- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 930–586 BC
The Divided Kingdom
The kingdom splits into Israel and Judah; prophets warn of judgment as both nations slowly drift into idolatry and exile.
ဤကာလမှ အခန်းငယ်များ
- ရာဇဝင်ချုပ်ဒုတိယစောင် 23:14ခရစ်တော် မပေါ်မီ 878 ခန့်
ယဇ်ပုရောဟိတ်ယောယဒကလည်း။ ဗိမာန်တော် ထဲမှာ မသေစေနှင့်။ တပ်ပြင်သို့ ထုတ်ကြ။ သူ့ဘက်မှာ နေသောသူကိုထားနှင့် သတ်ကြ ဟုလူတရာအုပ်တပ်မှူး တို့ကို မှာထားနှင့်သည်အတိုင်း၊
- ရာဇဝင်ချုပ်ဒုတိယစောင် 23:15ခရစ်တော် မပေါ်မီ 878 ခန့်
အာသလိကို ဘမ်းဆီးလျက်၊ နန်းတော်သို့ သွားသော မြင်းလမ်းဝသို့ ရောက်သောအခါ သတ်ကြ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 23:16ခရစ်တော် မပေါ်မီ 878 ခန့်
ရှင်ဘုရင်နှင့် လူအပေါင်းတို့သည် ထာဝရ ဘုရား၏လူဖြစ်ရမည်အကြောင်း၊ ယောယဒသည် မိမိထံ၌ ပဋိညာဉ်ဖွဲ့စေ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 23:17ခရစ်တော် မပေါ်မီ 878 ခန့်
လူအပေါင်းတို့သည် ဗာလကျောင်းသို့သွား၍ ဖြိုဖျက်ကြ၏။ ယဇ်ပလ္လင်များနှင့် ရုပ်တုများကိုချိုးဖဲ့၍၊ ယဇ်ပလ္လင်တို့ရှေ့မှာ ဗာလယဇ်ပုရော ဟိတ်မဿန်ကို သတ်ကြ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 23:18ခရစ်တော် မပေါ်မီ 878 ခန့်
မောရှေပညတ္တိကျမ်း၌ ပါသည်အတိုင်း၊ ထာဝရ ဘုရားအား မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်း၊ ဒါဝိဒ်စီရင် သည်အတိုင်း၊ ရွှင်လန်းစွာသီချင်းဆိုခြင်းအမှုကို ပြုစေ ခြင်းငှါ၊ ဗိမာန်တော်၌ ဒါဝိဒ်ခွဲထားသော ယဇ်ပုရောဟိတ် လေဝိသားတို့သည် ဗိမာန်တော်မှုများကို ဆောင်ရွက်မည် အကြောင်း၊ ယောယဒစီရင်လေ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 23:19ခရစ်တော် မပေါ်မီ 878 ခန့်
မသန့်ရှင်းသော လက္ခဏာတစုံတခုရှိသော သူကို မဝင်စေခြင်းငှါ။ ဗိမာန်တော်တံခါးစောင့်တို့ကိုလည်း ခန့်ထားလေ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 23:20ခရစ်တော် မပေါ်မီ 878 ခန့်
လူတရာအုပ်၊ မှူးမတ်၊ အကြီးအကဲ၊ ပြည်သူ ပြည်သားအပေါင်းတို့ကို ခေါ်လျက်၊ မြင့်သော တံခါးလမ်း ဖြင့်၊ ရှင်ဘုရင်ကို ဗိမာန်တော်မှ နန်းတော်သို့ပို့ဆောင်၍၊ ရာဇပလ္လင်တော်ပေါ်မှာ တင်ကြ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 23:21ခရစ်တော် မပေါ်မီ 878 ခန့်
နန်းတော်နားမှာ အာသလိကို သတ်ပြီးမှ၊ ပြည်သူပြည်သားအပေါင်းတို့သည် ဝမ်းမြောက်၍၊ တမြို့လုံး၌လည်း ငြိမ်ဝပ်ခြင်းရှိ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 24:1ခရစ်တော် မပေါ်မီ 878 ခန့်
ယောရှသည် အသက်ခုနစ်နှစ်ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင်မြို့၌ အနှစ်လေးဆယ်စိုးစံ၏။ မယ်တော် ကား၊ ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 24:2ခရစ်တော် မပေါ်မီ 878 ခန့်
ယဇ်ပုရောဟိတ်ယောယဒလက်ထက် ကာလပတ် လုံး၊ ယောရှသည် ထာဝရဘုရားရှေ့တော်၌ တရားသော အမှုကို ပြု၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 24:3ခရစ်တော် မပေါ်မီ 878 ခန့်
ယောယဒပေးစားသော မိန်းမနှစ်ယောက်နှင့် စုံဘက်၍ သားသမီးတို့ကို မြင်ရ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 24:4ခရစ်တော် မပေါ်မီ 856 ခန့်
ထိုနောက်မှ၊ ယောရှသည် ဗိမာန်တော်ကို ပြုပြင်မည် အကြံရှိလျက်၊
- ရာဇဝင်ချုပ်ဒုတိယစောင် 24:5ခရစ်တော် မပေါ်မီ 856 ခန့်
ယဇ်ပုရောဟိတ် လေဝိသားတို့ကို စုဝေးစေ၍၊ သင်တို့ဘုရား သခင်၏အိမ်တော်ကို ပြုပြင်ခြင်းငှါ၊ ယုဒမြို့ တို့ကို လှည့်လည်သဖြင့်၊ နှစ်တိုင်းအစဉ် ဣသရေလ လူအပေါင်းတို့မှ ငွေကိုခံယူ၍၊ အမှုပြီးအောင် ကြိုးစား အားထုတ်ကြလော့ဟုမိန့်တော်မူ၏။ သို့သော်လည်း၊ လေဝိသားတို့သည် မကြိုးစားဘဲနေကြ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 24:6ခရစ်တော် မပေါ်မီ 856 ခန့်
တဖန်ရင်သည် ယဇ်ပုရောဟိတ်အကြီး ယောဒ ကို ခေါ်၍၊ သက်သေခံတော်မူချက် တဲတော်အဘို့၊ ထာဝရဘုရား၏ကျွန် မောရှေနှင့် စည်းဝေးရာ ဣသ ရေလပရိတ်သတ်ပြုသည်နည်းတူ၊ လေဝိသားတို့သည် ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်တို့မှ ငွေကို ခံယူ၍ဆောင်ခဲ့မည်အကြောင်း၊ အဘယ်ကြောင့် မမှာ ထားဘဲနေသနည်းဟု မေးတော်မူ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 24:7ခရစ်တော် မပေါ်မီ 856 ခန့်
အဓမ္မမိန်းမအာသလိ၏သားတို့သည် ဗိမာန် တော်ကို ဖြိုဖျက်၍၊ ဗိမာန်တော်၌ ပူဇော်သော ဘဏ္ဍာ ရှိသမျှတို့ကိုလည်း ဗာလဘုရားတို့အား ပူဇော်ကြ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 24:8ခရစ်တော် မပေါ်မီ 856 ခန့်
ရှင်ဘုရင်အမိန့်တော်အတိုင်း သေတ္တာကိုလုပ်၍၊ ဗိမာန်တော်ပြင်၊ တံခါးနားမှာ ထားကြ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 24:9ခရစ်တော် မပေါ်မီ 856 ခန့်
ဘုရားသခင်၏ကျွန် မောရှေသည်တောမှာ ဣသရေလအမျိုး၌ ငွေခွဲသည်အတိုင်း၊ ထာဝရဘုရား ထံတော်သို့ ဆောင်ခဲ့ရမည်ဟု ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်၌ ကြော်ငြာကြ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 24:10ခရစ်တော် မပေါ်မီ 856 ခန့်
မင်းများနှင့်ပြည်သူပြည်သားများ အပေါင်းတို့ သည်၊ ဝမ်းမြောက်သောစိတ်နှင့် ဆောင်ခဲ့၍၊ လက် စသတ်သည်တိုင်အောင် သေတ္တာထဲသို့ သွင်းထားကြ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 24:11ခရစ်တော် မပေါ်မီ 856 ခန့်
ထိုသေတ္တာကို လေဝိသားတို့သည် ဘဏ္ဍာတော် တိုက်ထဲသို့သွင်း၍၊ ငွေများသည်ကို သိမြင်လျှင်၊ ရှင်ဘုရင် ၏စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်း၏စာရေး သည်လာ၍၊ ငွေကိုထုတ်ယူပြီးမှ၊ သေတ္တာကို သူ့နေရာ၌ ထားပြန်၏။ ထိုသို့နေ့တိုင်းပြု၍ များစွာသောငွေကို စုထားကြ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 24:12ခရစ်တော် မပေါ်မီ 856 ခန့်
ရှင်ဘုရင်နှင့်ယောယဒသည် ဗိမာန်တော်၏ အမှုတော်စောင့်တို့၌ ထိုငွေကိုအပ်၍ ဗိမာန်တော်ကို ပြုပြင်စေခြင်းငှါ၊ ပန်းရန်သမား၊ လက်သမား၊ ပန်းပဲသမား၊ ပန်းတဉ်းသမား တို့အား ပေးဝေကြ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 24:13ခရစ်တော် မပေါ်မီ 856 ခန့်
အလုပ်လုပ်သော သူတို့သည် ကြိုးစား၍ ပြုပြင် သဖြင့်၊ ဗိမာန်တော်ကို ပကတိအဖြစ်၌ ခိုင်ခံ့စေကြ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 24:14ခရစ်တော် မပေါ်မီ 856 ခန့်
လက်စသတ်သောအခါ၊ ကျန်ကြွင်းသောငွေကို ရှင်ဘုရင်နှင့် ယောယဒထံသို့ ယူခဲ့၍၊ ထိုငွေနှင့် ဗိမာန် တော်၌ အမှုတော်ကို ဆောင်ရွက်ပူဇော်ရန် တန်ဆာ၊ ရွှေဖလား၊ ငွေဖလား၊ ဇွန်းများကိုလုပ်ကြ၏။ ယောယဒ လက်ထက်ကာလပတ်လုံး၊ ဗိမာန်တော်၌ မီးရှို့ရာယဇ်ကို အစဉ်ပူဇော်ကြ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 24:15ခရစ်တော် မပေါ်မီ 842 ခန့်
ယောယဒသည် အို၍ကာလပြည့်စုံရာရောက် လျက်၊ အသက်တရာသုံးဆယ်ရှိသော်သေ၍၊
- ရာဇဝင်ချုပ်ဒုတိယစောင် 24:16ခရစ်တော် မပေါ်မီ 842 ခန့်
ဒါဝိဒ်မြို့မှာ ရှင်ဘုရင်တို့တွင် သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ အကြောင်းမူကား၊ ဣသရေလအမျိုးတွင် ဘုရားသခင်၌၎င်း၊ အိမ်တော်၌၎င်း၊ ကျေးဇူးပြုသောသူ ဖြစ်သတည်း။
- ရာဇဝင်ချုပ်ဒုတိယစောင် 24:17ခရစ်တော် မပေါ်မီ 842 ခန့်
ယောယဒသေသောနောက်၊ ယုဒမင်းတို့သည် ရှင်ဘုရင်ထံတော်သို့ လာ၍ရှိခိုးကြ၏။ သူတို့စကားကို ရှင်ဘုရင်နားထောင်သဖြင့်၊