- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1010–970 BC
The Reign of David
David unites the tribes, conquers Jerusalem, and establishes Israel's golden age—even through deep personal failure.
ဤကာလမှ အခန်းငယ်များ
- ဓမ္မရာဇဝင်ဒုတိယစောင် 11:14ခရစ်တော် မပေါ်မီ 1035 ခန့်
နံနက်မှာ ဒါဝိဒ်သည် မှာစာကိုရေး၍ ဥရိယ လက်တွင် ယွာဘသို့ ပေးလိုက်၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 11:15ခရစ်တော် မပေါ်မီ 1035 ခန့်
မှာစာချက်ဟူမူကား၊ ကျပ်တည်းစွာစစ်တိုက်ရာ တပ်ဦး၌ ဥရိယကို ခန့်ထားပြီးမှ၊ သူသည် ရန်သူလက်သို့ ရောက်၍ သေစေခြင်းငှါ တပ်များကို ရုပ်သိမ်းလော့ဟု ပါသတည်း။
- ဓမ္မရာဇဝင်ဒုတိယစောင် 11:16ခရစ်တော် မပေါ်မီ 1035 ခန့်
အမိန့်တော်အတိုင်း ယွာဘသည်မြို့ကို ကြည့်ရှုပြီးမှ၊ ခွန်အားကြီးသော သူရဲရှိရာအရပ်၌ ဥရိယကို ခန့်ထားလေ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 11:17ခရစ်တော် မပေါ်မီ 1035 ခန့်
မြို့သားတို့သည် ထွက်၍ယွာဘနှင့် စစ်ပြိုင်သောအခါ၊ ဒါဝိဒ်၏ကျွန်အချို့တို့သည် သေကြ၏။ ဟိတ္တိလူဥရိယသည်လည်း သေ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 11:18ခရစ်တော် မပေါ်မီ 1035 ခန့်
ထိုနောက်ယွာဘသည် စစ်သိတင်းအလုံးစုံကို ဒါဝိဒ်အားကြား လျှောက်စေခြင်းငှါ လူကိုခေါ်၍၊
- ဓမ္မရာဇဝင်ဒုတိယစောင် 11:19ခရစ်တော် မပေါ်မီ 1035 ခန့်
သင်သည်ရှင်ဘုရင်ထံတော်၌ စစ်သိတင်းကို အကုန်အစင်ကြား လျှောက်ပြီးလျှင်၊
- ဓမ္မရာဇဝင်ဒုတိယစောင် 11:20ခရစ်တော် မပေါ်မီ 1035 ခန့်
ရှင်ဘုရင်သည် အမျက်တော်ထွက်၍၊ သင်တို့သည် စစ်ပြိုင်သောအခါ၊ မြို့အနီးသို့ အဘယ်ကြောင့် ချဉ်းကပ်ကြသနည်း။ မြို့ရိုးပေါ်က ပစ်မည်ကို မသိလော။
- ဓမ္မရာဇဝင်ဒုတိယစောင် 11:21ခရစ်တော် မပေါ်မီ 1035 ခန့်
ယေရုဗ္ဗေရှက်သား အဘိမလက်ကို အဘယ်သူ လုပ်ကြံသနည်း။ သေဗက်မြို့မှာ မိန်းမတယောက်သည် ကြိတ်ဆုံကျောက်တဖဲ့ကို မြို့ရိုးပေါ်ကပစ်ချ၍ အဘိမ လက်သေသည်မဟုတ်လော။ မြို့ရိုးအနီးသို့ အဘယ် ကြောင့် ချဉ်းကပ်ကြသနည်းဟု မိန့်တော်မူလျှင်၊ ကိုယ်တော်၏ ကျွန်ဟိတ္တိလူ၊ ဥရိယသေကြောင်းကို လျှောက်ရ မည်ဟု မှာထား၍ စေလွှတ်လေ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 11:22ခရစ်တော် မပေါ်မီ 1035 ခန့်
ယွာဘမှာထားသည်အတိုင်း ထိုတမန်သည် သွား၍ ဒါဝိဒ်အား ကြားလျှောက်သည်ကား၊
- ဓမ္မရာဇဝင်ဒုတိယစောင် 11:23ခရစ်တော် မပေါ်မီ 1035 ခန့်
ရန်သူတို့သည် အမှန်စင်စစ် ကျွန်တော်တို့ကို နိုင်သဖြင့်၊ လွင်ပြင်တိုင်အောင်လိုက်၍ တိုက်ကြပါ၏။ ကျွန်တော်တို့သည်လည်း မြို့တံခါးဝတိုင်အောင် လှန်၍ တိုက်ကြပါ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 11:24ခရစ်တော် မပေါ်မီ 1035 ခန့်
လေးသမားတို့သည် မြို့ရိုးပေါ်က ကိုယ်တော် ကျွန်တို့ကို ပစ်၍ ကိုယ်တော်ကျွန်အချို့သေကြပါ၏။ ကိုယ်တော်ကျွန်ဟိတ္တိလူ၊ ဥရိယသည်လည်း သေပါ၏ဟု လျှောက်လျှင်၊
- ဓမ္မရာဇဝင်ဒုတိယစောင် 11:25ခရစ်တော် မပေါ်မီ 1035 ခန့်
ဒါဝိဒ်ကလည်း၊ ဤအမှုကြောင့် စိတ်မပျက်နှင့်။ စစ်တိုက်ပွဲတွင် တယောက်တလှည့်သေတတ်၏။ အားယူ ၍ မြို့ကိုကျပ်တည်းစွာ တိုက်လျက်လုပ်ကြံတိုက်ဖျက် ကြလော့ဟု တမန်အားဖြင့် ယွာဘကို မှာလိုက်လေ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 11:26ခရစ်တော် မပေါ်မီ 1035 ခန့်
ဥရိယသေကြောင်းကို သူ၏မယားကြားသောအခါ၊ ခင်ပွန်းကြောင့် ငိုကြွေးမြည်တမ်းလျက် နေ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 11:27ခရစ်တော် မပေါ်မီ 1035 ခန့်
ငိုကြွေးမြည်တမ်းချိန် လွန်မှ၊ ဒါဝိဒ်သည် လူကို စေလွှတ၍ ထိုမိန်းမကို နန်းတော်သို့ခေါ်စေသဖြင့်၊ သူသည် မိဖုရားအဖြစ်သို့ ရောက်၍ သားယောက်ျားကို ဘွားမြင်လေ၏။ သို့ရာတွင် ဒါဝိဒ်ပြုသောအမှုသည် ထာဝရဘုရားရှေ့တော်၌ ဆိုးသောအမှုဖြစ်သတည်း။
- ဓမ္မရာဇဝင်ဒုတိယစောင် 12:1ခရစ်တော် မပေါ်မီ 1034 ခန့်
နောက်တဖန် ထာဝရဘုရားသည် ပရောဖက် နာသန်ကို ဒါဝိဒ်ထံသို့ စေလွှတ်တော်မူသဖြင့်၊ နာသန် သည်ဝင်၍၊ အရှင်မင်းကြီး၊ ဤမည်သောမြို့တွင် သူဌေးတဦး၊ ဆင်းရဲသားတဦးရှိပါ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 12:2ခရစ်တော် မပေါ်မီ 1034 ခန့်
သူဌေးသည် အလွန်များစွာသော သိုးနွားမှ စသည်တို့နှင့် ကြွယ်ဝပြည့်စုံပါ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 12:3ခရစ်တော် မပေါ်မီ 1034 ခန့်
ဆင်းရဲသားမူကား၊ မိမိဝယ်၍ မွေးစားသော သိုးမကလေးတကောင်တည်းမှ တပါးတခြားသော ဥစ္စာ မရှိပါ။ ထိုသိုးမကလေးသည် အရှင်နှင့်၎င်း၊ အရှင်၏ သားသမီးတို့နှင့်၎င်း ပေါင်း၍ ကြီးပွား၏။ အရှင်၏ အစာကို စားတတ်၏။ အရှင်၏ရေခွက်၌သောက်တတ်၏။ အရှင်၏ ရင်ခွင်၌ အိပ်၍ သမီးကဲ့သို့ ဖြစ်၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 12:4ခရစ်တော် မပေါ်မီ 1034 ခန့်
သူဌေးအိမ်သို့ ဧည့်သည်တဦးရောက်၍ သူဌေးသည် ဧည့်သည်ကို လုပ်ကျွေးဘို့ မိမိသိုးနွားများကို နှမြော သောကြောင့် မယူ၊ ဆင်းရဲသား၏သိုးမကလေးကိုယူ၍ ဧည့်သည်ကို လုပ်ကျွေးဘို့ ချက်ပါသည်ဟု လျှောက်လေသော်၊
- ဓမ္မရာဇဝင်ဒုတိယစောင် 12:5ခရစ်တော် မပေါ်မီ 1034 ခန့်
ဒါဝိဒ်သည် ထိုသူဌေးကိုပြင်းစွာအမျက်ထွက်၍၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ထိုသို့ ပြုသောသူသည် အမှန်သေရမည်။
- ဓမ္မရာဇဝင်ဒုတိယစောင် 12:6ခရစ်တော် မပေါ်မီ 1034 ခန့်
ကရုဏစိတ်မရှိဘဲထိုအမှုကိုပြုသောကြောင့်၊ ထိုသိုးမကလေးအတွက် လေးဆပြန်ပေးရမည်ဟု မိန့် တော်မူ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 12:7ခရစ်တော် မပေါ်မီ 1034 ခန့်
နာသန်ကလည်း၊ ထိုသူသည်ကား အခြားသူမဟုတ်။ ကိုယ်တော်ပင် ဖြစ်ပါ၏။ ဣသရေလအမျိုး၏ ဘုရးသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဘိသိက်ပေး၍ သင့်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားပြီ။ ရှောလုလက်မှလည်း ကယ်လွှတ်ပြီ။
- ဓမ္မရာဇဝင်ဒုတိယစောင် 12:8ခရစ်တော် မပေါ်မီ 1034 ခန့်
သင့်သခင်၏ အဆွေအမျိုးကို၎င်း၊ သင့်သခင်၏ မယားတို့ကို၎င်း၊ သင်၏ရင်ခွင်၌ ငါအပ်ပေးပြီ။ ဣသ ရေလအမျိုးနှင့် ယုဒအမျိုးကို ငါပေးပြီ။ ထိုအရာများ မလောက်လျှင် အခြားတပါးသောအရာရာတို့ကို ပေးခြင်း ငှါ ငါအလိုရှိ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 12:9ခရစ်တော် မပေါ်မီ 1034 ခန့်
သင်သည်ထာဝရဘုရား၏ ပညတ်တရားတော်ကို မထီမဲ့မြင်ပြု၍ ရှေ့တော်၌ဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်း။ ဟိတ္တိလူ၊ ဥရိယ၏အသက်ကို ထားဖြင့်သတ်၍ သူ၏မယားကို သိမ်းလေပြီတကား။ ထိုသူကို အမ္မုန်အမျိုးသား ထားနှင့်သတ်လေပြီတကား။
- ဓမ္မရာဇဝင်ဒုတိယစောင် 12:10ခရစ်တော် မပေါ်မီ 1034 ခန့်
ယခုမှာသင်သည် ငါ့ကို မထီမဲ့မြင်ပြု၍ ဟိတ္တိလူ၊ ဥရိယ၏မယားကို သိမ်းသောကြောင့်၊ သင့်အဆွေအမျိုးတို့သည် ထားဘေးနှင့်အစဉ် တွေ့ကြုံရကြလိမ့်မည်။
- ဓမ္မရာဇဝင်ဒုတိယစောင် 12:11ခရစ်တော် မပေါ်မီ 1034 ခန့်
ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၌ ရန်ဘက်ပြုသော သူကို သင်၏အဆွေအမျိုးတို့အထဲက ငါပေါ်စေမည်။ သင့်မျက်မှောက်တွင် သင်၏မယားတို့ကို ငါယူ၍ သင့်အိမ်နီးချင်း၌အပ်သဖြင့်၊ သူသည် နေရှေ့မှာ သင်၏မယားတို့နှင့် ပေါင်းဘော်လိမ့်မည်။