အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အာမုတ်အနာဂတ္တိကျမ်း 2:10ခရစ်တော် မပေါ်မီ 787 ခန့်

    သင်တို့ကို အဲဂုတ္တုပြည်မှနှုတ်ယူ၍ အာမောရိပြည်ကို ဝင်စားစေခြင်းငှါ၊ အနှစ်လေးဆယ်ပတ်လုံး တော၌ ပို့ဆောင်ပြီ။

  2. အာမုတ်အနာဂတ္တိကျမ်း 2:11ခရစ်တော် မပေါ်မီ 787 ခန့်

    သင်တို့သားအချို့ကို ပရောဖက်အရာ၊ လုလင်အချို့ကို နာဇရိလူအရာ၌ ငါခန့်ထားပြီ။ အိုဣသရေလ အမျိုးသားတို့၊ ဤစကားမှန်သည် မဟုတ်လောဟု ထာဝရဘုရားမေးတော်မူ၏။

  3. အာမုတ်အနာဂတ္တိကျမ်း 2:12ခရစ်တော် မပေါ်မီ 787 ခန့်

    သင်တို့မူကား၊ နာဇရီလူသောက်ဘို့ စပျစ်ရည်ကိုပေးကြပြီ။ ပရောဖက်တို့ကိုလည်း၊ ပရောဖက်ပြု၍ မဟောကြနှင့်ဟု မြစ်တားကြပြီ။

  4. အာမုတ်အနာဂတ္တိကျမ်း 2:13ခရစ်တော် မပေါ်မီ 787 ခန့်

    ထိုကြောင့်၊ လှည်းသည် အပြည့်တင်သောကောက်လှိုင်း၏ဖိစီးခြင်းကို ခံရသကဲ့သို့၊ သင်တို့၏နေရာ အရပ်ကို ငါဖိစီးမည်။

  5. အာမုတ်အနာဂတ္တိကျမ်း 2:14ခရစ်တော် မပေါ်မီ 787 ခန့်

    အပြေးကောင်းသောသူသည် ပြေးသောအခွင့်ကို မရ။ ခွန်အားကြီးသောသူသည် မိမိခွန်အားကို ထုတ်ရ သောအခွင့်မရှိရ။ သူရဲသည် ကိုယ်ကို မကယ်လွှတ်ရ။

  6. အာမုတ်အနာဂတ္တိကျမ်း 2:15ခရစ်တော် မပေါ်မီ 787 ခန့်

    လေးကိုကိုင်သောသူသည်မရပ်ရ။ လျင်မြန်သောခြေသည် သူရဲသည် ကိုယ်ကိုမကယ်လွှတ်ရ။ မြင်းစီးသူရဲသည်လည်း ကိုယ်ကိုမကယ်လွှတ်ရ။

  7. အာမုတ်အနာဂတ္တိကျမ်း 2:16ခရစ်တော် မပေါ်မီ 787 ခန့်

    ရဲရင့်သော သူရဲသည် ထိုနေ့၌ အဝတ်မပါဘဲ ပြေးသွားရလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

  8. အာမုတ်အနာဂတ္တိကျမ်း 3:1ခရစ်တော် မပေါ်မီ 787 ခန့်

    အိုဣသရေလအမျိုးသားတို့၊ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော အမျိုးသားအပေါင်းတို့၊ သင်တို့ကို ရည်မှတ်၍ ငါထာဝရဘုရား မိန့်တော်မူသောစကားကို နားထောင်ကြလော့။

  9. အာမုတ်အနာဂတ္တိကျမ်း 3:2ခရစ်တော် မပေါ်မီ 787 ခန့်

    မြေကြီးပေါ်မှာနေသော အမျိုးသားအပေါင်းတို့တွင် သင်တို့ တမျိုးတည်းကိုသာ ငါလက်ခံသောကြောင့်၊ သင်တို့အပြစ်ရှိသမျှတို့ကို ငါစစ်ကြောမည်။

  10. အာမုတ်အနာဂတ္တိကျမ်း 3:3ခရစ်တော် မပေါ်မီ 787 ခန့်

    လူနှစ်ဦးသည် သဘောမတူလျှင်၊ ပေါင်းဘော်၍ ခရီးသွားနိုင်သလော။

  11. အာမုတ်အနာဂတ္တိကျမ်း 3:4ခရစ်တော် မပေါ်မီ 787 ခန့်

    ခြင်္သေ့သည် ဘမ်းစရာမရှိလျှင်၊ တော၌ဟောက်လိမ့်မည်လော။ ခြင်္သေ့ပျိုသည် အဘယ်အရာကိုမျှ မဘမ်းမိလျှင်၊ တွင်းထဲက အသံပြုလိမ့်မည်လော။

  12. အာမုတ်အနာဂတ္တိကျမ်း 3:5ခရစ်တော် မပေါ်မီ 787 ခန့်

    မြေပေါ်မှာ ကျော့ကွင်းနှင့်မထောင်လျှင်၊ ငှက်ကို ကျော့မိလိမ့်မည်လော။ ထောင်ထားသော ကျော့ကွင်း၌ အဘယ်အရာကိုမျှ မရမှီထောင်ထားရာအရပ်မှ နှုတ်သွားလိမ့်မည်လော။

  13. အာမုတ်အနာဂတ္တိကျမ်း 3:6ခရစ်တော် မပေါ်မီ 787 ခန့်

    မြို့ထဲမှာ တံပိုးမှုတ်လျှင်၊ မြို့သားတို့သည် မကြောက်မလန့်ဘဲ နေကြလိမ့်မည်လော။ ထာဝရဘုရား စီရင်တော်မမူဘဲ ဘေးတစုံတခုသည် မြို့ထဲမှာ ရောက်လိမ့်မည်လော။

  14. အာမုတ်အနာဂတ္တိကျမ်း 3:7ခရစ်တော် မပေါ်မီ 787 ခန့်

    အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့အား မဘော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ။

  15. အာမုတ်အနာဂတ္တိကျမ်း 3:8ခရစ်တော် မပေါ်မီ 787 ခန့်

    ခြင်္သေ့ဟောက်သောအခါ၊ အဘယ်သူမျှ မကြောက်မလန့်ဘဲ နေလိမ့်မည်နည်း။ အရှင်ထာဝရ ဘုရားမိန့်တော်မူသောအခါ၊ အဘယ်သူသည် ပရောဖက်မပြုဘဲနေလိမ့်မည်နည်း။

  16. အာမုတ်အနာဂတ္တိကျမ်း 3:9ခရစ်တော် မပေါ်မီ 787 ခန့်

    အာဇုတ်မြို့ ဘုံဗိမာန်တို့နှင့် အဲဂုတ္တုပြည်ဘုံဗိမာန်တို့တွင် သိတင်းကြားပြောရမည်မှာ၊ ရှမာရိတောင်တို့ အပေါ်မှာစုဝေး၍၊ ရှမာရိမြို့ထဲမှာ ရုန်းရင်းခတ်ခြင်းအမှုကို၎င်း၊ မြို့ထဲမှာ ညှဉ်းဆဲခံရသောသူတို့ကို၎င်း ကြည့်ရှုကြလော့။

  17. အာမုတ်အနာဂတ္တိကျမ်း 3:10ခရစ်တော် မပေါ်မီ 787 ခန့်

    မြို့သားတို့သည် တရားသောအမှုကို မပြုတတ်၊ အနိုင်အထက်ပြု၍ လုယူသောဥစ္စာကို ဘုံဗိမာန်တို့၌ သိုထားတတ်ကြသည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

  18. အာမုတ်အနာဂတ္တိကျမ်း 3:11ခရစ်တော် မပေါ်မီ 787 ခန့်

    ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရန်သူတို့သည် ရှမာရိပြည်ကိုဝိုင်းပြီးလျှင်၊ သင်၏အစွမ်းသတ္တိကို နှိမ့်ချ၍၊ ဗိမာန်တို့ကို ဖြိုဖျက်ကြလိမ့်မည်။

  19. အာမုတ်အနာဂတ္တိကျမ်း 3:12ခရစ်တော် မပေါ်မီ 787 ခန့်

    ထာဝရဘုရားမိန့်တော်မူသည်ကား၊ သိုးထိန်းသည် ခြင်္သေ့နှုတ်ထဲက ခြေနှစ်ခု၊ သို့မဟုတ်၊ နားရွက် တပိုင်းကို နှုတ်ယူသကဲ့သို့ ရှမာရိမြို့၌ ခုတင်ထောင့်၊ ဒမာသက်မွေ့ရာ ဖုံပေါ်မှာထိုင်သော ဣသရေလအမျိုး သားတို့ကို နှုတ်ယူရလိမ့်မည်။

  20. အာမုတ်အနာဂတ္တိကျမ်း 3:13ခရစ်တော် မပေါ်မီ 787 ခန့်

    ကောင်းကင်ဗိုလ်ခြေကို အစိုးပိုင်သော ဘုရားသခင်၊ အရှင်ထာဝရဘုရားမိန့်တော်မူသောစကားကို သင်တို့သည် နားထောင်၍ ယာကုပ်အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

  21. အာမုတ်အနာဂတ္တိကျမ်း 3:14ခရစ်တော် မပေါ်မီ 787 ခန့်

    အကယ်စင်စစ် ဣသရေလအမျိုး၏ အပြစ်တို့ကို စစ်ကြောသောနေ့၌၊ ဗေသလယဇ်ပလ္လင်တို့ကို ငါစစ် ကြောလျက်၊ ယဇ်ပလ္လင်ဦးချိုတို့ကိုဖြတ်၍ မြေပေါ်သို့ချမည်။

  22. အာမုတ်အနာဂတ္တိကျမ်း 3:15ခရစ်တော် မပေါ်မီ 787 ခန့်

    ဆောင်းကာလ၌ စံသောနန်းတော်နှင့် နွေကာလ၌စံသော နန်းတော်တို့ကို ငါထိခိုက်၍၊ ဆင်စွယ်ဖြင့် ပြီးသော အိမ်တို့ကိုဖျက်ဆီးမည်။ ဘုံဗိမာန်တို့သည်လည်း ဆုံးကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

  23. အာမုတ်အနာဂတ္တိကျမ်း 4:1ခရစ်တော် မပေါ်မီ 787 ခန့်

    ဆင်းရဲသောသူတို့ကို ညှဉ်းဆဲလျက်၊ ငတ်မွတ်သောသူတို့ကိုနှိပ်စက်လျက်၊ မိမိသခင်တို့အား ငါတို့ သောက်ဘို့ယူခဲ့ကြဟုဆိုတတ်လျက်၊ ရှမာရိတောင်ပေါ်မှာနေသော ဗာရှန်နွားတို့၊ ဤစကားတော်ကိုနားထောင် ကြလော့။

  24. အာမုတ်အနာဂတ္တိကျမ်း 4:2ခရစ်တော် မပေါ်မီ 787 ခန့်

    အရှင်ထာဝရဘုရားသည် မိမိသန့်ရှင်းခြင်း ပါရမီတော်ကိုတိုင်တည်၍ ကျိန်ဆိုတော်မူသည်အတိုင်း၊ သင်တို့ကို ငါးမျှားနှင့်၎င်း၊ သင်တို့သားမြေးတို့ကိုပိုက်ကွန်နှင့်၎င်း ဘမ်းဆီးယူသွားရသောကာလ ရောက်လိမ့်မည်။

  25. အာမုတ်အနာဂတ္တိကျမ်း 4:3ခရစ်တော် မပေါ်မီ 787 ခန့်

    သင်တို့သည် အသီးအသီးကိုယ်စီတွေ့သော အပေါက်ဖြင့်ထွက်၍ ရဲတိုက်ထဲသို့ ချခြင်းကိုခံရကြမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။