- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1446 BC
Sinai & The Law
God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.
ဤကာလမှ အခန်းငယ်များ
- ထွက်မြောက်ရာကျမ်း 28:30ခရစ်တော် မပေါ်မီ 1491 ခန့်
ဗျာဒိတ်ရင်ဖုံးအထဲ၌ ဥရိမ်နှင့် သုမိမ်ကို သွင်းထားရမည်။ အာရုန်သည် ထာဝရဘုရား ရှေ့တော်သို့ ဝင်သောအခါ မိမိနှလုံးအပေါ်မှာ ဥရိမ်နှင့် သုမိမ်ပါသည်ဖြစ်၍၊ ဣသရေလအမျိုးသားတို့အမှု၌ စီရင်တော်မူချက်ကို ထာဝရဘုရားရှေ့၊ မိမိနှလုံးပေါ်မှာ ဆောင်ရမည်။
- ထွက်မြောက်ရာကျမ်း 28:31ခရစ်တော် မပေါ်မီ 1491 ခန့်
သင်တိုင်းနှင့်ဆိုင်သော ဝတ်လုံကို၊ ပြာသောအထည်နှင့်သာ လုပ်ရမည်။
- ထွက်မြောက်ရာကျမ်း 28:32ခရစ်တော် မပေါ်မီ 1491 ခန့်
ဝတ်လုံ၌ လည်စွပ်ပါ၍ လည်စါပ်ကို မစုပ်စေခြင်းငှါ၊ သံချပ်လည်စွပ်ကွပ်သကဲ့သို့၊ ရက်သောအထည် နှင့် ကွပ်ရမည်။
- ထွက်မြောက်ရာကျမ်း 28:33ခရစ်တော် မပေါ်မီ 1491 ခန့်
ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်နှင့် လုပ်သော သလဲသီးများကို၎င်း၊ ရွှေ ဆည်းလည်းများကို၎င်း၊ ဝတ်လုံအောက်စွန်းနားပတ်လည်၌၊
- ထွက်မြောက်ရာကျမ်း 28:34ခရစ်တော် မပေါ်မီ 1491 ခန့်
သလဲသီးတလုံး၊ ရွှေဆည်းလည်းတလုံးစီခြားလျက်၊
- ထွက်မြောက်ရာကျမ်း 28:35ခရစ်တော် မပေါ်မီ 1491 ခန့်
အစဉ်အတိုင်း ဆွဲထားရမည်။ အာရန်သည် အမှုတော်ကို ဆောင်၍၊ သန့်ရှင်းရာအရပ် ဌာနတော်ထဲ မှာ၊ ထာဝရဘုရားရှေ့တော်၌ ထွက်ဝင်သောအခါ၊ သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ ထိုဝတ်လုံကို ဝတ်၍ သူ၏ အသံကို ကြားရမည်။
- ထွက်မြောက်ရာကျမ်း 28:36ခရစ်တော် မပေါ်မီ 1491 ခန့်
ရွှေစင်သင်းကျစ်ကိုလည်း လုပ်၍၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထာဝရဘုရားအား သန့်ရှင်း ခြင်းဟု အက္ခရာတင်၍၊
- ထွက်မြောက်ရာကျမ်း 28:37ခရစ်တော် မပေါ်မီ 1491 ခန့်
ပြာသောကြိုးနှင့်ဗေါင်းရှေ့၌ ချည်ထားရမည်။
- ထွက်မြောက်ရာကျမ်း 28:38ခရစ်တော် မပေါ်မီ 1491 ခန့်
အာရုန်သည် ထိုသင်းကျပ်ကို နဖူး၌ ဆင်သဖြင့်၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသော အလှူ ဒါနနှင့်ဆိုင်၍၊ သန့်ရှင်းစေသမျှသောအရာတို့၌ ပါသောအပြစ်ကို ဆောင်ရမည်။ သူတို့သည် ထာဝရဘုရား၏ စိတ်တော်နှင့် တွေ့ခြင်းငှါ၊ အာရုန်၏ နဖူး၌ အစဉ်ဆင်ရမည်။
- ထွက်မြောက်ရာကျမ်း 28:39ခရစ်တော် မပေါ်မီ 1491 ခန့်
ပိတ်ချောအင်္ကျီကိုလည်း လုပ်၍ ချယ်လှယ်ရမည်။ ဗေါင်းကိုလည်း ပိတ်ချောနှင့်လုပ်ရမည်။ ခါးပန်းကို လည်း ချယ်လှယ်သော အလုပ်နှင့် ပြီးစေရမည်။
- ထွက်မြောက်ရာကျမ်း 28:40ခရစ်တော် မပေါ်မီ 1491 ခန့်
အာရုန်၏သားတို့ ဘုန်းအသရေကို ထင်ပေါ်စေခြင်းငှါ၊ အင်္ကျီ၊ ခါးပန်း၊ ဦးထုပ်များကို လုပ်ပေးရမည်။
- ထွက်မြောက်ရာကျမ်း 28:41ခရစ်တော် မပေါ်မီ 1491 ခန့်
ထိုသို့ သင်၏ အစ်ကိုအာရုန်နှင့် သူ၏သားတို့ကို ဝတ်ဆင်စေပြီးမှ၊ သူတို့သည် ငါ့ရှေ့မှာ ယဇ်ပုရော ဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့ကို ဆီနှင့်လိမ်းသဖြင့် အရာ၌ ခန့်ထား၍ သန့်ရှင်း စေရမည်။
- ထွက်မြောက်ရာကျမ်း 28:42ခရစ်တော် မပေါ်မီ 1491 ခန့်
သူတို့၌ရှက်စရာအကြောင်း၊ မထင်မပေါ်စေခြင်းငှါ၊ ခါးမှပေါင်သို့အထိ ပိတ်ပေါင်းဘီကို ချုပ်၍ ပေးရမည်။
- ထွက်မြောက်ရာကျမ်း 28:43ခရစ်တော် မပေါ်မီ 1491 ခန့်
အာရုန်နှင့်သူ၏သားတို့သည်၊ ပရိတ်သတ်စည်းဝေးရာ တဲတော်ထဲသို့ ဝင်သော်၎င်း၊ သန့်ရှင်းရာ အရပ်ဌာန၌ ယဇ်ပလ္လင်အနားသို့ ချည်းကပ်သော်၎င်း၊ အပြစ်ရောက်၍ မသေစေခြင်းငှါ ထိုသို့ ဝတ်ရမည်။ အာရုန်မှစ၍ သူ၏အမျိုး အစဉ်အဆက်တို့သည် စောင့်ရသော ပညတ်တော် ဖြစ်သတည်း။
- ထွက်မြောက်ရာကျမ်း 29:1ခရစ်တော် မပေါ်မီ 1491 ခန့်
သူတို့သည် ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ အဘယ်သို့ သန့်ရှင်းစေရမည် နည်းဟူမူကား၊ အပြစ်မပါသော နွားသငယ်အထီးနှင့် သိုးနှစ်ကောင်တို့ကို၎င်း၊
- ထွက်မြောက်ရာကျမ်း 29:2ခရစ်တော် မပေါ်မီ 1491 ခန့်
တဆေးမပါသော ဂျုံမုန့်၊ တဆေးမပါဘဲ ဆီနှင့်လုပ်သော ဂျုံမုန့်ပြား၊ တဆေးမပါဘဲ ဆီနှင့်လုပ်သော ဂျုံမုန့်ကြွပ်တို့ကို၎င်း ယူရမည်။
- ထွက်မြောက်ရာကျမ်း 29:3ခရစ်တော် မပေါ်မီ 1491 ခန့်
ထိုမုန့်များကို တောင်းတလုံးထဲ၌ ထည့်ပြီးမှ၊ နွားတကောင်၊ သိုးနှစ်ကောင်နှင့်တကွ ဆောင်ခဲ့ရမည်။
- ထွက်မြောက်ရာကျမ်း 29:4ခရစ်တော် မပေါ်မီ 1491 ခန့်
အာရုန်နှင့်သူ၏သားတို့ကို၊ ပရိသတ် စည်းဝေးရာ တံခါးနားသို့ ခေါ်ခဲ့၍ ရေချိုးရမည်။
- ထွက်မြောက်ရာကျမ်း 29:5ခရစ်တော် မပေါ်မီ 1491 ခန့်
အဝတ်တန်ဆာများကိုယူ၍၊ အင်္ကျီ၊ ဝတ်လုံ၊ သင်တိုင်း၊ ရင်ဖုံးနှင့် အာရုန်ကို ဝတ်စေ၍၊ ထူးဆန်းသော သင်တိုင်းရင်စည်းနှင့် စည်းရမည်။
- ထွက်မြောက်ရာကျမ်း 29:6ခရစ်တော် မပေါ်မီ 1491 ခန့်
သူ၏ ခေါင်းပေါ်မှာ ဗေါင်းကိုတင်၍၊ ဗေါင်း၌သန့်ရှင်းသော သင်းကျစ်ကို တပ်ရမည်။
- ထွက်မြောက်ရာကျမ်း 29:7ခရစ်တော် မပေါ်မီ 1491 ခန့်
ထိုအခါ လိမ်းစရာ ဆီကိုယူ၍ သူ၏ ခေါင်းပေါ်၌ လောင်းသဖြင့် သူ့ကိုလိမ်းရမည်။
- ထွက်မြောက်ရာကျမ်း 29:8ခရစ်တော် မပေါ်မီ 1491 ခန့်
သူ၏သားတို့ကိုလည်း ခေါ်ခဲ့၍ အင်္ကျီဝတ်စေရမည်။
- ထွက်မြောက်ရာကျမ်း 29:9ခရစ်တော် မပေါ်မီ 1491 ခန့်
ခါးပန်းကိုလည်း စည်း၍၊ ဦးထုပ်ကိုလည်း ဆောင်းစေပြီးလျှင်။ သူတို့သည် ထာဝရပညတ်တော် အတိုင်း ယဇ်ပုရောဟိတ်အရာကို ဆိုင်ရမည်။ ထိုသို့ အာရုန်နှင့် သူ၏သားတို့ကို၊ ယဇ်ပုရောဟိတ် အရာ၌ ခန့်ထားရမည်။
- ထွက်မြောက်ရာကျမ်း 29:10ခရစ်တော် မပေါ်မီ 1491 ခန့်
ထိုနောက်၊ နွားထီးတကောင်ကို ပရိသတ်စည်းဝေးရာ တဲတော်ရှေ့သို့ ဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏ သားတို့သည်၊ မိမိတို့ လက်ကို နွားခေါင်းပေါ်မှာ တင်ရကြမည်။
- ထွက်မြောက်ရာကျမ်း 29:11ခရစ်တော် မပေါ်မီ 1491 ခန့်
ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ ထာဝရဘုရားရှေ့တော်၌ ထိုနွားကို သတ်ရမည်။