အကြောင်းအရာသို့ ကျော်သွားရန်

circa 1446 BC

Sinai & The Law

God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.

1,657 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထွက်မြောက်ရာကျမ်း 27:1ခရစ်တော် မပေါ်မီ 1491 ခန့်

    တနည်းကား၊ အလျားငါးတောင်၊ အနံငါးတောင်ရှိ၍ စတုရန်းလေးထောင့်ဖြစ်သော ယဇ်ပလ္လင်ကို၊ အကာရှသားနှင့်လုပ်ရမည်။ အမြင့်လည်း သုံးတောင်ရှိရမည်။

  2. ထွက်မြောက်ရာကျမ်း 27:2ခရစ်တော် မပေါ်မီ 1491 ခန့်

    ယဇ်ပလ္လင် လေးထောင့်အပေါ်မှာ၊ ဦးချိုလေးချောင်းကို အကာရှသားနှင့်လုပ်၍ ကြေးဝါနှင့် မွမ်းမံရမည်။

  3. ထွက်မြောက်ရာကျမ်း 27:3ခရစ်တော် မပေါ်မီ 1491 ခန့်

    ပြာခံစရာအိုးနှင့်တကွ တူးရွင်းပြား၊ အင်တုံ၊ အမဲသားချိတ်၊ လင်ပန်း အစရှိသော ယဇ်ပလ္လင်နှင့် ဆိုင်သော တန်ဆာရှိသမျှတို့ကို ကြေးဝါနှင့် လုပ်ရမည်။

  4. ထွက်မြောက်ရာကျမ်း 27:4ခရစ်တော် မပေါ်မီ 1491 ခန့်

    ကြေးဝါ ဆန်ခါကို၎င်း၊ ဆန်ခါလေးထောင့်အပေါ်မှာ ကြေးဝါလေးကွင်းကို၎င်း လုပ်ပြီးလျှင်၊

  5. ထွက်မြောက်ရာကျမ်း 27:5ခရစ်တော် မပေါ်မီ 1491 ခန့်

    ယဇ်ပလ္လင်ခါးပန်းအောက်၊ အလယ်၌ ထားရမည်။

  6. ထွက်မြောက်ရာကျမ်း 27:6ခရစ်တော် မပေါ်မီ 1491 ခန့်

    ယဇ်ပလ္လင်ထမ်းစရာ အကာရှသားထမ်းဘိုးတို့ကို လုပ်၍ ကြေးဝါနှင့် မွမ်းမံပြီးမှ၊

  7. ထွက်မြောက်ရာကျမ်း 27:7ခရစ်တော် မပေါ်မီ 1491 ခန့်

    ယဇ်ပလ္လင်ကို ထမ်းစရာဘို့ တဘက်တချက် ကွင်းများ၌ လျှိုထားရမည်။

  8. ထွက်မြောက်ရာကျမ်း 27:8ခရစ်တော် မပေါ်မီ 1491 ခန့်

    တောင်ပေါ်မှာ သင့်အား ပြသည်အတိုင်း၊ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်းဖြစ်စေခြင်းငှာ၊ ပျဉ်ပြားနှင့် လုပ်ရမည်။

  9. ထွက်မြောက်ရာကျမ်း 27:9ခရစ်တော် မပေါ်မီ 1491 ခန့်

    တဲတော်ဝင်း ကာရန်မူကား၊ အလျားအတောင်တရာရှိသော ပိတ်ချောနှင့် တောင်ဘက်၌ ကုလားကာကို လုပ်ရမည်။

  10. ထွက်မြောက်ရာကျမ်း 27:10ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုကုလားကာဘို့ တိုင်နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင်တံစို့၊ တိုင်တန်းတို့ကို ငွေဖြင့် ပြီးစေရမည်။

  11. ထွက်မြောက်ရာကျမ်း 27:11ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုနည်းတူ၊ မြောက်ဘက်၌ ကာရန် အလျားအတောင် တရာရှိသော ကုလားကာနှင့်တကွ ငွေတံစို့၊ ငွေတန်းပါသော ကြေးဝါထိုင်နှစ်ဆယ်၊ ကြေးဝါခြေစွပ်နှစ်ဆယ် ရှိရမည်။

  12. ထွက်မြောက်ရာကျမ်း 27:12ခရစ်တော် မပေါ်မီ 1491 ခန့်

    ဝင်းအနောက်ဘက် အနံ၌ ကာရန်၊ အလျားအတောင်ငါးဆယ်ရှိသော ကုလားကာနှင့်တကွ တိုင်တဆယ်၊ ခြေစွပ်တဆယ်ရှိရမည်။

  13. ထွက်မြောက်ရာကျမ်း 27:13ခရစ်တော် မပေါ်မီ 1491 ခန့်

    ဝင်းအရှေ့ဘက်၌လည်း အနံအတောင်ငါးဆယ်ရှိရမည်။

  14. ထွက်မြောက်ရာကျမ်း 27:14ခရစ်တော် မပေါ်မီ 1491 ခန့်

    တံခါးဝတဘက်တချက်၌ ကာရန်၊ အလျားဆယ်ငါးတောင်ရှိသော ကုလားကာနှင့်တကွ တိုင်သုံးတိုင်၊

  15. ထွက်မြောက်ရာကျမ်း 27:15ခရစ်တော် မပေါ်မီ 1491 ခန့်

    ခြေစွပ်သုံးခုရှိရမည်။

  16. ထွက်မြောက်ရာကျမ်း 27:16ခရစ်တော် မပေါ်မီ 1491 ခန့်

    ဝင်းတံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ချယ်လှယ်သော ကုလားကာအတောင်နှစ်ဆယ်နှင့်တကွ တိုင်လေးတိုင် ခြေစွပ်လေးခုရှိရမည်။

  17. ထွက်မြောက်ရာကျမ်း 27:17ခရစ်တော် မပေါ်မီ 1491 ခန့်

    ဝင်းပတ်လည်၌ တိုင်ရှိသမျှတို့သည် ငွေတံစို့၊ ငွေတန်း၊ ကြေးဝါခြေစွပ်နှင့် ပြည့်စုံရမည်။

  18. ထွက်မြောက်ရာကျမ်း 27:18ခရစ်တော် မပေါ်မီ 1491 ခန့်

    ဝင်းသည် အလျားအတောင်တရာ၊ အနံငါးဆယ်၊ အမြင့်ငါးတောင်ရှိ၍၊ ပိတ်ချောနှင့်ကြေးဝါ ခြေစွပ်ဖြင့် ပြီးရမည်။

  19. ထွက်မြောက်ရာကျမ်း 27:19ခရစ်တော် မပေါ်မီ 1491 ခန့်

    အမှုတော်ထမ်းဘို့ တဲတော်အသုံးအဆောင်ရှိသမျှကို၎င်း၊ တဲတော်တံသင်၊ ဝင်းနှင့်ဆိုင်သော တံသင်ရှိသမျှကို၎င်း ကြေးဝါနှင့်လုပ်ရမည်။

  20. ထွက်မြောက်ရာကျမ်း 27:20ခရစ်တော် မပေါ်မီ 1491 ခန့်

    ပရိသတ်စည်းဝေးရာ တဲတော်တွင်၊ သက်သေခံချက်ထားရာအရပ်ကို ကာသော ကုလားကာပြင်မှာ၊ မီးခုံ၌ အစဉ်မပြတ် မီးထွန်းစရာဘို့၊ သံလွင်သီးကို ထောင်း၍ယူသော သံလွင်ဆီစစ်ကို၊ ဣသရေလအမျိုးသား တို့သည် ဆောင်ခဲ့ရကြမည်အကြောင်း ဆင့်ဆိုလော့။

  21. ထွက်မြောက်ရာကျမ်း 27:21ခရစ်တော် မပေါ်မီ 1491 ခန့်

    အာရုန်နှင့် သူ၏သားတို့သည်၊ ညဦးမှသည် နံနက်တိုင်အောင်၊ ထာဝရဘုရားရှေ့တော်၌ ထိုအမှုကို စီရင်ရမည်။ ဣသရေလအမျိုးတို့သည်၊ သားအစဉ်အဆက်စောင့်ရသော ပညတ်တော် ဖြစ်သတည်း။

  22. ထွက်မြောက်ရာကျမ်း 28:1ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်၏ အစ်ကိုအာရုန်သည်၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရမည်အကြောင်း၊ သူနှင့်သူ၏ သားတည်းဟူသော နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတို့ကို၊ ဣသရေလအမျိုးသားတို့အထဲက ရွေးချယ်၍ သင့်အောက်၌ခန့်ထားလော့။

  23. ထွက်မြောက်ရာကျမ်း 28:2ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်၏အစ်ကိုအာရုန်၌ဘုန်း အသရေ ထင်ပေါ်စေခြင်းငှာ၊ သန့်ရှင်းသော အဝတ်ကို လုပ်၍ပေး ရမည်။

  24. ထွက်မြောက်ရာကျမ်း 28:3ခရစ်တော် မပေါ်မီ 1491 ခန့်

    အာရုန်သည် ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရသော အခွင့်ရှိ၍၊ သူ့ကို သန့်ရှင်းစေခြင်းငှါ၊ ငါပေးသော ဉာဏ်ကိုရသော ပညာရှိအပေါင်းတို့သည် ထိုအဝတ်ကို လုပ်ရမည် အကြောင်း မှာထားရမည်။

  25. ထွက်မြောက်ရာကျမ်း 28:4ခရစ်တော် မပေါ်မီ 1491 ခန့်

    လုပ်ရသောအဝတ်ဟူမူကား၊ ရင်ဖုံး၊ သင်တိုင်း၊ ဝတ်လုံ၊ ချယ်လှယ်သောအင်္ကျီ၊ ဗေါင်း၊ ခါးပန်းတည်း ဟူသော သင်၏အစ်ကိုအာရုန်နှင့် သူ၏သားတို့သည်၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက် ရမည်အကြောင်း၊ သန့်ရှင်းသောအဝတ်ကို လုပ်ခြင်းငှါ၊