အကြောင်းအရာသို့ ကျော်သွားရန်

circa 1446 BC

Sinai & The Law

God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.

1,657 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထွက်မြောက်ရာကျမ်း 26:13ခရစ်တော် မပေါ်မီ 1491 ခန့်

    အပေါ်တဲ၌ပိုသော ကုလားကာ အလျားနှစ်တောင်တွင်၊ တဲတော်ဖုံးအုပ်ဘို့ တဘက်တချက် တတောင်စီ တွဲလွဲဆွဲထားရမည်။

  2. ထွက်မြောက်ရာကျမ်း 26:14ခရစ်တော် မပေါ်မီ 1491 ခန့်

    အပေါ်တဲဖုံးအုပ်ဘို့ အနီးဆုံးသောသိုးရေကို၎င်း၊ ထိုသိုးရေအပေါ်၌ တဟာရှသားရေကို၎င်း လုပ်ရမည်။

  3. ထွက်မြောက်ရာကျမ်း 26:15ခရစ်တော် မပေါ်မီ 1491 ခန့်

    တဲတော်ကာရန်ထောင်ထားရသော အကာရှပျဉ်ပြားတို့ကိုလည်း လုပ်ရမည်။

  4. ထွက်မြောက်ရာကျမ်း 26:16ခရစ်တော် မပေါ်မီ 1491 ခန့်

    ပျဉ်ပြားသည် အလျားဆယ်တောင်၊ အနံတတောင်ထွာ ရှိရမည်။

  5. ထွက်မြောက်ရာကျမ်း 26:17ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုပျဉ်ပြားရှိသမျှတို့၌ ခြေထောက်နှစ်ခုစီ တတန်းတည်းရှိစေခြင်းငှာ လုပ်ရမည်။

  6. ထွက်မြောက်ရာကျမ်း 26:18ခရစ်တော် မပေါ်မီ 1491 ခန့်

    တဲတော်တောင်ဘက်၌ ကာရန်ပျဉ်ပြား နှစ်ဆယ်ကို လုပ်ရမည်။

  7. ထွက်မြောက်ရာကျမ်း 26:19ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုပျဉ်ပြားနှစ်ဆယ်တွင်၊ တပြားတပြားအောက်၌ ခြေထောက်နှစ်ခုစီစွပ်စရာဘို့ ငွေခြေစွပ် လေးဆယ်ကို လုပ်ရမည်။

  8. ထွက်မြောက်ရာကျမ်း 26:20ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုအတူ တဲတော်မြောက်ဘက်၌ ကာရန်ပျဉ်ပြား နှစ်ဆယ်ရှိရမည်။

  9. ထွက်မြောက်ရာကျမ်း 26:21ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုပျဉ်ပြား၌လည်း ငွေခြေစွပ်လေးဆယ်၊ တပြားနှစ်ခုစီရှိရမည်။

  10. ထွက်မြောက်ရာကျမ်း 26:22ခရစ်တော် မပေါ်မီ 1491 ခန့်

    တဲတော်အနောက်ဘက်၌ ကာရန် ပျဉ်ပြားခြောက်ပြားကို၎င်း၊

  11. ထွက်မြောက်ရာကျမ်း 26:23ခရစ်တော် မပေါ်မီ 1491 ခန့်

    ထောင့်တဘက်တချက်၌ ကာရန် ပျဉ်ပြားနှစ်ပြားကို၎င်း လုပ်ရမည်။

  12. ထွက်မြောက်ရာကျမ်း 26:24ခရစ်တော် မပေါ်မီ 1491 ခန့်

    အထက်၌၎င်း၊ အောက်၌၎င်း၊ ကွင်းကိုတပ်၍ စေ့စပ်လျက် ထောင့်နှစ်ခုကို ပြီးစေရမည်။

  13. ထွက်မြောက်ရာကျမ်း 26:25ခရစ်တော် မပေါ်မီ 1491 ခန့်

    ပျဉ်ပြားရှစ်ပြား၊ ငွေခြေစွပ်ဆယ်ခြောက်ခု၊ တပြားနှစ်ခုစီ ရှိရမည်။

  14. ထွက်မြောက်ရာကျမ်း 26:26ခရစ်တော် မပေါ်မီ 1491 ခန့်

    တဲတော်၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ အကာရှသား ကန့်လန့်ကျင်တို့ကို တဘက်ငါးချောင်းစီ လုပ်ရမည်။

  15. ထွက်မြောက်ရာကျမ်း 26:27ခရစ်တော် မပေါ်မီ 1491 ခန့်

    တဲတော်နောက်ဖေး၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ ကန့်လန့်ကျင်ငါးချောင်းကိုလည်း လုပ်ရမည်။

  16. ထွက်မြောက်ရာကျမ်း 26:28ခရစ်တော် မပေါ်မီ 1491 ခန့်

    အလယ်ကန့်လန့်ကျင်ကို၊ ထောင့်တဘက်တချက်၌ ဆုံးစေရမည်။

  17. ထွက်မြောက်ရာကျမ်း 26:29ခရစ်တော် မပေါ်မီ 1491 ခန့်

    ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံရမည်။ ကန့်လန့်ကျင်လျှိုဘို့ရာ ရွှေကွင်းကိုလည်း လုပ်၍၊ ကန့်လန့်ကျင်တို့ကို ရွှေနှင့်မွမ်းမံရမည်။

  18. ထွက်မြောက်ရာကျမ်း 26:30ခရစ်တော် မပေါ်မီ 1491 ခန့်

    တောင်ပေါ်မှာ သင့်အားပြသောပုံနှင့်အညီ၊ တဲတော်ကို တည်ဆောက်ရမည်။

  19. ထွက်မြောက်ရာကျမ်း 26:31ခရစ်တော် မပေါ်မီ 1491 ခန့်

    တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ကုလားကာတထည်ကို ချုပ်ရမည်။

  20. ထွက်မြောက်ရာကျမ်း 26:32ခရစ်တော် မပေါ်မီ 1491 ခန့်

    ရွှေချသော အကာရှသား တိုင်လေးတိုင်အပေါ်မှာ၊ ထိုကုလားကာကို ဆွဲထားရမည်။ ထိုတိုင်တို့သည် ရွှေတံစို့နှင့်၎င်း၊ ငွေခြေစွပ်လေးခုနှင့်၎င်း ပြည့်စုံရမည်။

  21. ထွက်မြောက်ရာကျမ်း 26:33ခရစ်တော် မပေါ်မီ 1491 ခန့်

    သက်သေခံချက်ထားသော သေတ္တာကို၊ ကုလားကာအတွင်းသို့ သွင်းစရာဘို့ ထိုကုလားကာကို ရွှေချောင်းဖြင့် ဆွဲကာ၍၊ ဟဂျာအရပ်၊ ဟဂျာဟဂျုံအရပ် နှစ်ပါးစပ်ကြား၌ အပိုင်းအခြား ဖြစ်ရမည်။

  22. ထွက်မြောက်ရာကျမ်း 26:34ခရစ်တော် မပေါ်မီ 1491 ခန့်

    ဟဂျာဟဂျုံ အရပ်၌ သက်သေခံချက်သေတ္တာအပေါ်မှာ၊ သေတ္တာအဖုံးကို တင်ထားရမည်။

  23. ထွက်မြောက်ရာကျမ်း 26:35ခရစ်တော် မပေါ်မီ 1491 ခန့်

    ကုလားကာပြင်မှာ စားပွဲကို ထားရမည်။ တဲတောင်တောင်ဘက်နားမှာ မီးခုံကို၎င်း၊ မြောက်ဘက်နားမှာ စားပွဲကို၎င်း၊ တဘက်နှင့်တဘက် ဆိုင်မိအောင် ထားရမည်။

  24. ထွက်မြောက်ရာကျမ်း 26:36ခရစ်တော် မပေါ်မီ 1491 ခန့်

    တဲတော်တံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့် ပြီး၍၊ ချယ်လှယ်သော ကုလားကာတထည်ကို လုပ်ရမည်။

  25. ထွက်မြောက်ရာကျမ်း 26:37ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုကုလားကာဘိုပ ရွှေတံစို့နှင့်ပြည့်စုံသော အကာရှတိုင်ငါးတိုင်ကို လုပ်၍ ရွှေနှင့်မွမ်းမံရမည်။ ကြေးဝါခြေစွပ်ငါးခုကိုလည်း သွန်းရမည်။