- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1010–970 BC
The Reign of David
David unites the tribes, conquers Jerusalem, and establishes Israel's golden age—even through deep personal failure.
ဤကာလမှ အခန်းငယ်များ
- ဓမ္မရာဇဝင်ဒုတိယစောင် 8:14ခရစ်တော် မပေါ်မီ 1040 ခန့်
ဧဒုံပြည်အရပ်ရပ်၌ မြို့စောင့်တပ်တို့ကိုထား၍၊ ဧဒုံပြည်သားအပေါင်းတို့သည် ဒါဝိဒ်၌ ကျွန်ခံကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရား စောင့်မတော်မူ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 8:15ခရစ်တော် မပေါ်မီ 1040 ခန့်
ထိုသို့ ဒါဝိဒ်သည် ဣသရေလနိုင်ငံလုံးကို စိုးစံ၍၊ နိုင်ငံတော်သားတို့တွင် တရားမှုကို စီရင်ဆုံးဖြတ် တော်မူ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 8:16ခရစ်တော် မပေါ်မီ 1040 ခန့်
ဇေရုယာ၏သားယွာဘသည် ဗိုလ်ချုပ်မင်း ဖြစ်၏။ အဟိလုပ်၏ သားယောရှဖတ်သည် အတွင်းဝန် ဖြစ်၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 8:17ခရစ်တော် မပေါ်မီ 1040 ခန့်
အဟိတုပ်သား ဇာဒုတ်နှင့် အဗျာသာ၏သား အဟိမလက်သည် ယဇ်ပုရောဟိတ်ဖြစ်၏။ စရာယသည် စာရေးတော်ကြီးဖြစ်၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 8:18ခရစ်တော် မပေါ်မီ 1040 ခန့်
ယောယဒ၏သား ဗေနာယသည် ခေရသိလူနှင့် ပေလသိ လူတို့ကိုအုပ်ရ၏။ ဒါဝိဒ်၏သားတော်တို့ သည်လည်း မင်းသားအရာနှင့် နေကြ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 9:1ခရစ်တော် မပေါ်မီ 1040 ခန့်
တဖန်ဒါဝိဒ်က၊ ငါသည် ယောနသန်အတွက် ကျေးဇူးပြုစရာ အခွင့်ရှိစေခြင်းငှါ၊ ရှောလုအဆွေအမျိုး တစုံတယောက် ကျန်ကြွင်းသေးသလောဟု မေးသော်၊
- ဓမ္မရာဇဝင်ဒုတိယစောင် 9:2ခရစ်တော် မပေါ်မီ 1040 ခန့်
ဇိဘအမည်ရှိသော ရှောလု၏ အဆွေအမျိုးနှင့်ဆိုင်သော ကျွန်တယောက်ကို အထံတော်သို့သွင်း၍ ရှင်ဘုရင်က၊ သင်သည် ဇိဘမှန်သလောဟုမေးလျှင်၊ ကိုယ်တော်ကျွန်မှန်ပါသည်ဟု ပြန်လျှောက်လေ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 9:3ခရစ်တော် မပေါ်မီ 1040 ခန့်
ရှင်ဘုရင်ကလည်း၊ ဘုရားသခင့်အလိုတော်အတိုင်း ငါကျေးဇူးပြုစရာ အခွင့်ရှိစေခြင်းငှါ၊ ရှောလုအဆွေအမျိုးတစုံ တယောက်မျှမရှိသလောဟု မေးလျှင် ဇိဘက၊ ယောနသန်၌ ခြေဆွံ့သောသားတယောက် ရှိပါသေး၏ဟု လျှောက်သော်၊
- ဓမ္မရာဇဝင်ဒုတိယစောင် 9:4ခရစ်တော် မပေါ်မီ 1040 ခန့်
ရှင်ဘုရင်က၊ သူသည်အဘယ်မှာရှိသနည်းဟု မေးပြန်လျှင်၊ ဇိဘက၊ လောဒေဗာရွာ၊ အမျေလသား မာခိရအိမ်၌ ရှိပါသည်ဟု လျှောက်၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 9:5ခရစ်တော် မပေါ်မီ 1040 ခန့်
ထိုအခါ ဒါဝိဒ်သည် စေလွှတ်၍ ရှောလု၏သားဖြစ်သော ယောနသန်၏သား မေဖိဗောရှက်ကို၊ လောဒေဗာရွာ၊ အမျေလသားမာခိရ အိမ်မှခေါ်ခဲ့၍၊
- ဓမ္မရာဇဝင်ဒုတိယစောင် 9:6ခရစ်တော် မပေါ်မီ 1040 ခန့်
သူသည် အထံတော်သို့ ရောက်သောအခါ ပြပ်ဝပ်လျက် ရှိခိုးလေ၏။ ဒါဝိဒ်ကလည်း၊ မေဖိဗောရှက်ဟုခေါ်လျှင်၊ ကိုယ်တော်ကျွန်ရှိပါသည်ဟုလျှောက်လေ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 9:7ခရစ်တော် မပေါ်မီ 1040 ခန့်
ဒါဝိဒ်ကလည်း မစိုးရိမ်နှင့်။ သင်၏အဘ ယောနသန်အတွက် ငါသည်သင်၌ ဆက်ဆက်ကျေးဇူးပြုမည်။ သင့်အဘို့ရှောလုပိုင်သမျှသော မြေကို ငါပြန်ပေးမည်။ သင်သည် နေ့တိုင်းအစဉ်ငါ့စားပွဲ၌ စားရမည်ဟုဆိုသော်၊
- ဓမ္မရာဇဝင်ဒုတိယစောင် 9:8ခရစ်တော် မပေါ်မီ 1040 ခန့်
မေဖိဗောရှက်က၊ ကျွန်တော်ကဲ့သို့ဖြစ်ရသော ခွေးသေကောင်ကို ကိုယ်တော်ကြည့်ရှုရမည်အကြောင်း၊ ကိုယ်တော်ကျွန်သည် အဘယ်သို့သောသူဖြစ်ပါသနည်း ဟု ဦးချ၍ပြန်လျှောက်၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 9:9ခရစ်တော် မပေါ်မီ 1040 ခန့်
ထိုအခါရှင်ဘုရင်သည် ရှောလု၏ကျွန်ဇိဘကို ခေါ်၍၊ ရှောလုနှင့် သူ၏အဆွေအမျိုးများ ပိုင်ထိုက်သမျှ တို့ကို သင့်သခင်၏သားအား ငါပေးပြီ။
- ဓမ္မရာဇဝင်ဒုတိယစောင် 9:10ခရစ်တော် မပေါ်မီ 1040 ခန့်
သင်သည်သင်၏သားကျွန်တို့နှင့်တကွ လယ်လုပ်၍ သင့်သခင်၏သားစားစရာဘို့ အသီးအနှံကို သွင်းရမည်။ သို့ရာတွင် သင့်သခင်၏သား မေဖိဗောရှက်သည် နေ့တိုင်းအစဉ် ငါ့စားပွဲ၌ အစာစားရမည်ဟု မိန့်တော်မူ၏။ ဇိဘ၌ သားတဆယ်ငါးယောက်နှင့် ကျွန်နှစ်ဆယ်ရှိ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 9:11ခရစ်တော် မပေါ်မီ 1040 ခန့်
ဇိဘကလည်း၊ ကျွန်တော်သခင်အရှင်မင်းကြီးသည် ကိုယ်တော်ကျွန်ကို မှာထားတော်မူသမျှအတိုင်း၊ ကိုယ်တော်ကျွန်ပြုပါမည်ဟု နားတော်လျှောက်၏။ ထိုနောက်၊ မေဖိဗောရှက်သည် ရှင်ဘုရင်၏သားရင်းကဲ့သို့ စားပွဲတော်၌ အစာစားရ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 9:12ခရစ်တော် မပေါ်မီ 1040 ခန့်
မေဖိဗောရှက်၌ မိက္ခာအမည်ရှိသော သားငယ်တယောက်ရှိ၏။ ဇိဘအိမ်၌ နေသောသူအပေါင်း တို့သည်လည်း မေဖိဗောရှက်၏ ကျွန်ဖြစ်ကြ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 9:13ခရစ်တော် မပေါ်မီ 1040 ခန့်
ထိုသို့ မေဖိဗောရှက်သည် ယေရုရှလင်မြို့၌နေ၍ ရှင်ဘုရင်၏စားပွဲတော်၌ နေ့တိုင်းအစဉ်စားရ၏။ ခြေနှစ်ဘက်ဆွံ့သောသူဖြစ်၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 10:1ခရစ်တော် မပေါ်မီ 1037 ခန့်
ထိုနောက် အမ္မုန်ရှင်ဘုရင်သည် သေ၍ သားတော်ဟာနုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 10:2ခရစ်တော် မပေါ်မီ 1037 ခန့်
ဒါဝိဒ်ကလည်း၊ ဟာနုန်အဘနာဟတ်သည် ငါ့အား ကျေးဇူးပြုသောကြောင့်၊ သူ၏သား၌ ကျေးဇူးပြုမည်ဟုဆိုလျက်၊ သူ၏အဘသေရာတွင် နှစ်သိမ့်စေခြင်းငှါ ကျွန်တို့ကို စေလွှတ်၍၊ ဒါဝိဒ်၏ကျွန်တို့သည် အမ္မုန်ပြည်သို့ရောက်ကြ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 10:3ခရစ်တော် မပေါ်မီ 1037 ခန့်
အမ္မုန်အမျိုး မှူးမတ်တို့သည် မိမိတို့အရှင် ဟာနုန်ထံသို့ဝင်၍၊ ဒါဝိဒ်သည် စိတ်တော်ကို နှစ်သိမ့်စေ သော သူတို့ကိုစေလွှတ်ရာတွင် ခမည်းတော်ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော။ မြို့တော်ကိုစစ်ဆေးစူစမ်း၍ ဖျက်ဆီးခြင်း ငှာသာသူ၏ကျွန်တို့ကိုစေလွှတ်သည် မဟုတ်လောဟု လျှောက်ကြ သော်။
- ဓမ္မရာဇဝင်ဒုတိယစောင် 10:4ခရစ်တော် မပေါ်မီ 1037 ခန့်
ဟာနုန်သည် ဒါဝိဒ်၏ကျွန်တို့ကို ယူပြီးလျှင်၊ မုတ်ဆိတ်တခြမ်းကိုရိတ်၍ အဝတ်ကိုတင်ပါးတိုင်အောင် ဖြတ်ပြီးမှ လွှတ်လိုက်လေ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 10:5ခရစ်တော် မပေါ်မီ 1037 ခန့်
ထိုသိတင်းကို ဒါဝိဒ်သည်ကြားသောအခါ၊ ထိုလူတို့သည် အလွန်ရှက်သောကြောင့် သူတို့ကို ဆီးကြိုစေခြင်းငှါ စေလွှတ်၍၊ သင်တို့သည် မုတ်ဆိတ်မရှည်မှီတိုင်အောင် ယေရိခေါမြို့မှာ နေကြလော့။ ထိုနောက်မှပြန်လာကြလော့ဟု မှာထားတော်မူ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 10:6ခရစ်တော် မပေါ်မီ 1037 ခန့်
အမ္မုန်အမျိုးသားတို့က၊ ငါတို့သည်ဒါဝိဒ်ရှေ့မှာ စက်ဆုပ်ရွံရှာဘွယ် ဖြစ်လိမ့်မည်ဟု သိလျှင်၊ လူကို စေလွှတ်၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့၌နေသော ရှုရိလူခြေသည် သူရဲနှစ်သောင်း၊ မာခမင်းကြီး၏ လူ တထောင်၊ တောဘမြို့သား တသောင်းနှစ်ထောင်တို့ကို ငှားကြ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 10:7ခရစ်တော် မပေါ်မီ 1037 ခန့်
ထိုသိတင်းကို ဒါဝိဒ်သည်ကြားလျှင် ယွာဘနှင့် ခွန်အားကြီးသောသူရဲအလုံးအရင်းအပေါင်းကို စေလွှတ် ၏။