- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 800–400 BC
The Hebrew Prophets
God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.
ဤကာလမှ အခန်းငယ်များ
- မိက္ခာအနာဂတ္တိကျမ်း 3:6ခရစ်တော် မပေါ်မီ 710 ခန့်
သင်တို့သည် ရူပါရုံကို မမြင်နိုင်မည်အကြောင်း၊ ညဉ့်အချိန်ရောက်လိမ့်မည်။ အနာဂတ်ကို မဟောနိုင် မည်အကြောင်း၊ မှောင်မိုက်ဖြစ်လိမ့်မည်။ ပရောဖက်တို့၌ နေဝင်လိမ့်မည်။ နေ့အချိန်၌ပင် မှောင်မိုက်ဖုံးလွှမ်းလိမ့် မည်။
- မိက္ခာအနာဂတ္တိကျမ်း 3:7ခရစ်တော် မပေါ်မီ 710 ခန့်
ထိုအခါ ပရောဖက်တို့သည် ရှက်ကြောက်ကြ လိမ့်မည်။ အနာဂတ်ကို ဟောသောသူတို့သည် စိတ်ပျက် ကြလိမ့်မည်။ ဘုရားသခင်ထူးတော်မမူသောကြောင့်၊ ထိုသူအပေါင်းတို့သည် မိမိတို့နှုတ်ကို ဖုံးထားကြလိမ့်မည် ဟု ထာဝရဘုရားမိန့်တော်မူ၏။
- မိက္ခာအနာဂတ္တိကျမ်း 3:8ခရစ်တော် မပေါ်မီ 710 ခန့်
ငါမူကား၊ ယာကုပ်အမျိုး လွန်ကျူးခြင်း၊ ဣသ ရေလအမျိုးပြစ်မှားခြင်းကို သူတို့အား ဘော်ပြနိုင်မည် အကြောင်း၊ ထာဝရဘုရား၏ ဝိညာဉ်တော်အားဖြင့် အရှိန်တန်ခိုး၊ ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံ၏။
- မိက္ခာအနာဂတ္တိကျမ်း 3:9ခရစ်တော် မပေါ်မီ 710 ခန့်
ဖြောင့်မတ်စွာ စီရင်ခြင်းကို ရွံရှာ၍ ခပ်သိမ်း သောတရားကို ဖျက်လျက်၊
- မိက္ခာအနာဂတ္တိကျမ်း 3:10ခရစ်တော် မပေါ်မီ 710 ခန့်
လူအသက်ကို သတ်ခြင်းအမှုဖြင့် ဇိအုန်မြို့ကို ၎င်း၊ အဓမ္မအမှုဖြင့် ယေရုရှလင်မြို့ကို၎င်း ပြုစုသော ယာကုပ်အမျိုးမင်း၊ ဣသရေလအမျိုးသူကြီးတို့၊ နား ထောင်ကြပါလော့။
- မိက္ခာအနာဂတ္တိကျမ်း 3:11ခရစ်တော် မပေါ်မီ 710 ခန့်
မင်းတို့သည် လက်ဆောင်ကို ရခြင်းငှါသာ တရားမှုကို စီရင်တတ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် အခကိုရခြင်းငှါသာ သင်ပေးတတ်ကြ၏။ ပရောဖက်တို့ သည် ငွေကို ရခြင်းငှါသာ အနာဂတ်ကို ဟောတတ်ကြ၏။ သို့သော်လည်း၊ ထာဝရဘုရားကို ခိုလှုံလျက်၊ ထာဝရ ဘုရားသည် ငါတို့တွင် ရှိတော်မူသည်မဟုတ်လော၊ ဘေး ဥပဒ်မရောက်နိုင်ဟု ဆိုတတ်ကြသည်တကား။
- မိက္ခာအနာဂတ္တိကျမ်း 3:12ခရစ်တော် မပေါ်မီ 710 ခန့်
ထိုကြောင့်၊ သင်တို့အတွက် ဇိအုန်တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့ သည်လည်း မြေပုံများဖြစ်လိမ့်မည်။ ဗိမာန်တော်တောင် သည်လည်း၊ တောတောင်ကဲ့သို့ ဖြစ်လိမ့်မည်။
- မိက္ခာအနာဂတ္တိကျမ်း 4:1ခရစ်တော် မပေါ်မီ 710 ခန့်
နောက်ဆုံးသော ကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သော တောင်သည် တောင်ကြီးတောင် ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်းသော လူစုတို့သည် ထိုတောင်သို့ စည်းဝေးကြ လိမ့်မည်။
- မိက္ခာအနာဂတ္တိကျမ်း 4:2ခရစ်တော် မပေါ်မီ 710 ခန့်
များပြားသော လူမျိုးတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရား သခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော် တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု၊ ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိအုန်တောင်မှ၎င်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း ပေါ်ထွက် လိမ့်မည်။
- မိက္ခာအနာဂတ္တိကျမ်း 4:3ခရစ်တော် မပေါ်မီ 710 ခန့်
ထာဝရဘုရားသည် များပြားသော လူတို့တွင် တရားစီရင်၍၊ ဝေးစွာ နေလျက် အားကြီးသော လူမျိုး တို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ထားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှါ၎င်း၊ လှံများကို တံစဉ်းဖြစ်စေခြင်း ငှါ၎င်း ထုလုပ်ကြလိမ့်မည်။ တပြည်ကိုတပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တဖန် မသင်ရကြ။
- မိက္ခာအနာဂတ္တိကျမ်း 4:4ခရစ်တော် မပေါ်မီ 710 ခန့်
လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သော သင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြ လိမ့်မည်။ ကြောက်စေသော သူတယောက်မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ နှုတ်တော် ထွက်အမိန့်တော်ရှိ၏။
- မိက္ခာအနာဂတ္တိကျမ်း 4:5ခရစ်တော် မပေါ်မီ 710 ခန့်
လူမျိုးအပေါင်းတို့သည် ကိုယ်ဆိုင်သော ဘုရား ၏နာမကို ခိုလှုံလျက် ကျင့်နေတတ်ကြ၏။ ငါတို့မူကား၊ ကိုယ်ဆိုင်သော ဘုရားသခင် ထာဝရဘုရား၏ နာမတော် ကို ကာလအစဉ်အမြဲ ခိုလှုံလျက် ကျင့်နေကြမည်။
- မိက္ခာအနာဂတ္တိကျမ်း 4:6ခရစ်တော် မပေါ်မီ 710 ခန့်
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ ခြေဆွံ့သောသူကို ငါခေါ်မည်။ နှင်ထုတ်ခြင်းကို ခံရသော သူ၊ ငါညှဉ်းဆဲဘူးသောသူတို့ကို ငါစုဝေးစေမည်။
- မိက္ခာအနာဂတ္တိကျမ်း 4:7ခရစ်တော် မပေါ်မီ 710 ခန့်
ခြေဆွံ့သောသူကို ငါကျန်ကြွင်းစေမည်။ အဝေးသို့ နှင်ထုတ်ခြင်းကို ခံရသော သူသည် ကြီးမား သော လူမျိုးဖြစ်စေခြင်းငှါ ငါစီရင်မည်။ ထာဝရဘုရား သည် ဇိအုန်တောင်ပေါ်မှာ သူတို့ကို ယခုမှစ၍ အစဉ် အမြဲအုပ်ချုပ်စိုးစံတော်မူလိမ့်မည်။
- မိက္ခာအနာဂတ္တိကျမ်း 4:8ခရစ်တော် မပေါ်မီ 710 ခန့်
အိုဧဒါလင့်စင်၊ ဇိအုန်သတို့သမီး နေရာကုန်း၊ သင်သည် အစိုးရလိမ့်မည်။ အရင်တည်သော အာဏာ တည်ပြန်လိမ့်မည်။ နိုင်ငံတော်သည် ယေရုရှလင်သတို့ သမီးလက်သို့ တဖန် ရောက်လိမ့်မည်။
- မိက္ခာအနာဂတ္တိကျမ်း 4:9ခရစ်တော် မပေါ်မီ 710 ခန့်
ယခုမှာ သင်သည် အဘယ်ကြောင့် ကျယ်သော အသံနှင့် အော်ဟစ်သနည်း။ သင်၌ ရှင်ဘုရင်တယောက် မျှ မရှိသလော။ အကြံပေးသော မှူးမတ်ပျောက်ပျက် သလော။ သားဘွားသောမိန်းမကဲ့သို့ သင်သည် ဝေဒနာ ကို ခံရပါသည်တကား။
- မိက္ခာအနာဂတ္တိကျမ်း 4:10ခရစ်တော် မပေါ်မီ 710 ခန့်
အိုဇိအုန်သတို့သမီး၊ သားဘားသော မိန်းမကဲ့သို့ ဝေဒနာကို ခံ၍၊ သားကိုဘွားအံ့သောငှါ အားထုတ်လော့။ ယခုပင် သင်သည် မြို့ထဲကထွက်၍ လယ်ပြင်၌ နေရ မည်။ ဗာဗုလုန်မြို့တိုင်အောင် သွားရမည်။ ထိုမြို့၌ လွတ် လိမ့်မည်။ ထိုမြို့၌ ထာဝရဘုရားသည် သင့်ကို ရန်သူတို့ လက်မှ ရွေးနှုတ်တော်မူလိမ့်မည်။
- မိက္ခာအနာဂတ္တိကျမ်း 4:11ခရစ်တော် မပေါ်မီ 710 ခန့်
ယခုမှာ လူမျိုးများတို့က၊ ဇိအုန်မြို့သည် ညစ် ညူးပါစေ။ သူ၌ ငါတို့အလို ပြည့်စုံပါစေဟု၊ သင့်တဘက် ၌ စုဝေးလျက် ဆိုကြ၏။
- မိက္ခာအနာဂတ္တိကျမ်း 4:12ခရစ်တော် မပေါ်မီ 710 ခန့်
သို့ရာတွင်၊ ထာဝရဘုရား၏စိတ်တော်ကို မသိ၊ အကြံအစည်တော်ကို နားမလည်ကြ။ ကောက်လှိုင်းတို့ ကို ကောက်နယ်တလင်း၌ စုထားသကဲသို့၊ ထိုသူတို့ကို စုထားတော်မူ၏။
- မိက္ခာအနာဂတ္တိကျမ်း 4:13ခရစ်တော် မပေါ်မီ 710 ခန့်
အို ဇိအုန်သတို့သမီး၊ ထ၍ နယ်လော့။ သင့် ဦးချိုကို သံဖြင့်၎င်း၊ သင့်ခွာတို့ကို ကြေးဝါဖြင့်၎င်း ငါပြီး စေမည်။ သင်သည် လူမျိုးများတို့ကို ညက်ညက်ချေရမည်။ သူတို့တွင်ရသမျှသော စည်းစိမ်ဥစ္စာကိုယူ၍၊ မြေတပြင် လုံးကို အစိုးပိုင်တော်မူသော အရှင်ထာဝရဘုရားအား ပူဇော်ရမည်။
- မိက္ခာအနာဂတ္တိကျမ်း 5:1ခရစ်တော် မပေါ်မီ 710 ခန့်
ယခုမူကား၊ အိုဗိုလ်ခြေသတို့သမီ၊ စည်းဝေး၍ ခင်းကျင်းလော့။ ငါတို့ကို ဝိုင်းထားကြပြီ။ ဣသရေလ မင်း၏ပါးကို ကြိမ်လုံးနှင့် ရိုက်ကြပြီတကား။
- မိက္ခာအနာဂတ္တိကျမ်း 5:2ခရစ်တော် မပေါ်မီ 710 ခန့်
အိုဗက်လင်ဧဖရတ်မြို့၊ အစိုးရသော ယုဒမြို့တို့ တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း၊ ဣသရေ လအမျိုးကို အုပ်စိုးရသော သခင်သည် ငါ့အဘို့ သင်၏ အထဲမှာ ပေါ်ထွန်းလတံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာ မှစ၍ ပေါ်ထွန်းသော သခင်ဖြစ်၏။
- မိက္ခာအနာဂတ္တိကျမ်း 5:3ခရစ်တော် မပေါ်မီ 710 ခန့်
သို့ဖြစ်၍၊ သားဘွားခြင်းဝေဒနာကို ခံရသော မိန်းမသည် မဘွားမှီတိုင်အောင်၎င်း၊ ဣသရေလအမျိုး သားတို့နှင့်တကွ ကျန်ကြွင်းသော ညီအစ်ကိုတို့သည် မပြောင်းလဲမှီတိုင်အောင်၎င်း၊ သူတို့ကို စွန့်ပစ်တော်မူ လိမ့်မည်။
- မိက္ခာအနာဂတ္တိကျမ်း 5:4ခရစ်တော် မပေါ်မီ 710 ခန့်
ထိုသခင်သည် ရပ်၍ ထာဝရဘုရား၏အစွမ်း သတ္တိနှင့်၎င်း၊ မိမိဘုရားသခင် ထာဝရဘုရား၏နာမ တော်တန်ခိုးအာနုဘော်နှင့်၎င်း၊ မိမိသိုးစုကို ကျွေးမွေး လိမ့်မည်။ သူတို့သည်လည်း တည်ကြလိမ့်မည်။ အကြောင်းမူကား၊ ထိုသခင်သည် မြေကြီးစွန်းတိုင်အောင် အစိုးရ၍၊ ရန်ငြိမ်းခြင်းအကြောင်းဖြစ်တော်မူလိမ့်မည်။
- မိက္ခာအနာဂတ္တိကျမ်း 5:5ခရစ်တော် မပေါ်မီ 710 ခန့်
အာရှုရိလူသည် ငါတို့ပြည်သို့လာ၍၊ ငါတို့ ဘုံ ဗိမာန်များကို နင်းသောအခါ၊ သိုးထိန်းခုနစ်ပါးနှင့် လူကြီး ရှစ်ပါးတို့သည် ငါတို့တွင် ပေါ်ထွန်း၍၊