အကြောင်းအရာသို့ ကျော်သွားရန်

circa 1050–1010 BC

Samuel & King Saul

Israel demands a king; Samuel anoints Saul, whose disobedience leads to his rejection as God chooses a man after his own heart.

810 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ဓမ္မရာဇဝင်ပဌမစောင် 30:10ခရစ်တော် မပေါ်မီ 1056 ခန့်

    ဒါဝိဒ်နှင့် လူလေးရာတို့သည် လိုက်ကြ၏။

  2. ဓမ္မရာဇဝင်ပဌမစောင် 30:11ခရစ်တော် မပေါ်မီ 1056 ခန့်

    လွင်ပြင်၌ အဲဂုတ္တု လူတယောက်ကို တွေ့၍ ဒါဝိဒ်ထံသို့ ဆောင်ခဲ့သဖြင့်၊ မုန့်ကိုပေး၍ ထိုသူသည် စား၏။ ရေကိုလည်းသောက်စေကြ၏။

  3. ဓမ္မရာဇဝင်ပဌမစောင် 30:12ခရစ်တော် မပေါ်မီ 1056 ခန့်

    သင်္ဘောသဖန်းသီး ပျဉ်တဖဲ့၊ စပျစ်သီးနှစ်ပြွတ်ကိုလည်း ပေး၍ သူသည် စားသဖြင့် အားပြည့်ပြန်၏။ သုံးရက်ပတ်လုံး မစားမသောက်ဘဲ ငတ်မွတ်ခဲ့ပြီ။

  4. ဓမ္မရာဇဝင်ပဌမစောင် 30:13ခရစ်တော် မပေါ်မီ 1056 ခန့်

    ဒါဝိဒ်ကလည်း၊ သင်သည် အဘယ်သူနှင့် ဆိုင်သနည်း။ အဘယ်အရပ်က လာသနည်းဟု မေးလျှင်၊ ကျွန်တော်သည် အာမလက်လူထံ၌ ကျွန်ခံရသော အဲဂုတ္တုလူကလေးဖြစ်ပါ၏။ သုံးရက်အထက်က အနာရောက်သောကြောင့် သခင်သည် ပစ်ထားပါ၏။

  5. ဓမ္မရာဇဝင်ပဌမစောင် 30:14ခရစ်တော် မပေါ်မီ 1056 ခန့်

    ခေရသိပြည်တောင်ပိုင်း၊ ယုဒပြည်နှင့် ကာလက်ပြည်တောင်ပိုင်းကို တိုက်၍ ဇိကလတ်မြို့ကို မီးရှို့ပါပြီဟုပြောဆို၏။

  6. ဓမ္မရာဇဝင်ပဌမစောင် 30:15ခရစ်တော် မပေါ်မီ 1056 ခန့်

    ဒါဝိဒ်ကလည်း၊ ထိုအလုံးအရင်း ရှိရာသို့ လမ်းပြနိုင်သလောဟု မေးလျှင် သူက၊ ကိုယ်တော်သည် ကျွန်တော့်ကို မသတ်၊ သခင့်လက်သို့ မအပ်မည်အကြောင်း ဘုရားသခင်ကို တိုင်တည်၍ ကျိန်ဆိုပါတော့။သို့ဖြစ်လျှင် ထိုအလုံးအရင်းရှိရာသို့ လမ်းပြပါမည်ဟု ဆိုသည်အတိုင်း၊ ဒါဝိဒ်သည် ကျိန်ဆိုခြင်းကို ပြုလေ၏။

  7. ဓမ္မရာဇဝင်ပဌမစောင် 30:16ခရစ်တော် မပေါ်မီ 1056 ခန့်

    လူကလေးသည်လမ်းပြ၍ ဒါဝိဒ်ရောက်သောအခါ၊ ထိုလူများတို့သည် ဖိလိတ္တိပြည်နှင့် ယုဒပြည်ထဲက သိမ်းယူသော ဥစ္စာ ပစ္စည်းများအပေါင်းတို့ကြောင့် စားသောက်လျက်၊ ကခုန်လျက် မြေတပြင်လုံး၌ အနှံ့အပြားရှိကြ၏။

  8. ဓမ္မရာဇဝင်ပဌမစောင် 30:17ခရစ်တော် မပေါ်မီ 1056 ခန့်

    ဒါဝိဒ်သည်လည်း ညဦးမှစ၍ နက်ဖြန်ညဦးတိုင်အောင် သူတို့ကို လုပ်ကြံသဖြင့်၊ ကုလားအုပ်ကို စီး၍ပြေးသော လုလင်လေးရာမှ တပါးလူတယောက်မှ မလွတ်။

  9. ဓမ္မရာဇဝင်ပဌမစောင် 30:18ခရစ်တော် မပေါ်မီ 1056 ခန့်

    အာမလက်လူတို့သည် သိမ်းသွင်းသမျှတို့ကို ဒါဝိဒ်သည် ရပြန်၍၊ မိမိမယားနှစ်ယောက်ကိုလည်း ကယ်နှုတ်လေ၏။

  10. ဓမ္မရာဇဝင်ပဌမစောင် 30:19ခရစ်တော် မပေါ်မီ 1056 ခန့်

    လူအကြီးအငယ်၊ သားသမီး၊ ဥစ္စာပစ္စည်း၊ လုယူသိမ်းသွားသမျှတို့တွင် တစုံတခုမျှမကျန်၊ အလုံးစုံတို့ကို ဒါဝိဒ်သည် ရပြန်လေ၏။

  11. ဓမ္မရာဇဝင်ပဌမစောင် 30:20ခရစ်တော် မပေါ်မီ 1056 ခန့်

    ဒါဝိဒ်သည်လည်း ထိုသိုးနွားများရှေ့မှာ အရင်နှင်သော သိုးနွားအပေါင်းတို့ကိုလည်း ယူ၍၊ ဤဥစ္စာသည် ဒါဝိဒ်ပိုင်သော လက်ရဥစ္စာ ဖြစ်သည်ဟုဆို၏။

  12. ဓမ္မရာဇဝင်ပဌမစောင် 30:21ခရစ်တော် မပေါ်မီ 1056 ခန့်

    မော၍ ဒါဝိဒ်နောက်သို့ မလိုက်နိုင်၊ ဗေသော်ချောင်းနားမှာ နေရစ်သော လူနှစ်ရာရှိရာသို့ ဒါဝိဒ်ရောက်၍၊ သူတို့သည် ဒါဝိဒ်နှင့်သူ့၌ ပါသောလူတို့ကို ခရီးဦးကြိုပြုလိုသောငှါ ထွက်လာသဖြင့်၊ ဒါဝိဒ်သည် အနီးသို့ရောက်သောအခါ သူတို့ကို နှုတ်ဆက်လေ၏။

  13. ဓမ္မရာဇဝင်ပဌမစောင် 30:22ခရစ်တော် မပေါ်မီ 1056 ခန့်

    ဒါဝိဒ်နှင့် လိုက်သွားသောသူတို့တွင် အဓမ္မလူဆိုးများတို့က၊ ဤသူတို့သည် ငါတို့နှင့်မလိုက်သောကြောင့်၊ ငါတို့ရသော ဥစ္စာတို့တွင် သူတို့သားမယားမှတပါး အခြားသော ဥစ္စာကို သူတို့အားမပေးရ။ ကိုယ်သားမယားကို ယူ၍ ထွက်သွားကြစေဟု ဆိုကြ၏။

  14. ဓမ္မရာဇဝင်ပဌမစောင် 30:23ခရစ်တော် မပေါ်မီ 1056 ခန့်

    ဒါဝိဒ်ကလည်း၊ ငါ့ညီအစ်ကိုတို့ ငါတို့ကို စောင့်မ၍ ငါတို့ကို တိုက်လာသော အလုံးအရင်းကို ငါတို့လက်သို့ အပ်တော်မူသော ထာဝရဘုရားပေးသနားတော်မူသော ဥစ္စာကို ထိုသို့ မပြုရ။

  15. ဓမ္မရာဇဝင်ပဌမစောင် 30:24ခရစ်တော် မပေါ်မီ 1056 ခန့်

    ဤအမှု၌ သင်တို့စကားကို အဘယ်သူ နားထောင်လိမ့်မည်နည်း။ စစ်တိုက်သွားသော သူရသည်အတိုင်း၊ ဥစ္စာကို စောင့်လျက် နေရစ်သောသူရစေ။ နှစ်ပါးစလုံးတို့သည် အညီအမျှခံစေဟု စီရင်၏။

  16. ဓမ္မရာဇဝင်ပဌမစောင် 30:25ခရစ်တော် မပေါ်မီ 1056 ခန့်

    ထိုနေ့မှစ၍ ယနေ့တိုင်အောင် ဣသရေလအမျိုး၌ ထိုသို့သော ထုံးစံဖြစ်စေခြင်းငှါ စီရင်ထုံးဖွဲ့သတည်း။

  17. ဓမ္မရာဇဝင်ပဌမစောင် 30:26ခရစ်တော် မပေါ်မီ 1056 ခန့်

    ဒါဝိဒ်သည် ဇိကလတ်မြို့သို့ ရောက်သောအခါ၊ လက်ရဥစ္စာ အချို့ကို မိမိအဆွေခင်ပွန်း၊ ယုဒအမျိုး အသက်ကြီးသူတို့ထံသို့ ပေးလိုက်၍၊ ထာဝရဘုရား၏ ရန်သူလက်မှရခဲ့သော ဥစ္စာထဲက သင်တို့ အဘို့ လက်ဆောင်ကို ကြည့်လော့ဟုမှာလိုက်၏။

  18. ဓမ္မရာဇဝင်ပဌမစောင် 30:27ခရစ်တော် မပေါ်မီ 1056 ခန့်

    ဗေသလမြို့၊ တောင်ရာမုတ်မြို့၊

  19. ဓမ္မရာဇဝင်ပဌမစောင် 30:28ခရစ်တော် မပေါ်မီ 1056 ခန့်

    အာရော်မြို့၊ ရှိဖမုတ်မြို့၊ ဧရှတမောမြို့၊

  20. ဓမ္မရာဇဝင်ပဌမစောင် 30:29ခရစ်တော် မပေါ်မီ 1056 ခန့်

    ရာခလမြို့၊ ယေရမေလလူ နေရာမြို့များ၊ ကေနိလူ နေရာမြို့များ၊

  21. ဓမ္မရာဇဝင်ပဌမစောင် 30:30ခရစ်တော် မပေါ်မီ 1056 ခန့်

    ဟောမာမြို့များ၊ ခေါရာရှန်မြို့၊ အာသက်မြို့၊

  22. ဓမ္မရာဇဝင်ပဌမစောင် 30:31ခရစ်တော် မပေါ်မီ 1056 ခန့်

    ဟေဗြုန်မြို့မှစ၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် တည်းခိုတတ်သော မြို့ရွာအရပ်ရပ်သို့ ပေးလိုက်သတည်း။

  23. ဓမ္မရာဇဝင်ပဌမစောင် 31:1ခရစ်တော် မပေါ်မီ 1056 ခန့်

    ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကို စစ်တိုက်၍၊ ဣသရေလလူတို့သည် ရန်သူရှေ့မှာ ပြေးသဖြင့်၊ ဂိလဗောတောင်ပေါ်မှာ အထိအခိုက်နှင့် လဲ၍သေကြ၏။

  24. ဓမ္မရာဇဝင်ပဌမစောင် 31:2ခရစ်တော် မပေါ်မီ 1056 ခန့်

    ဖိလိတ္တိလူတို့သည် ရှောလုမင်းနှင့် သူ၏သားတို့ကို ပြင်းထန်စွာ လိုက်၍၊ ရှောလု၏သား ယုနသန်၊ အဘိနဒပ်၊ မေလခိရွှ တို့ကို သတ်ကြ၏။

  25. ဓမ္မရာဇဝင်ပဌမစောင် 31:3ခရစ်တော် မပေါ်မီ 1056 ခန့်

    စစ်တိုက်ရာတွင် ရှောလုသည် အလွန်ခံရ၏။ လေးသမားတို့ ပစ်သော မြှားမှန်၍ အလွန်နာသောကြောင့်၊