- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa AD 95
The Revelation
John's vision on Patmos unveils the cosmic victory of the Lamb over evil and the final restoration of all creation.
ဤကာလမှ အခန်းငယ်များ
- ဗျာဒိတ်ကျမ်း 4:5ခရစ်နှစ် 96 ခန့်
ပလ္လင်တော်ထဲကလျှပ်စစ်ပြတ်၏။ စကား ပြောသံ၊ မိုဃ်းကြိုး သံလည်းမြည်၏။ ပလ္လင်တော်ရှေ့၌ ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးတည်းဟူသော မီးခွက် ခုနစ်လုံးတို့သည် ထွန်းလျက်ရှိကြ၏။
- ဗျာဒိတ်ကျမ်း 4:6ခရစ်နှစ် 96 ခန့်
ပလ္လင်တော်ရှေ့၌လည်း၊ ကျောက်သလင်းနှင့် တူသော ဖန်ရေကန်ရှိ၏။ ပလ္လင်တော်၏အတွင်း၌၎င်း၊ ပတ်ဝန်းကျင်၌၎င်း၊ မျက်စိနှင့် တကိုယ်လုံးပြည့်သော သတ္တဝါလေးပါးရှိ၏။
- ဗျာဒိတ်ကျမ်း 4:7ခရစ်နှစ် 96 ခန့်
ပဌမသတ္တဝါသည် ခြင်္သေ့နှင့်တူ၏။ ဒုတိယ သတ္တဝါသည် နွား သငယ်နှင့်တူ၏။ တတိယသတ္တဝါသည် လူမျက်နှာရှိ၏။ စတုတ္ထသတ္တဝါ သည် ပျံလျက်ရှိသော ရွှေလင်းတနှင့်တူ၏။
- ဗျာဒိတ်ကျမ်း 4:8ခရစ်နှစ် 96 ခန့်
ထိုသတ္တဝါလေးပါးတို့၏ ကိုယ်ပတ်ဝန်းကျင်၌၊ တပါးတပါးလျှင် အတောင်ခြောက်ခုစီရှိ၍၊ အတွင်း၌ မျက်စိနှင့်ပြည့်ကြ၏။ သူတို့ကလည်း၊ အနန္တတန်ခိုး နှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ် ရှိတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏ နေ့ညဉ့်မပြတ် ငြိမ်၍ မနေဘဲ ပြောဆိုကြ၏။
- ဗျာဒိတ်ကျမ်း 4:9ခရစ်နှစ် 96 ခန့်
ပလ္လင်တော်ပေါ်မှာ ထိုင်၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသောသူ၏ ဘုန်းအသရေ၊ ဂုဏ်ကျေးဇူးတော်ကို ထိုသတ္တဝါတို့သည်ချီးမွမ်းကြသောအခါ၊
- ဗျာဒိတ်ကျမ်း 4:10ခရစ်နှစ် 96 ခန့်
အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည် ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူရှေ့၌ ပြပ်ဝပ်လျက် ၊ ကမ္ဘာအဆက်ဆက် အသက်ရှင် တော်မူသော သူကို ကိုးကွယ်လျက် ၊
- ဗျာဒိတ်ကျမ်း 4:11ခရစ်နှစ် 96 ခန့်
အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်း လျက်ရှိကြပါ၏။ ထိုကြောင့် ၊ ကိုယ်တော်သည်ဘုန်းအသရေ တန်ခိုးတော် ကို ခံစားထိုက်တော်မူ၏ဟုလျှောက်ဆို၍၊ ပလ္လင်တော် ရှေ့၌ မိမိတို့သရဖူများကိုချထားကြ၏။
- ဗျာဒိတ်ကျမ်း 5:1ခရစ်နှစ် 96 ခန့်
ထိုအခါတဘက်တချက်၌ အက္ခရာတင်၍ တံဆိပ်ခုနစ်ချက် ခတ်သော စာစောင်ကို ပလ္လင်တော်ပေါ် မှာ ထိုင်တော်မူသောသူ၏ လက်ျာလက်၌ငါမြင်၏။
- ဗျာဒိတ်ကျမ်း 5:2ခရစ်နှစ် 96 ခန့်
အားကြီးသောကောင်းကင်တမန်တပါးက၊ ထိုစာစောင်ကိုဖွင့်၍ တံဆိပ်တို့ကိုခွါခြင်းငှါ အဘယ်သူထိုက် သနည်းဟု ကြီးသောအသံနှင့် ကြွေးကြော်လျက်ရှိသည်ကို ငါမြင်၏။
- ဗျာဒိတ်ကျမ်း 5:3ခရစ်နှစ် 96 ခန့်
ထိုစာစောင်ကိုဖွင့်၍ကြည့်ခြင်းငှါ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၌ အဘယ်သူမျှမတတ်နိုင်။ ထိုစာစောင်ကိုဖွင့်၍ ကြည့်ထိုက်သောသူ တယောက်ကိုမျှ ရှာ၍မတွေ့သောကြောင့်၊ ငါသည် များစွာငိုကြွေးလေ၏။
- ဗျာဒိတ်ကျမ်း 5:4ခရစ်နှစ် 96 ခန့်
ထိုအခါအသက်ကြီးသောသူတပါးက၊ မငိုကြွေးနှင့်၊ ယုဒအမျိုး ခြင်္သေ့သတည်းဟူသော ဒါဝိဒ်၏။ အမြစ်သည် ထိုစာစောင်ကို၎င်း၊
- ဗျာဒိတ်ကျမ်း 5:5ခရစ်နှစ် 96 ခန့်
တံဆိပ် ခုနစ် ချက်တို့ကို၎င်း၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ငါ့ကို ပြောဆို၏။
- ဗျာဒိတ်ကျမ်း 5:6ခရစ်နှစ် 96 ခန့်
ထိုအခါပလ္လင်တော်မှစသော သတ္တဝါလေးပါး နှင့်အသက်ကြီး သူတို့အလယ်၌၊ အသေသတ်ပြီးသကဲ့သို့ သော သိုးသငယ်သည် ရပ်လျက်ရှိသည်ကို ငါမြင်၏။ ထိုသိုးသငယ်သည် မြေကြီးတပြင်လုံး၌ လွှတ်သော ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မျက်စိ ခုနစ်လုံးနှင့် ချိုခုနစ်ချောင်းရှိ၏။
- ဗျာဒိတ်ကျမ်း 5:7ခရစ်နှစ် 96 ခန့်
သူသည်လာ၍ ပလ္လင်တော်ပေါ်မှာထိုင်တော်မူသော သူ၏ လက်ျာလက်မှစာစောင်ကို ခံယူလေ၏။
- ဗျာဒိတ်ကျမ်း 5:8ခရစ်နှစ် 96 ခန့်
ထိုစာစောင်ကိုခံယူသောအခါ၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည်၊ သန့်ရှင်းသူတို့၏ ပဌနာတည်းဟူသောမီးရှို့ရာ နံ့သာပေါင်းနှင့် ပြည့်သော ရွှေဖလားတို့ကို၎င်း၊ စောင်းတို့ကို၎င်း၊ အသီးသီးကိုင်၍ သိုးသငယ်ရှေ့၌ပြပ်ဝပ်လျက်၊
- ဗျာဒိတ်ကျမ်း 5:9ခရစ်နှစ် 96 ခန့်
ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော် မူသောအားဖြင့်၊ အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍၊ အသွေးတော်နှင့် ဘုရား သခင်အဘို့ ရွေးနှုတ်တော်မူ၏။
- ဗျာဒိတ်ကျမ်း 5:10ခရစ်နှစ် 96 ခန့်
အကျွန်ုပ်တို့၏ ဘုရားသခင်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း၊ ခန့်ထား၍၊ မြေကြီးပေါ်မှာ စိုးစံရသော အခွင့်ကိုပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင်ကို ခံယူ၍တံဆိပ်တို့ကို ဖွင့်ထိုက်တော်မူ၏ဟု အသစ်သောသီချင်းကိုသီ၍ လျှောက်ဆိုကြ၏။
- ဗျာဒိတ်ကျမ်း 5:11ခရစ်နှစ် 96 ခန့်
ထိုအခါ ငါကြည့်၍ ပလ္လင်တော်မှစသော သတ္တဝါတို့နှင့် အသက်ကြီးသူတို့၏ ပတ်ဝန်းကျင်၌ ကုဋေ သင်္ချေမကအတိုင်းမသိ များစွာသော ကောင်းကင်တမန် တို့၏ အသံကို ငါကြား၏။
- ဗျာဒိတ်ကျမ်း 5:12ခရစ်နှစ် 96 ခန့်
ထိုသူတို့ကလည်း၊ အသေသတ်ခြင်းကိုခံခဲ့ပြီးသော သိုးသငယ်သည်၊ တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်း သတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းကြီး မင်္ဂလာကိုခံထိုက်တော်မူ၏ဟု ကြီးသောအသံနှင့် ပြောဆိုကြ၏။
- ဗျာဒိတ်ကျမ်း 5:13ခရစ်နှစ် 96 ခန့်
ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၊ သမုဒ္ဒရာအထဲ၊ အရပ်ရပ်တို့၌ရှိရှိသမျှသော ဝေနေယျသတ္တဝါ အပေါင်းတို့က၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူနှင့် သိုးသငယ်သည် ကမ္ဘာအဆက်ဆက် ကောင်းကြီး မင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ အစွမ်းသတ္တိရှိ တော်မူစေသတည်းဟု ပြောဆိုကြသည်ကို ငါကြား လေ၏။
- ဗျာဒိတ်ကျမ်း 5:14ခရစ်နှစ် 96 ခန့်
သတ္တဝါလေးပါးတို့ကလည်း အာမင်ဟုခေါ်ဝေါ်ကြ၏။ အသက်ကြီးသူတို့သည်လည်း ပြပ်ဝပ်၍ ကိုးကွယ်ကြ၏။
- ဗျာဒိတ်ကျမ်း 6:1ခရစ်နှစ် 96 ခန့်
သိုးသငယ်သည် တံဆိပ်ခုနစ်ချက်တွင် တချက်ကိုဖွင့်သောအခါ ငါကြည့်လျှင်၊ မိုဃ်းကြိုးသံ မြည်သကဲ့သို့၊ သတ္တဝါလေးပါးတွင် တပါးက၊ လာ၍ ကြည့်လော့ဟု ဆိုသည်ကို ငါကြား၏။
- ဗျာဒိတ်ကျမ်း 6:2ခရစ်နှစ် 96 ခန့်
ထိုအခါငါကြည့်လျှင်၊ မြင်းဖြူတစီးရှိ၏။ မြင်းစီးသောသူသည် လေးကိုကိုင်၏။ သူ၌သရဖူကို ပေးတော်မူ၏။ အောင်မြင်လျက်၎င်း၊ အောင်မြင်ခြင်းငှါ၎င်း ထွက်သွား၏။
- ဗျာဒိတ်ကျမ်း 6:3ခရစ်နှစ် 96 ခန့်
ဒုတိယတံဆိပ်ကိုဖွင့်သောအခါ၊ ဒုတိယ သတ္တဝါ က၊ လာ၍ကြည့်လော့ဟုဆိုသည်ကို ငါကြား၏။
- ဗျာဒိတ်ကျမ်း 6:4ခရစ်နှစ် 96 ခန့်
ထိုအခါမြင်းနီတစီးထွက်၍၊ စီးသောသူသည် ငြိမ်ဝပ်ခြင်းကို မြေကြီးကရုပ်သိမ်းခြင်းငှါ၎င်း၊ မြေကြီး သားတို့ကို အချင်းချင်းအသေသတ်စေခြင်းငှါ၎င်း အခွင့်ရ၏။ သူ၌ထားကြီးကိုပေးတော်မူ၏။