အကြောင်းအရာသို့ ကျော်သွားရန်

circa 1446–1406 BC

The Wilderness Years

Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.

2,247 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တောလည်ရာကျမ်း 24:9ခရစ်တော် မပေါ်မီ 1452 ခန့်

    ဝပ်လျက်နေ၏။ ခြင်္သေ့ကဲ့သို့၎င်း၊ ခြင်္သေ့မကဲ့ သို့၎င်း ဝပ်တွားလေ၏။ အဘယ်သူ နှိုးဆော်ဝံ့မည်နည်း။ သင့်ကို ကောင်းကြီးပေးသော သူသည် ကောင်းကြီး မင်္ဂလာရှိ၏။ သင့်ကို ကျိန်ဆဲသော သူသည် ကျိန်ဆဲခြင်း ကို ခံရသည်ဟု မြွက်ဆို၏။

  2. တောလည်ရာကျမ်း 24:10ခရစ်တော် မပေါ်မီ 1452 ခန့်

    ထိုအခါ ဗာလက်မင်းသည်၊ ဗာလမ်ကို အမျက် ထွက်၍ လက်ခုပ်တီးလျက်၊ ငါ၏ ရန်သူတို့ကို ကျိန်ဆဲ စေခြင်းငှါ သင့်ကို ငါခေါ်ခဲ့၏။ သင်သည် သုံးကြိမ်တိုင် အောင် အကြွင်းမဲ့ ကောင်းကြီးပေးလေပြီတကား။

  3. တောလည်ရာကျမ်း 24:11ခရစ်တော် မပေါ်မီ 1452 ခန့်

    ထိုကြောင့် သင့်နေရာပြည်သို့ ပြေးသွားလော့။ သင့်ကို ချီးမြှောက်မည်ဟု အထက်က ငါအကြံရှိ။ သို့ရာ တွင် ထာဝရဘုရားသည် သင်၏ဘုန်းကို မတိုးပွားစေ ခြင်းငှါ ဆီးတားလေပြီဟု ဆို၏။

  4. တောလည်ရာကျမ်း 24:12ခရစ်တော် မပေါ်မီ 1452 ခန့်

    ဗာလမ်ကလည်း၊ ဗာလက်မင်းသည် ရွှေငွေနှင့် ပြည့်သော မိမိနန်းတော်ကိုပင် ပေးသော်လည်း၊

  5. တောလည်ရာကျမ်း 24:13ခရစ်တော် မပေါ်မီ 1452 ခန့်

    ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူး၍ ကောင်းသောအမှု၊ မကောင်းသောအမှုတစုံတခုကို ကိုယ်အလိုအလျောက် ငါမပြုနိုင်။ ထာဝရဘုရားမိန့်တော် မူသမျှကို ငါပြောပါမည်ဟု မင်းကြီးစေလွှတ်သော သံတမန်တို့အား ငါပြောနှင့်ပြီ မဟုတ်လော။

  6. တောလည်ရာကျမ်း 24:14ခရစ်တော် မပေါ်မီ 1452 ခန့်

    ယခုမူကား၊ ငါ့အဆွေအမျိုးတို့ထံသို့ ငါသွား တော့မည်။ နားထောင်ပါ။ နောင်ကာလ၌ ဤလူမျိုးသည် မင်းကြီး၏လူမျိုး၌ အဘယ်သို့ ပြုမည်အရာကို မင်းကြီး အား ကြားပြောပါမည်ဟု ဗာလက်မင်းအား ပြန်ဆိုပြီးမှ၊

  7. တောလည်ရာကျမ်း 24:15ခရစ်တော် မပေါ်မီ 1452 ခန့်

    ပရောဖက်စကားအားဖြင့် မြွက်ဆိုလေသည်မှာ၊ မျက်စိပွင့်သောသူ ဗောရသား ဗာလမ်၏စကား၊

  8. တောလည်ရာကျမ်း 24:16ခရစ်တော် မပေါ်မီ 1452 ခန့်

    ဘဝင်ဖြစ်၍ မျက်စိပွင့်လျက်၊ အနန္တတန်ခိုးရှင် ၏ ရူပါရုံကို မြင်၍၊ အမြင့်ဆုံးသော ဘုရားပေးတော်မူ သော ဉာဏ်ကို ရ၍၊ ဘုရားသခင်၏အမိန့်တော်ကို ကြား သောသူ၏စကားဟူမူကား၊

  9. တောလည်ရာကျမ်း 24:17ခရစ်တော် မပေါ်မီ 1452 ခန့်

    ထိုအရာကို ငါမြင်၏။ သို့သော်လည်း ယခု မဖြစ်ရသေး။ ထိုအရာကို ငါရှု၏။ သို့သော်လည်း ဖြစ်ရသော အချိန် မနီးသေး။ ကြယ်တလုံးသည် ယာကုပ် အမျိုး၌ ပေါ်ထွန်း၍၊ ရာဇလှံတံသည် ဣသရေလအမျိုး ၌ ထင်ရှားလိမ့်မည်။ မောဘပြည်စွန်းတိုင်အောင် ထိခိုက် ၍ မငြိမ်မဝပ်ရုန်းရင်းခပ် ပြုတတ်သော သူအပေါင်းတို့ကို ဖျက်ဆီးလိမ့်မည်။

  10. တောလည်ရာကျမ်း 24:18ခရစ်တော် မပေါ်မီ 1452 ခန့်

    ဧဒုံပြည်ကိုလည်း သိမ်းယူလိမ့်မည်။ စိရတောင် သည်လည်း ရန်သူလက်သို့ ရောက်လိမ့်မည်။ ဣသရေလ အမျိုးသည် ရဲရင့်စွာ ပြုလိမ့်မည်။

  11. တောလည်ရာကျမ်း 24:19ခရစ်တော် မပေါ်မီ 1452 ခန့်

    အစိုးရသော သူတပါးသည်၊ ယာကုပ်အမျိုးထဲက ထွက်၍၊ ကျန်ကြွင်းသောမြို့သူမြို့သားတို့ကို ဖျက်ဆီးလိမ့် မည်ဟု မြွက်ဆို၏။

  12. တောလည်ရာကျမ်း 24:20ခရစ်တော် မပေါ်မီ 1452 ခန့်

    တဖန်အာမလက်ပြည်ကို ကြည့်ရှု၍ ပရောဖက် စကားအားဖြင့် မြွက်ဆိုပြန်သည်ကား၊ အာမလက်အမျိုး သည် လူမျိုးတကာတို့ထက် အထွဋ်ဖြစ်ဘူးသော်လည်း၊ အဆုံး၌ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်လိမ့်မည်ဟု မြွက် ဆို၏။

  13. တောလည်ရာကျမ်း 24:21ခရစ်တော် မပေါ်မီ 1452 ခန့်

    တဖန် ကေနိအမျိုးသားတို့ကို ကြည့်ရှု၍ ပရော ဖက်စကားအားဖြင့် မြွက်ဆိုပြန်သည်ကား၊ သင်တို့ နေရာ သည် အားကြီး၏။ ကျောက်ပေါ်မှာ အသိုက်ကို လုပ်ကြ ပြီ။

  14. တောလည်ရာကျမ်း 24:22ခရစ်တော် မပေါ်မီ 1452 ခန့်

    သို့သော်လည်း အာရှုရိမင်းသည် သိမ်းယူ၍ မသွားမှီတိုင်အောင်၊ ကေနိအမျိုးသည် အမျက်ကို ခံရလိမ့် မည်ဟု မြွက်ဆို၏။

  15. တောလည်ရာကျမ်း 24:23ခရစ်တော် မပေါ်မီ 1452 ခန့်

    တဖန် ပရောဖက်စကားအားဖြင့် မြွက်ဆိုပြန် သည်ကား၊ အလိုလေ့၊ ဤအမှုကို ဘုရားသခင် စီရင် တော်မူသောအခါ၊ အဘယ်သူသည် အသက်ချမ်းသာ ရလိမ့်မည်နည်း။

  16. တောလည်ရာကျမ်း 24:24ခရစ်တော် မပေါ်မီ 1452 ခန့်

    သင်္ဘောတို့သည်လည်း ခိတ္တိမ်ပြည်မှလာ၍ အာရှုရိပြည်ကို၎င်း၊ ဟေဗာပြည်ကို၎င်း နှောင့်ရှက်ကြ လိမ့်မည်။ သူတို့သည်လည်း ရှင်းရှင်းပျက်စီးကြလိမ့်မည် ဟု မြွက်ဆိုပြီးမှ၊

  17. တောလည်ရာကျမ်း 24:25ခရစ်တော် မပေါ်မီ 1452 ခန့်

    ဗာလမ်သည် ထ၍ မိမိနေရာအရပ်သို့ ပြန် သွား၏။ ဗာလက်မင်းသည်လည်း သွားလေ၏။

  18. တောလည်ရာကျမ်း 25:1ခရစ်တော် မပေါ်မီ 1452 ခန့်

    ဣသရေလ အမျိုးသားတို့သည် ရှိတ္တိမ်အရပ်၌ နေသောအခါ၊ အချို့တို့သည် မောဘမိန်းမတို့နှင့် မတရား သော မေထုန်ကိုပြုကြ၏။

  19. တောလည်ရာကျမ်း 25:2ခရစ်တော် မပေါ်မီ 1452 ခန့်

    ထိုမိန်းမတို့သည် မိမိတို့ ဘုရားရှေ့မှာ ယဇ် ပူဇော်ရာပွဲသို့ ဣသရေလ လူတို့ကို ခေါ်သွားသဖြင့်၊ ယောက်ျားတို့ သည် ယဇ်သားကို စား၍ ထိုဘုရား ရှေ့မှာ ဦးချကြ၏။

  20. တောလည်ရာကျမ်း 25:3ခရစ်တော် မပေါ်မီ 1452 ခန့်

    ထိုသို့ဣသရေလ အမျိုးသားတို့သည်၊ ဗာလ ပေဂုရဘုရားကို ဆည်းကပ်သောကြောင့်၊ ထာဝရဘုရား သည် အမျက်ထွက်တော်မူ၏။

  21. တောလည်ရာကျမ်း 25:4ခရစ်တော် မပေါ်မီ 1452 ခန့်

    ထာဝရဘုရားကလည်း၊ ငါသည်ပြင်းစွာသော အမျက်တော်ကို ဣသရေလအမျိုးမှ လွဲစေခြင်းငှာ၊ ဣသရေလမင်းအပေါင်းတို့ကို ခေါ်၍၊ ပြစ်မှားသော သူတို့ကို ဘုရားရှေ့မှာ ထင်ရှားစွာ ဆွဲထားလော့ဟု မောရှေအား မိန့်တော်မူ၏။

  22. တောလည်ရာကျမ်း 25:5ခရစ်တော် မပေါ်မီ 1452 ခန့်

    မောရှေ့သည် ဣသရလမင်းတို့ကို ခေါ်၍၊ ဗာလပေဂုရ ဘုရားကို ဆည်းကပ်သော သူတို့ကို သင်တို့ အသီးသီးဆိုင်သည်အတိုင်း ကွပ်မျက်ကြလော့ဟု မှာထားလေ၏။

  23. တောလည်ရာကျမ်း 25:6ခရစ်တော် မပေါ်မီ 1452 ခန့်

    ထိုအခါ ဣသရေလ အမျိုးသားတယောက် သည်၊ မောရှေ့ရှေ့၌၎င်း၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးနားမှာ ငိုကြွေးသော ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ရှေ့၌၎င်း၊ မိဒျန်မိန်းမကိုလည်း၊ မိမိညီအစ်ကိုတို့ ထံသို့ဆောင်ခဲ့လေ၏။

  24. တောလည်ရာကျမ်း 25:7ခရစ်တော် မပေါ်မီ 1452 ခန့်

    ထိုအမှုကို ယဇ်ပုရောဟိတ်အာရုန်၏သား ဧလာဇာ၏သား ဖိနဟတ်သည် မြင်လျှင်၊ ပရိသတ်ထဲမှာ ထ၍ လှံကိုကိုင်လျက်၊

  25. တောလည်ရာကျမ်း 25:8ခရစ်တော် မပေါ်မီ 1452 ခန့်

    ထိုဣသရေလလူကို တဲအတွင်းသို့ လိုက်ပြီးမှ၊ ယောက်ျားကို ထုတ်ချင်းခပ်အောင်၎င်း၊ မိန်းမကို ဝမ်းပေါက်အောင်၎င်း ထိုးလေ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် ဘေးငြိမ်းလေ၏။