အကြောင်းအရာသို့ ကျော်သွားရန်

circa 930–586 BC

The Divided Kingdom

The kingdom splits into Israel and Judah; prophets warn of judgment as both nations slowly drift into idolatry and exile.

1,722 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရာဇဝင်ချုပ်ဒုတိယစောင် 20:33ခရစ်တော် မပေါ်မီ 914 ခန့်

    သို့ရာတွင်၊ မြင့်သောအရပ်တို့ကို မပယ်ရှား။ လူများတို့သည် ဘိုးဘေးတို့၏ ဘုရားသခင်ကို ဆည်းကပ် ခြင်းငှါ၊ သဘောမချဘဲနေကြသေး၏။

  2. ရာဇဝင်ချုပ်ဒုတိယစောင် 20:34ခရစ်တော် မပေါ်မီ 914 ခန့်

    ယောရှဖတ်ပြုမူသော အမှုအရာကြွင်းလေသမျှ အစအဆုံးတို့သည်၊ ဣသရေလရာဇဝင်နှင့် ဆက်၍၊ ဟာနန်သားယေဟု စီရင်သောစာ ၌ရေးထားလျက်ရှိ၏။

  3. ရာဇဝင်ချုပ်ဒုတိယစောင် 20:35ခရစ်တော် မပေါ်မီ 896 ခန့်

    နောက်တဖန် ယုဒရှင်ဘုရင် ယောရှဖတ်သည်၊

  4. ရာဇဝင်ချုပ်ဒုတိယစောင် 20:36ခရစ်တော် မပေါ်မီ 896 ခန့်

    တာရှုမြို့သို့သွားရသော သင်္ဘောတို့ကို တည် လုပ်ခြင်းငှါ၊ အလွန်အဓ္ဓမအမှုကိုပြုသော ဣသရေလ ရှင်ဘုရင် အားခဇိနှင့်ပေါင်းဘော်ပြီးလျှင်း၊ ထိုသင်္ဘော တို့ကို ဧဇယုန်ဂါဗာမြို့မှာ တည်လုပ်ကြ၏။

  5. ရာဇဝင်ချုပ်ဒုတိယစောင် 20:37ခရစ်တော် မပေါ်မီ 896 ခန့်

    ထိုအခါ မရေရှမြို့သူ၊ ဒေါဒေဝသား ဧလျေဇက၊ မင်းကြီးသည် အာခဇိနှင့် ပေါင်းဘော်သောကြောင့်၊ ထာဝရဘုရားသည် မင်းကြီးပြုသော အမှုကိုဖျက်တော် မူပြီးဟု ယောရှဖတ်တဘက်၌ ဟောသည်နှင့်အညီ၊ ထိုသင်္ဘောတို့သည် တာရှုမြို့သို့ မသွားနိုင်အောင်ကျိုးပဲ့ ကြ၏။

  6. ရာဇဝင်ချုပ်ဒုတိယစောင် 21:1ခရစ်တော် မပေါ်မီ 889 ခန့်

    ယောရှဖတ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သား တော်ယဟောရံသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

  7. ရာဇဝင်ချုပ်ဒုတိယစောင် 21:2ခရစ်တော် မပေါ်မီ 889 ခန့်

    ယုဒရှင်ဘုရင်ယောရှဖတ်သား၊ ယဟောရံညီဟူ မူကား၊ အာဇရိ၊ ယေယလေ၊ ဇာခရိ၊ အာဇရိ၊ မိက္ခေလ၊ ရှေဖတိတည်း။

  8. ရာဇဝင်ချုပ်ဒုတိယစောင် 21:3ခရစ်တော် မပေါ်မီ 889 ခန့်

    ခမည်းတော်သည်များစွာသော ရွှေငွေဥစ္စာ ရတနာနှင့်တကွ ယုဒပြည်၌ ခိုင်ခံ့သောမြို့တို့ကို သူတို့ အား ပေး၏။ နိုင်ငံကိုကား၊ သားဦး ယဟောရံအား ပေး၏။

  9. ရာဇဝင်ချုပ်ဒုတိယစောင် 21:4ခရစ်တော် မပေါ်မီ 889 ခန့်

    ယဟောရံသည် ခမည်းတော်နိုင်ငံ၌ တည်သော အခါ၊ ကိုယ်ကို ခိုင်ခံ့စေ၍၊ ညီတော်အပေါင်းတို့ကို၎င်း၊ ဣသရေလမှူးတော် မယ်တော်တချို့တို့ကို၎င်း၊ ထားနှင့် သတ်လေ၏။

  10. ရာဇဝင်ချုပ်ဒုတိယစောင် 21:5ခရစ်တော် မပေါ်မီ 892 ခန့်

    ယဟောရံသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ရှစ်နှစ်စိုးစံလေ၏။

  11. ရာဇဝင်ချုပ်ဒုတိယစောင် 21:6ခရစ်တော် မပေါ်မီ 892 ခန့်

    အာဟပ်သမီးနှင့်စုံဘက်သဖြင့်၊ ဣသရေလ ရှင်ဘုရင်တို့လိုက်ရာ လမ်းသို့ အာဟပ်အမျိုးကဲ့သို့ လိုက်၍၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။

  12. ရာဇဝင်ချုပ်ဒုတိယစောင် 21:7ခရစ်တော် မပေါ်မီ 892 ခန့်

    သို့ရာတွင် ထာဝရဘုရားသည် ဒါဝိဒ်အစရှိသော သားမြေးတို့၏ မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ဂတိတော်ရှိ၍၊ ဒါဝိဒ်နှင့်ပဋိညာဉ် ဖွဲ့တော်မူသောကြောင့်၊ သူ၏အမျိုးကို မဖျက်ဆီးဘဲ ထားတော်မူ၏။

  13. ရာဇဝင်ချုပ်ဒုတိယစောင် 21:8ခရစ်တော် မပေါ်မီ 889 ခန့်

    ထိုမင်းလက်ထက်၌၊ ဧဒုံပြည်သားတို့သည် ယုဒ ရှင်ဘုရင်ကို ပုန်ကန်၍၊ ကိုယ်အမျိုးသားကို ရှင်ဘုရင် အရာ၌ ချီးမြှောက်ကြ၏။

  14. ရာဇဝင်ချုပ်ဒုတိယစောင် 21:9ခရစ်တော် မပေါ်မီ 889 ခန့်

    ယဟောရံမင်းသည် မှူးမတ်များ၊ ရထားစီးသူရဲများအပေါင်းတို့နှင့်တကွ စစ်ချီ၍၊ ညဉ့်အခါ ဝိုင်းသော ဧဒုံလူများ၊ ရထားအုပ်များကို လုပ်ကြံလေ၏။

  15. ရာဇဝင်ချုပ်ဒုတိယစောင် 21:10ခရစ်တော် မပေါ်မီ 889 ခန့်

    သို့သော်လည်း၊ ဧဒုံပြည်သားတို့သည် ယနေ့ တိုင်အောင် ယုဒရှင်ဘုရင်ကိုပုန်ကန်ကြ၏။ ထိုကာလ၌၊ လိဗနပြည်သည်လည်း ပုန်ကန်၏အကြောင်းမူကား၊ ယဟောရံသည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား ကို စွန့်၍၊

  16. ရာဇဝင်ချုပ်ဒုတိယစောင် 21:11ခရစ်တော် မပေါ်မီ 889 ခန့်

    ယုဒတောင်တို့ အပေါ်မှာ၊ မြင့်သောအရပ်တို့ကို တည်လုပ်သဖြင့်၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ သည် တပါးအမျိုးသားတို့၏ ဘုရားနှင့် မှားယွင်းရမည် အကြောင်း၊ အနိုင်အထက်ပြုသတည်း။

  17. ရာဇဝင်ချုပ်ဒုတိယစောင် 21:12ခရစ်တော် မပေါ်မီ 888 ခန့်

    ပရောဖက်ဧလိယ ပေးလိုက်သောစာသည် ထိုမင်းထံသို့ ရောက်သဖြင့်၊ သင့်အဘဒါဝိဒ်၏ ဘုရား သခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ခမည်းတော်ယောရှဖတ်လမ်းနှင့် ယုဒရှင်ဘုရင်အာသ လမ်းသို့ မလိုက်၊

  18. ရာဇဝင်ချုပ်ဒုတိယစောင် 21:13ခရစ်တော် မပေါ်မီ 888 ခန့်

    ဣသရေလရှင်ဘုရင်တို့ လမ်းသို့လိုက်သော ကြောင့်၎င်း၊ အာဟပ်အမျိုး မှားယွင်းသည်နည်းတူ ယုဒ ပြည်သူ၊ ယေရုရှလင်မြို့သားတို့သည်၊ တပါးအမျိုးသားတို့ ၏ ဘုရားနှင့်မှားယွင်းရမည် အကြောင်းပြုသောကြောင့်၎င်း၊ ကိုယ်ထက်သာ၍ကောင်းသော ညီရင်းတို့ကို သတ် သောကြောင့်၎င်း၊

  19. ရာဇဝင်ချုပ်ဒုတိယစောင် 21:14ခရစ်တော် မပေါ်မီ 888 ခန့်

    ထာဝရဘုရားသည် သင်၏လူများ၊ သင်၏သား မယားများ၊ သင်၏ဥစ္စာရှိသမျှကို ကြီးစွာသောဘေးဖြင့် ဒဏ်ခတ်တော်မူမည်။

  20. ရာဇဝင်ချုပ်ဒုတိယစောင် 21:15ခရစ်တော် မပေါ်မီ 888 ခန့်

    သင့်အူသည် တနေ့ထက်တနေ့ထွက်အောင်၊ ဝမ်းထဲ၌ ပြင်းစွာ သောအနာရောဂါစွဲလိမ့်မည်ဟု စာ၌ပါသတည်း။

  21. ရာဇဝင်ချုပ်ဒုတိယစောင် 21:16ခရစ်တော် မပေါ်မီ 887 ခန့်

    ထိုနောက်မှ၊ ထာဝရဘုရားသည် ဖိလိတ္တိလူ၊ ကုရှပြည်နှင့်နီးသော အာရပ်လူတို့ကို၊ ယဟောရံမင်း တဘက် နှိုးဆော်တော်မူသဖြင့်၊

  22. ရာဇဝင်ချုပ်ဒုတိယစောင် 21:17ခရစ်တော် မပေါ်မီ 887 ခန့်

    သူတို့သည် ယုဒပြည်သို့ချီလာ၍ လုပ်ကြံကြ၏။ နန်းတော်၌တွေ့သမျှသော ဥစ္စာများနှင့် ရှင်ဘုရင်၏ သားမယားများတို့ကို သိမ်းသွားကြသဖြင့်၊ အထွေးဆုံး သောသား အာခဇိမှတပါး၊ တယောက်မျှမကျန်ကြွင်း။

  23. ရာဇဝင်ချုပ်ဒုတိယစောင် 21:18ခရစ်တော် မပေါ်မီ 887 ခန့်

    နောက်တဖန် မပျောက်နိုင်သောဝမ်းနာဖြင့် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူ၏။

  24. ရာဇဝင်ချုပ်ဒုတိယစောင် 21:19ခရစ်တော် မပေါ်မီ 887 ခန့်

    ရှင်ဘုရင်သည် တာရှည်စွာနာ၍၊ နှစ်နှစ်စေ့ သောအခါ၊ အနာပြင်းထန်သောကြောင့်၊ အူထွက်၍ အသက်ချုပ်လေ၏။ ပြည်သားတို့ သည်ဘိုးတော် ဘေးတော်တို့အဘို့ မီးရှို့ခြင်းကိုပြုသကဲ့သို့၊ ထိုမင်း အဘို့မပြု။

  25. ရာဇဝင်ချုပ်ဒုတိယစောင် 21:20ခရစ်တော် မပေါ်မီ 885 ခန့်

    ယဟောရံသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ရှစ်နှစ်စိုးစံပြီးမှ၊ အဘယ် သူမျှ မနှမြောဘဲသေသွား၏။ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်သော် လည်း၊ ရှင်ဘုရင်တို့ သင်္ချိုင်း၌မသင်္ဂြိုဟ်ကြ။