- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 800–400 BC
The Hebrew Prophets
God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.
ဤကာလမှ အခန်းငယ်များ
- ယောနဝတ္ထု 3:6ခရစ်တော် မပေါ်မီ 862 ခန့်
နိနေဝေမင်းကြီးသည် ထိုသိတင်းကို ကြားသော အခါ နန်းတော်မှဆင်း၍ မင်းမြောက်တန်ဆာကို ချွတ်ပြီး မှ၊ လျှော်တေအဝတ်ကို ဝတ်၍ ပြာထဲ၌ ထိုင်တော်မူ၏။
- ယောနဝတ္ထု 3:7ခရစ်တော် မပေါ်မီ 862 ခန့်
လူသတ္တဝါ တိရစ္ဆာန်သိုးနွားတို့သည် အလျှင်းမ မြည်စေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။
- ယောနဝတ္ထု 3:8ခရစ်တော် မပေါ်မီ 862 ခန့်
လူသတ္တဝါတိရစ္ဆာန်တို့သည် လျှော်တေအဝတ် ကို ဝတ်ကြစေ။ ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းကြ စေ။ အသီးအသီးတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း၊ မိမိတို့ပြုသော အဓမ္မအမှုကို ရှောင်ကြစေ။
- ယောနဝတ္ထု 3:9ခရစ်တော် မပေါ်မီ 862 ခန့်
ငါတို့သည် ပျက်စီးခြင်းနှင့် ကင်းလွတ်မည်အ ကြောင်း၊ ဘုရားသခင်သည် ပြောင်းလဲ၍ နောင်တရ သဖြင့်၊ ပြင်းစွာသောအမျက်တော်ကို ငြိမ်းစေတော်မူမည် မမူမည်ကို အဘယ်သူပြောနိုင်သနည်းဟု မင်းကြီးအာဏာ၊ မှူးမတ်အာဏာနှင့် နိနေဝေတမြို့လုံးတွင် သိတင်းကြား ပြော၍ ကြော်ငြာစေတော်မူ၏။
- ယောနဝတ္ထု 3:10ခရစ်တော် မပေါ်မီ 862 ခန့်
မြို့သားတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း ကို လွှဲရှောင်၍၊ ကျင့်သောအကျင့်များကို ဘုရားသခင် သည် မြင်လျှင်၊ အရင်ခြိမ်းသောဘေးဒဏ်ကို မပေးဘဲနေ တော်မူ၏။
- ယောနဝတ္ထု 4:1ခရစ်တော် မပေါ်မီ 862 ခန့်
ယောနသည် အလွန်စိတ်ညစ်၍ အမျက်ထွက် သဖြင့်၊ အို ထာဝရဘုရား၊ အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ်သည် ကိုယ်ပြည်၌ရှိစဉ်၊ ဤသို့ပြောပါပြီမဟုတ် လော။ ထိုကြောင့်၊ ကိုယ်တော်ထံမှ တာရှုမြို့သို့ ကြိုးစား၍ ပြေးပါ၏။
- ယောနဝတ္ထု 4:2ခရစ်တော် မပေါ်မီ 862 ခန့်
ကိုယ်တော်သည် သနားစုံမက်တတ်သော ဘုရား ဖြစ်၍ စိတ်ရှည်သောသဘော၊ ကျေးဇူးပြုချင်သောသ ဘော၊ အပြစ်ဒဏ်ပေးမည့်အမှုကို နောင်တရတတ်သော သဘောရှိတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။
- ယောနဝတ္ထု 4:3ခရစ်တော် မပေါ်မီ 862 ခန့်
သို့ဖြစ်၍၊ အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို နှုတ်ယူတော်မူပါ။ အကျွန်ုပ်အသက်ရှင်ခြင်းထက် သေ ခြင်းသည် သာ၍ကောင်းပါသည်ဟု တောင်းလျှောက်လေ ၏။
- ယောနဝတ္ထု 4:4ခရစ်တော် မပေါ်မီ 862 ခန့်
ထာဝရဘုရားကလည်း၊ သင်သည် အမျက်ထွက် ကောင်းသလောဟု မေးတော်မူ၏။
- ယောနဝတ္ထု 4:5ခရစ်တော် မပေါ်မီ 862 ခန့်
ယောနသည် မြို့၌ အဘယ်သို့ဖြစ်မည်ကို သိမြင် ခြင်းငှါ၊ မြို့ပြင်သို့ထွက်၍ မြို့အရှေ့မျက်နှာ၌ တဲမိုးကို လုပ်ပြီးလျှင်၊ အမိုးအရိပ်တွင် ထိုင်၍နေ၏။
- ယောနဝတ္ထု 4:6ခရစ်တော် မပေါ်မီ 862 ခန့်
အရှင်ထာဝရဘုရားသည်လည်း ကြက်ဆူပင်ကို ပြင်ဆင်ပြီးလျှင်၊ ယောန၏စိတ်ကို ပြေစေခြင်းငှါ သူ့ ခေါင်းပေါ်မှာ လွှမ်း၍ မိုးစေတော်မူ၏။ ထိုအပင်ကြောင့် ယောနသည် အလွန်အားရဝမ်းမြောက်၏။
- ယောနဝတ္ထု 4:7ခရစ်တော် မပေါ်မီ 862 ခန့်
နက်ဖြန်မိုဃ်းလင်းသောအခါ ဘုရားသခင် ခန့် ထားတော်မူသော ပိုးကောင်သည် ကြက်ဆူပင်ကို ကိုက်၍ ညှိုးနွမ်းစေ၏။
- ယောနဝတ္ထု 4:8ခရစ်တော် မပေါ်မီ 862 ခန့်
နေထွက်သောအခါ ဘုရားသခင်သည် အလွန်ပူ သောအရှေ့လေကို ပြင်ဆင်တော်မူ၍၊ ယောန၏ခေါင်းကို နေထိခိုက်သဖြင့် သူသည် မော၍ သေချင်သောစိတ်ရှိ လျက်၊ ငါ့အသက်သေခြင်းသည် ရှင်ခြင်းထက် သာ၍ ကောင်းသည်ဟု မြည်တမ်းလေ၏။
- ယောနဝတ္ထု 4:9ခရစ်တော် မပေါ်မီ 862 ခန့်
ဘုရားသခင်ကလည်း၊ သင်သည် ကြက်ဆူပင် အတွက် အမျက်ထွက်ကောင်းသလောဟု မေးတော်မူ လျှင်၊ ယောနက၊ အကျွန်ုပ်သည် အသက်သေသည်တိုင် အောင် အမျက်ထွက်ကောင်းပါသည်ဟု လျှောက်ဆို၏။
- ယောနဝတ္ထု 4:10ခရစ်တော် မပေါ်မီ 862 ခန့်
ထာဝရဘုရားကလည်း၊ သင်သည် ပင်ပန်းစွာ မလုပ်၊ ကြီးပွားစေခြင်းငှါလည်း မပြုစု၊ တညဉ့်ခြင်းတွင် ပေါက်၍ တညဉ့်ခြင်းတွင် သေသော ကြက်ဆူပင်ကို နှမြောသည်တကား။
- ယောနဝတ္ထု 4:11ခရစ်တော် မပေါ်မီ 862 ခန့်
ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆို၊ ကိုယ်လက်ျာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍ မသိ သော သူတသိန်းနှစ်သောင်းမက၊ လူများသော နိနေဝေ မြို့ကြီးကို ငါနှမြောသင့်သည်မဟုတ်လောဟု မိန့်တော် မူ၏။ ပရောဖက်ယောန၏ဝတ္ထုပြီး၏။
- မိက္ခာအနာဂတ္တိကျမ်း 1:1ခရစ်တော် မပေါ်မီ 750 ခန့်
ယုဒရှင်ဘုရင်ယောသံမင်း၊ အာခတ်မင်း၊ ဟေဇ ကိမင်းတို့လက်ထက်၌ မောရရှရွာသားမိက္ခာသည် ရှမာရိ မြို့နှင့် ယေရုရှလင်မြို့အဘို့ ခံရသော ထာဝရဘုရား၏ ဗျာဒိတ်တော်ဟူမူကား၊
- မိက္ခာအနာဂတ္တိကျမ်း 1:2ခရစ်တော် မပေါ်မီ 750 ခန့်
အိုလူများအပေါင်းတို့၊ ကြားကြလော့။ အို ပြည် နှင့် ပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။ အရှင် ထာဝရဘုရားတည်းဟူသော သန့်ရှင်းသော ဗိမာန်တော် ထဲက ဘုရားရှင်သည် သင်တို့ တဘက်၌ သက်သေ ခံတော်မူမည်။
- မိက္ခာအနာဂတ္တိကျမ်း 1:3ခရစ်တော် မပေါ်မီ 750 ခန့်
ထာဝရဘုရားသည် ကျိန်းဝပ်တော်မူရာ အရပ် ဌာနတော်ထဲက ထွက်ကြွဆင်းသက်၍၊ မြင့်သော မြေ အရပ်တို့ကို နင်းတော်မူမည်။
- မိက္ခာအနာဂတ္တိကျမ်း 1:4ခရစ်တော် မပေါ်မီ 750 ခန့်
မီးရှေ့မှာ ဘယောင်းကဲ့သို့၎င်း၊ ချောက်ကြီးမှ ဆင်းသော ရေကဲ့သို့၎င်း ရှေ့တော်၌ တောင်တို့သည် အရည်ဖြစ်၍၊ ချိုင့်တို့သည်လည်း အက်ကွဲကြလိမ့်မည်။
- မိက္ခာအနာဂတ္တိကျမ်း 1:5ခရစ်တော် မပေါ်မီ 750 ခန့်
ထိုအမှုသည် ယာကုပ်လွန်ကျူး၍ ဣသရေလ အမျိုး ပြစ်မှားသောကြောင့် ရောက်သတည်း။ ယာကုပ် လွန်ကျူးရာကား အဘယ်သို့နည်း။ ရှမာရိမြို့မဟုတ် လော။ ယုဒ၏မြင့်ရာအရပ်ကား အဘယ်မှာရှိသနည်း။ ယေရုရှလင်မြို့၌ရှိသည်မဟုတ်လော။
- မိက္ခာအနာဂတ္တိကျမ်း 1:6ခရစ်တော် မပေါ်မီ 750 ခန့်
ထိုကြောင့်၊ ရှမာရိမြို့ကို လယ်ပြင်၌ မြေပုံကဲ့သို့၎င်း၊ စပျစ်ဥယျာဉ် စိုက်ရာအရပ်ကဲ့သို့၎င်း ငါဖြစ်စေ မည်။ မြို့ရိုးကျောက်တို့ကို ချိုင့်ထဲသို့ သွန်ပစ်၍၊ မြို့ရိုး အမြစ်ကို လှန်ပြမည်။
- မိက္ခာအနာဂတ္တိကျမ်း 1:7ခရစ်တော် မပေါ်မီ 750 ခန့်
ခပ်သိမ်းသော ရုပ်တုဆင်းတုတို့ကို ချိုးဖဲ့မည်။ သူငှါးလုပ်၍ ရသမျှသောအခတို့ကို မီးရှို့မည်။ မှားသော ဘုရားရှိသမျှတို့ကို သုတ်သင်ပယ်ရှင်းမည်။ ပြည်တန်ဆာ လုပ်၍ ဥစ္စာကို ဆည်းဖူးသည်ဖြစ်၍၊ ထိုဥစ္စာသည် ပြည် တန်ဆာလက်သို့ တဖန်ရောက်ရဦးမည်။
- မိက္ခာအနာဂတ္တိကျမ်း 1:8ခရစ်တော် မပေါ်မီ 750 ခန့်
ထိုအမှုကြောင့် ငါသည် ငိုကြွေးမြည်တမ်းမည်။ အဝတ်ကိုချွတ်၍ အချည်းစည်း လည်သွားမည်။ မြေခွေး ကဲ့သို့ အူလျက်၊ ကုလားအုပ်ငှက်ကဲ့သို့ မြည်လျက်နေမည်။
- မိက္ခာအနာဂတ္တိကျမ်း 1:9ခရစ်တော် မပေါ်မီ 750 ခန့်
သူခံရသော ဒဏ်နာမပျောက်နိုင်။ ယုဒပြည် အောင် ကူးသဖြင့်၊ ငါ၏အမျိုးသားနေရာ ယေရုရှလင်မြို့ တံခါးသို့ ရောက်လေပြီ။