆင်းသက်သော ဂိလဒိအဆွေ အမျိုးတည်း။

  18. တောလည်ရာကျမ်း 26:33ခရစ်တော် မပေါ်မီ 1452 ခန့်

    ဟေဖါ၏သား ဇလောဖဒ်၌ကား၊ သား ယောက်ျားမရှိ၊ သမီး သက်သက်သာရှိ၏။ ဇလောဖဒ်၏ သမီးတို့ အမည်ကား၊ မာလာ၊ နော အာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။

  19. တောလည်ရာကျမ်း 26:34ခရစ်တော် မပေါ်မီ 1452 ခန့်

    ဤသူတို့သည် မနာရှေအဆွေအမျိုး ဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ ငါးသောင်းနှစ်ထောင် ခုနစ်ရာ ရှိသတည်း။

  20. တောလည်ရာကျမ်း 26:35ခရစ်တော် မပေါ်မီ 1452 ခန့်

    ဘိုးဘအဆွေအမျိုးအလိုက် ဧဖရိမ်၏သား ဟူမူကား၊ ရှုသလမှ ဆင်းသက်သော ရှုသလိအဆွေအမျိုး၊ ဗေခါမှဆင်းသက်သော ဗေခရိ အဆွေအမျိုး၊ တာဟန်မှ ဆင်းသက်သော တာဟနိအဆွေအမျိုးတည်း။

  21. တောလည်ရာကျမ်း 26:36ခရစ်တော် မပေါ်မီ 1452 ခန့်

    ရှုသေလ၏သား ဧရန်မှဆင်းသက်သော ဧရနိအဆွေအမျိုးတည်း။

  22. တောလည်ရာကျမ်း 26:37ခရစ်တော် မပေါ်မီ 1452 ခန့်

    ဤသူတို့သည် ဧဖရိမ်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ သုံးသောင်းနှစ်ထောင် ငါးရာရှိသတည်း။ ဤသူတို့သည် ဘိုးဘအဆွေအမျိုး အလိုက် ယောသပ်၏သား စဉ်မြေးဆက်ဖြစ်သတည်း။

  23. တောလည်ရာကျမ်း 26:38ခရစ်တော် မပေါ်မီ 1452 ခန့်

    ဘိုးဘအဆွေအမျိုးအလိုက် ဗင်္ယာမိန်၏သား ဟူမူကား၊ ဗေလမှ ဆင်းသက်သော ဗေလိအဆွေအမျိုး၊ အာရှဗေလမှ ဆင်းသက်သော အာရှဗေလိအဆွေအမျိုး၊ အဟိရံမှဆင်းသက်သော အဟိရ မိအဆွေအမျိုး။

  24. တောလည်ရာကျမ်း 26:39ခရစ်တော် မပေါ်မီ 1452 ခန့်

    ရှုဖံမှဆင်းသက်သော ရှုဖမိ အဆွေအမျိုး၊ ဟုဖံမှဆင်းသက်သော ဟုဖမိအဆွေအမျိုးတည်း။

  25. တောလည်ရာကျမ်း 26:40ခရစ်တော် မပေါ်မီ 1452 ခန့်

    ဗေလသား အာရဒမှဆင်းသက်သော အာရဒိ အဆွေအမျိုး၊ နေမန်မှ ဆင်းသက်သော နေမနိ အဆွေ အမျိုးတည်း။