အကြောင်းအရာသို့ ကျော်သွားရန်

circa 1446 BC

Sinai & The Law

God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.

1,657 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထွက်မြောက်ရာကျမ်း 25:28ခရစ်တော် မပေါ်မီ 1491 ခန့်

    စားပွဲထမ်းစရာ အကာရှသားထမ်းဘိုးကို လုပ်၍ ရွှေနှင့်မွမ်းမံရမည်။

  2. ထွက်မြောက်ရာကျမ်း 25:29ခရစ်တော် မပေါ်မီ 1491 ခန့်

    စားပွဲနှင့်ဆိုင်သော လင်ပန်း၊ ဇွန်း၊ အင်တုံ၊ လောင်းစရာဖလားများကိုလည်း ရွှေစင်နှင့် လုပ်ရမည်။

  3. ထွက်မြောက်ရာကျမ်း 25:30ခရစ်တော် မပေါ်မီ 1491 ခန့်

    ငါ့ရှေ့၊ စားပွဲပေါ်မှာ ရှေ့တော်မုန့်ကို အစဉ်တင်ရမည်။

  4. ထွက်မြောက်ရာကျမ်း 25:31ခရစ်တော် မပေါ်မီ 1491 ခန့်

    မီးခုံကိုလည်း ရွှေစင်နှင့်လုပ်၍၊ မီးခုံတိုင်အစရှိသော အလက်များ၊ ခွက်များ၊ ဘူးသီးများ၊ ကြာပွင့်များတို့ကို တစပ်တည်းထုရမည်။

  5. ထွက်မြောက်ရာကျမ်း 25:32ခရစ်တော် မပေါ်မီ 1491 ခန့်

    မီးခုံတိုင်တဘက်တချက်သုံးလက်စီထွက်၍၊ အလက်ခြောက်လက်ရှိရမည်။

  6. ထွက်မြောက်ရာကျမ်း 25:33ခရစ်တော် မပေါ်မီ 1491 ခန့်

    မီးခုံတိုင်ထဲက ထွက်သော အလက်သုံးလက်တွင်၊ တလက် တလက်၌ ဘူးကြာပွင့်နှင့်တကွ၊ ဗာတံသီးနှင့် ပုံတူသော ခွက်သုံးခွက် ရှိရမည်။

  7. ထွက်မြောက်ရာကျမ်း 25:34ခရစ်တော် မပေါ်မီ 1491 ခန့်

    မီးခုံတိုင်၌လည်း ဘူးကြာပွင့်နှင့်တကွ၊ ဗာတံသီးနှင့်ပုံတူသော ခွက်လေးခွက် ရှိရမည်။

  8. ထွက်မြောက်ရာကျမ်း 25:35ခရစ်တော် မပေါ်မီ 1491 ခန့်

    မီးခုံတိုင်ထဲကထွက်သော အလက်ခြောက်လက်ရှိသည်အတိုင်း၊ အလက်နှစ်ဘက်အောက်၌လည်း ဘူးသီးတလုံးစီ ရှိရမည်။

  9. ထွက်မြောက်ရာကျမ်း 25:36ခရစ်တော် မပေါ်မီ 1491 ခန့်

    ဘူးများ၊ အလက်များတို့ကို တကိုယ်တစပ်တည်းဖြစ်စေ၍၊ မီးခုံတကိုယ်လုံးကို ရွှေစင်နှင့် ထုလုပ်ရမည်။

  10. ထွက်မြောက်ရာကျမ်း 25:37ခရစ်တော် မပေါ်မီ 1491 ခန့်

    မီးခွက်ခုနစ်လုံးကိုလည်း လုပ်ရမည်။ စားပွဲကို လင်းစေခြင်းငှာ ထိုမီးခွက်ကို ထွန်းရမည်။

  11. ထွက်မြောက်ရာကျမ်း 25:38ခရစ်တော် မပေါ်မီ 1491 ခန့်

    မီးညှပ်နှင့် မီးညှပ်ခံစရာခွက်တို့သည်လည်း ရွှေစင်ဖြစ်ရမည်။

  12. ထွက်မြောက်ရာကျမ်း 25:39ခရစ်တော် မပေါ်မီ 1491 ခန့်

    မီးခုံနှင့် မီးခုံတန်ဆာရှိသမျှတို့ကို၊ ရွှေစင်အခွက်တဆယ်နှင့် လုပ်ရမည်။

  13. ထွက်မြောက်ရာကျမ်း 25:40ခရစ်တော် မပေါ်မီ 1491 ခန့်

    တောင်ပေါ်မှာ သင့်အား ပြခဲ့ပြီးသောပုံနှင့် ညီလျော်စွာ လုပ်ခြင်းငှာ သတိပြုရမည်။

  14. ထွက်မြောက်ရာကျမ်း 26:1ခရစ်တော် မပေါ်မီ 1491 ခန့်

    တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော၊ ပိတ်ချောကုလားကာဆယ်ထည်ဖြင့် တဲတော်ကို လုပ်ရမည်။

  15. ထွက်မြောက်ရာကျမ်း 26:2ခရစ်တော် မပေါ်မီ 1491 ခန့်

    ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍၊ ကုလားကာချင်း အလျားအနံ တူရမည်။

  16. ထွက်မြောက်ရာကျမ်း 26:3ခရစ်တော် မပေါ်မီ 1491 ခန့်

    ကုလားကာငါးထည်စီ တစပ်တည်းချုပ်ရမည်။

  17. ထွက်မြောက်ရာကျမ်း 26:4ခရစ်တော် မပေါ်မီ 1491 ခန့်

    ကုလားကာတထည်ပြင်ဘက်မှာ၊ ကုလားကာနားချင်းဆက်မှီရာ၌ ကွင်းများကို ပြာသောအထည်နှင့် လုပ်ရမည်။ အခြားသော ကုလားကာ ပြင်ဘက်မှာ၊ ကုလားကာနားချင်း ဆက်မှီရာ၌လည်း ထိုအတူလုပ်ရမည်။

  18. ထွက်မြောက်ရာကျမ်း 26:5ခရစ်တော် မပေါ်မီ 1491 ခန့်

    ကုလားကာတထည်၌ ကွင်းငါးဆယ်ကို၎င်း၊ အခြားသောကုလားကာ အနားဆက်မှီရာ၌ ကွင်းငါးဆယ် ကို၎င်း၊ ကွင်းချင်းဆိုင်မိအောင် လုပ်ရမည်။

  19. ထွက်မြောက်ရာကျမ်း 26:6ခရစ်တော် မပေါ်မီ 1491 ခန့်

    ရွှေချောင်းငါးဆယ်ကိုလည်း လုပ်၍၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့်၊ တဲတော် တဆောင်တည်း ဖြစ်ရမည်။

  20. ထွက်မြောက်ရာကျမ်း 26:7ခရစ်တော် မပေါ်မီ 1491 ခန့်

    တဲတော်ဖုံးအုပ်ဘို့ အခြားသော ကုလားကာဆယ်တထည်ကို ဆိတ်မွေးနှင့် လုပ်ရမည်။

  21. ထွက်မြောက်ရာကျမ်း 26:8ခရစ်တော် မပေါ်မီ 1491 ခန့်

    ကုလားကာသည် အလျားအတောင်သုံးဆယ်၊ အနံလေးတောင်ရှိ၍၊ ကုလားကာ ဆယ်တထည်တို့သည် အလျားအနံချင်းတူရမည်။

  22. ထွက်မြောက်ရာကျမ်း 26:9ခရစ်တော် မပေါ်မီ 1491 ခန့်

    ကုလားကာငါးထည် တစပ်၊ ခြောက်ထည် တစပ်တည်း ချုပ်၍၊ ဆဌမကုလားကာကို တဲတော်ဦး၌ ခေါက်ထားရမည်။

  23. ထွက်မြောက်ရာကျမ်း 26:10ခရစ်တော် မပေါ်မီ 1491 ခန့်

    ကုလားကာများ ဆက်မှီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတထည်အနားမှာ၊ ကွင်းငါးဆယ်ကို ၎င်း၊ ဆက်မှီသော အခြားကုလားကာအနားမှာ၊ ကွင်းငါးဆယ်ကို၎င်း လုပ်ရမည်။

  24. ထွက်မြောက်ရာကျမ်း 26:11ခရစ်တော် မပေါ်မီ 1491 ခန့်

    ကြေးဝါချောင်း ငါးဆယ်ကိုလည်း လုပ်၍၊ ကွင်းတို့၌ လျှိုပြီးလျှင်၊ အပေါ်တဲတပိုင်းနှင့် တပိုင်း ပူးတွဲသဖြင့်၊ တဲတဆောင်တည်း ဖြစ်ရမည်။

  25. ထွက်မြောက်ရာကျမ်း 26:12ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုအပေါ်တဲ၌ ပိုသော ကုလားကာ တဝက်ကိုကား၊ တဲတော်နောက်ဖေးမှာ တွဲလွဲဆွဲထားရမည်။