အကြောင်းအရာသို့ ကျော်သွားရန်

circa 1446 BC

Sinai & The Law

God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.

1,657 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထွက်မြောက်ရာကျမ်း 28:5ခရစ်တော် မပေါ်မီ 1491 ခန့်

    ရွှေနှင့်ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကို ယူရမည်။

  2. ထွက်မြောက်ရာကျမ်း 28:6ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုရွှေအစရှိသည်တို့နှင့် သင်တိုင်းကို ထူးဆန်းစွာ လုပ်ရမည်။

  3. ထွက်မြောက်ရာကျမ်း 28:7ခရစ်တော် မပေါ်မီ 1491 ခန့်

    သိုင်းကြိုးနှစ်ပင်ရှိ၍၊ သင်တိုင်းအပေါ် နားချင်းတွဲမိစေခြင်းငှာ၊ တဘက်တချက်ကို ဆွဲချုပ်ရမည်။

  4. ထွက်မြောက်ရာကျမ်း 28:8ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တိုင်းအပေါ်နား၌ ထူးဆန်းသော ရင်စည်းကိုလည်း၊ သင်တိုင်းကိုယ်ကဲ့သို့ ရွှေနှင့်၎င်း၊ ပြာ သောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကို၎င်း လုပ်ရမည်။

  5. ထွက်မြောက်ရာကျမ်း 28:9ခရစ်တော် မပေါ်မီ 1491 ခန့်

    ရှဟံကျောက်နှစ်လုံးကိုယူ၍၊ ဣသရေလအမျိုးတဆယ်နှစ်မျိုးကို၊

  6. ထွက်မြောက်ရာကျမ်း 28:10ခရစ်တော် မပေါ်မီ 1491 ခန့်

    အသက်အကြီးအငယ် အလိုက်၊ ကျောက်နှစ်လုံးပေါ်မှာ အမျိုးနာမည်ခြောက်ခုစီ အက္ခရာ တင်ရမည်။

  7. ထွက်မြောက်ရာကျမ်း 28:11ခရစ်တော် မပေါ်မီ 1491 ခန့်

    တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ကျောက်လုပ်သော အလုပ်နှင့်တကွ၊ဣသရေလအမျိုး၏ နာမည် တို့ကို ထိုကျောက်နှစ်လုံးအပေါ်မှာ အက္ခရာတင်၍ ရွှေကျောက်အိုး၌ ထည့်ရမည်။

  8. ထွက်မြောက်ရာကျမ်း 28:12ခရစ်တော် မပေါ်မီ 1491 ခန့်

    ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းငှါ၊ ထိုကျောက်နှစ်လုံးကို သင်တိုင်းသိုင်းကြိုးပေါ်မှာ တပ်ရမည်။ ထိုသို့ ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းငှါ၊ သူတို့နာမည်များကို အာရုန် သည် ထာဝရဘုရားရှေ့တော်၌ မိမိပခုံးပေါ်မှာ ဆောင်ရမည်။

  9. ထွက်မြောက်ရာကျမ်း 28:13ခရစ်တော် မပေါ်မီ 1491 ခန့်

    ကျောက်အိုးတို့ကို ရွှေနှင့်လုပ်ရမည်။

  10. ထွက်မြောက်ရာကျမ်း 28:14ခရစ်တော် မပေါ်မီ 1491 ခန့်

    အဆုံးနှင့်တပ်ရသော ကြိုးနှစ်ပင်တို့ကို ရွှေစင်နှင့်ကျစ်၍ လုပ်ပြီးမှ ကျောက်အိုး၌ တွဲရမည်။

  11. ထွက်မြောက်ရာကျမ်း 28:15ခရစ်တော် မပေါ်မီ 1491 ခန့်

    ရွှေနှင့်၎င်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်၎င်း၊ သင်တိုင်းကို လုပ်သည်နည်းတူ၊ ဗျာဒိတ် ရင်ဖုံးကို ထူးဆန်းစွာ လုပ်ရမည်။

  12. ထွက်မြောက်ရာကျမ်း 28:16ခရစ်တော် မပေါ်မီ 1491 ခန့်

    နှစ်ထပ်ခေါက်လျက်၊ အလျားတထွာ၊ အနံတထွာ၊ စတုရန်း လေးထောင့် ဖြစ်ရမည်။

  13. ထွက်မြောက်ရာကျမ်း 28:17ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုရင်ဖုံး၌ ကျောက်မြတ်ကို လေးတန်းစီရမည်။ ပဌမအတန်းကား၊ ကျောက်နီ၊ ဥဿဖရား၊ ပတ္တမြား၊

  14. ထွက်မြောက်ရာကျမ်း 28:18ခရစ်တော် မပေါ်မီ 1491 ခန့်

    ဒုတိယအတန်းကား၊ မြ၊ နီလာ၊ စိန်၊

  15. ထွက်မြောက်ရာကျမ်း 28:19ခရစ်တော် မပေါ်မီ 1491 ခန့်

    တတိယအတန်းကား၊ ဝှါကိန္တုမဟူရာ၊ ဂေါ်မိတ်။

  16. ထွက်မြောက်ရာကျမ်း 28:20ခရစ်တော် မပေါ်မီ 1491 ခန့်

    စတုတ္ထအတန်းကား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့ဖြစ်၍၊ အသီးအသီးတို့ကို ရွှေအိုး၌ စီရမည်။

  17. ထွက်မြောက်ရာကျမ်း 28:21ခရစ်တော် မပေါ်မီ 1491 ခန့်

    ဣသရေလအမျိုး တဆယ်နှစ်မျိုး ရှိသည်အတိုင်း၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ထိုကျောက် တို့၌၊ ထိုတဆယ့်နှစ်ပါးသော နာမည်အသီးသီးတို့ကို တင်လျက်၊

  18. ထွက်မြောက်ရာကျမ်း 28:22ခရစ်တော် မပေါ်မီ 1491 ခန့်

    ကျောက်တလုံးလျှင် နာမည်တပါးစီပါရမည်။

  19. ထွက်မြောက်ရာကျမ်း 28:23ခရစ်တော် မပေါ်မီ 1491 ခန့်

    ရင်ဖုံးအပေါ် ထောင့်နှစ်ခု၌ ရွှေနှစ်ကွင်းကို၎င်း၊

  20. ထွက်မြောက်ရာကျမ်း 28:24ခရစ်တော် မပေါ်မီ 1491 ခန့်

    ကျစ်သော ရွှေကြိုးနှစ်ပင်ကို၎င်း လုပ်ပြီးမှ၊ ထိုရွှေနှစ်ကွင်း၌ တပ်၍၊

  21. ထွက်မြောက်ရာကျမ်း 28:25ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တိုင်း သိုင်းကြိုးပေါ်မှာရှိသော ကျောက်အိုးတို့၌ တွဲရမည်။

  22. ထွက်မြောက်ရာကျမ်း 28:26ခရစ်တော် မပေါ်မီ 1491 ခန့်

    တဖန် ရွှေနှစ်ကွင်းကိုလုပ်၍ သင်တိုင်းအောက်နားမှာရှိသော ရင်ဖုံးအောက် ထောင့်နှစ်ခု၌ တပ်ရမည်။

  23. ထွက်မြောက်ရာကျမ်း 28:27ခရစ်တော် မပေါ်မီ 1491 ခန့်

    အခြားသော ရွှေနှစ်ကွင်းကိုလည်း လုပ်၍၊ သင်တိုင်းရှေ့ဘက်အောက်နား၌ ထူးဆန်းသော ရင်စည်း အပေါ်နားဆက်မှီရာတွင်၊ သင်တိုင်းကိုယ် တဘက်တချက်၌ တပ်ရမည်။

  24. ထွက်မြောက်ရာကျမ်း 28:28ခရစ်တော် မပေါ်မီ 1491 ခန့်

    ရင်ဖုံးရွှေနှစ်ကွင်းကို သင်တိုင်း ရွှေနှစ်ကွင်းနှင့်တွဲ၍၊ ပြာသောကြိုးဖြင့် ပြီးစေရမည်။ ထိုသို့ ရင်ဖုံးကို ထူးဆန်းသော ရင်စည်းအပေါ်နားမှာ ဆွဲ၍၊ သင်တိုင်းနှင့်မကွာ အမြဲရှိစေရမည်။

  25. ထွက်မြောက်ရာကျမ်း 28:29ခရစ်တော် မပေါ်မီ 1491 ခန့်

    အာရုန်သည်လည်း၊ သန့်ရှင်းရာအရပ်ဌာနတော်ထဲသို့ ဝင်သောအခါ၊ ဣသရေလအမျိုးသားတို့ကို ထာဝရဘုရား အစဉ်အောက်မေ့တော်မူစေခြင်းငှါ၊ ဗျာဒိတ်ရင်ဖုံး၌ပါသော သူတို့နာမည်များကို မိမိနှလုံးပေါ်မှာ ဆောင်ရမည်။