- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa AD 48–96
Letters to the Churches
Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.
ဤကာလမှ အခန်းငယ်များ
- ရောမဩဝါဒစာ 6:13ခရစ်နှစ် 60 ခန့်
သင်တို့၏ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက် ဖြစ်စေ၍၊ အပြစ်တရားအား မဆက်ကြနှင့်။ သေခြင်းမှ ထမြောက်၍ အသက်ရှင်သောသူကဲ့သို့၊ ဘုရားသခင်အား ကိုယ်ကိုကိုယ်ဆက်ကြလော့။
- ရောမဩဝါဒစာ 6:14ခရစ်နှစ် 60 ခန့်
ကိုယ်အင်္ဂါများကိုလည်း သုစရိုက်လက်နက် ဖြစ်စေ၍၊ ဘုရားသခင်အားဆက်ကြလော့။ သင်တို့သည် ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရားလက်၌ရှိသောကြောင့် အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ။
- ရောမဩဝါဒစာ 6:15ခရစ်နှစ် 60 ခန့်
ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း၊ ငါတို့သည် ပညတ်တရားလက်၌ရှိသောကြောင့်၊ ဒုစရိုက်ကို ပြုရမည် လော။ ထိုသို့မပြုရ။
- ရောမဩဝါဒစာ 6:16ခရစ်နှစ် 60 ခန့်
အကြင်သူ၏အထံ၌ အစေခံကျွန်ဖြစ်ခြင်းငှါ သင်တို့ဝင်၍ အစေခံ၏၊ ထိုသူသည်သေခြင်းနှင့် ယှဉ်သော အပြစ်တရားဖြစ်စေ၊ ဖြောင့်မတ်ရာသို့ ရောက်ခြင်းနှင့်ယှဉ်သော နားထောင်ခြင်း တရားဖြစ်စေ၊ သင်တို့၏သခင်ဖြစ်သည်ကို မသိကြသလော။
- ရောမဩဝါဒစာ 6:17ခရစ်နှစ် 60 ခန့်
သင်တို့သည် အပြစ်တရား၏ ကျွန်ဖြစ်ဘူးသော်လည်း၊ ယခုတွင်ခံခဲ့ပြီးသော ဩဝါဒနည်းဥပဒေသ စကားကို စေတနာစိတ်နှင့် နားထောင်ကြသည်ဖြစ်၍၊ ဘုရားသခင်၏ကျေးဇူးတော်ကြီးလှပေ၏။
- ရောမဩဝါဒစာ 6:18ခရစ်နှစ် 60 ခန့်
သင်တို့သည် အပြစ်တရား၏ လက်မှလွတ်ကြပြီဖြစ်၍၊ ဖြောင့်မတ်ခြင်းတရား၏ ကျွန်ဖြစ်ကြ၏။
- ရောမဩဝါဒစာ 6:19ခရစ်နှစ် 60 ခန့်
ထိုသို့ ငါဆိုသော်၊ သင်တို့ဇာတိပကတိအတိုင်း ဉာဏ်နည်းသောကြောင့်၊ လောကီဝေါဟာရအားဖြင့် ဆိုသတည်း။ သင်တို့သည် မိမိတို့ ကိုယ်အင်္ဂါများကို အဓမ္မ အလိုငှါ ညစ်ညူးခြင်းတရား၊ အဓမ္မတရား၌ သွင်း၍ ကျွန်ခံစေကြလော့။
- ရောမဩဝါဒစာ 6:20ခရစ်နှစ် 60 ခန့်
သင်တို့သည် အပြစ်တရား၏ ကျွန်ဖြစ်စဉ် ကာလ၊ ဖြောင့်မတ်ခြင်းတရား၏လက်မှ လွတ်ကြ၏။
- ရောမဩဝါဒစာ 6:21ခရစ်နှစ် 60 ခန့်
ယခု သင်တို့ရှက်ကြောက်သော ထိုအကျင့်တို့ကို ကျင့်စဉ်အခါ၊ အဘယ်အကျိုးကိုရကြသနည်း။ ထိုသို့သောအကျင့်သည် သေခြင်း၌ လမ်းဆုံးသတည်း။
- ရောမဩဝါဒစာ 6:22ခရစ်နှစ် 60 ခန့်
ယခုမူကား၊ သင်တို့သည် အပြစ်တရား၏ လက်မှလွှတ်၍၊ ဘုရားသခင်၏ ကျွန်ဖြစ်ကြသည်နှင့် အညီ၊ သန့်ရှင်းခြင်းအကျိုးကိုရကြ၏။ အဆုံး၌လည်း ထာဝရအသက်ကို ရကြလိမ့်မည်။
- ရောမဩဝါဒစာ 6:23ခရစ်နှစ် 60 ခန့်
အပြစ်တရား၏ အခကားသေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရ အသက်ပေတည်း။
- ရောမဩဝါဒစာ 7:1ခရစ်နှစ် 60 ခန့်
ပညတ်တရားကို သိသောညီအစ်ကိုတို့၊ ပညတ် တရားသည် လူကို အသက်ထက်ဆုံးမျှသာပိုင်သည်ကို မသိကြသလော။
- ရောမဩဝါဒစာ 7:2ခရစ်နှစ် 60 ခန့်
ဥပမာကား၊ လင်ရှိသောမိန်းမသည် လင်မသေ မှီတိုင်အောင်၊ ပညတ်တရားအားဖြင့် လင်၌ချည်နှောင် လျက်ရှိ၏။ လင်သေလျှင်မူကား လင်ဝတ်နှင့်လွတ်၏။
- ရောမဩဝါဒစာ 7:3ခရစ်နှစ် 60 ခန့်
ထိုကြောင့်၊ မိမိလင်မသေမှီအခြားသော သူ၏ မယားဖြစ်လျှင်၊ မျောက်မထားသောမိန်းမဟု ခေါ်ထိုက် ၏။ လင်လေလျှင်မူကား၊ ထိုတရားနှင့်လွတ်သည်ဖြစ်၍၊ အခြားသောသူ၏ မယားဖြစ်သော်လည်း၊ မျောက်မထားသောမိန်းမဟု ခေါ်စရာအကြောင်းမရှိ။
- ရောမဩဝါဒစာ 7:4ခရစ်နှစ် 60 ခန့်
ထိုနည်းတူ၊ ငါညီအစ်ကိုတို့၊ သင်တို့သည် အခြားသော သူတည်းဟူသော၊ သေခြင်းမှ ထမြောက် တော်မူသော သူ၏မယားဖြစ်၍၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ တိုးပွါးမည်အကြောင်း၊ ခရစ်တော်၏ ကိုယ်ခန္ဓာအားဖြင့်သေ၍ ပညတ်တရားနှင့်ကွာကြ၏။
- ရောမဩဝါဒစာ 7:5ခရစ်နှစ် 60 ခန့်
ငါတို့သည် ဇာတိပကတိ၌ ကျင်လည်သောအခါ၊ အပြစ်နှင့် စပ်ဆိုင်သောစိတ်တို့သည် ပညတ်တရား အားဖြင့်ပေါက်၍ သေခြင်းတရား၏အလိုနှင့်အညီ တိုးပွါးမည်အကြောင်း၊ ငါတို့၏ကိုယ်အင်္ဂါများ၌ ပြုပြင် ကြ၏။
- ရောမဩဝါဒစာ 7:6ခရစ်နှစ် 60 ခန့်
ယခုမူကား၊ ကျမ်းစာ၌ပါသော တရားဟောင်းကို မမှီဘဲ၊ ဝိညာဉ်တော်တရားသစ်ကို မှီ၍ အမှု ဆောင်ရွက်ခြင်းအလိုငှါ၊ ငါတို့သည် အသေသဖြင့် အုပ်ချုပ်သောပညတ်တရား၏လက်မှ လွတ်ခြင်းသို့ ရောက်ကြပြီ။
- ရောမဩဝါဒစာ 7:7ခရစ်နှစ် 60 ခန့်
သို့ဖြစ်၍ အဘယ်သို့ပြောရမည်နည်း။ ပညတ် တရား၌ အပြစ်ရှိသလော။ အပြစ်မရှိနိုင်ရာ။ သို့ရာတွင် ပညတ်တရားအားဖြင့်သာ အပြစ်သဘောကို ငါသိရ၏။ အဘယ်သို့နည်းဟူမူကား၊ လောဘစိတ်မရှိစေနှင့်ဟု ပညတ်တရားမဆိုလျှင်၊ လောဘသဘောကိုငါမသိ။
- ရောမဩဝါဒစာ 7:8ခရစ်နှစ် 60 ခန့်
အပြစ်တရားသည် ပညတ်တရားအားဖြင့် အခွင့်ရ၍၊ ငါ၌ အမျိုးမျိုးသော လောဘတို့ကို ဖြစ်စေ၏။ ပညတ်တရားမရှိလျှင်၊ အပြစ်တရားသေ၏။
- ရောမဩဝါဒစာ 7:9ခရစ်နှစ် 60 ခန့်
အထက်ကပညတ်တရားမရှိသဖြင့်၊ ငါသည် အသက်ရှင်၏။ ပညတ်တရားပေါ်သောအခါ အပြစ် တရားသည် ရှင်ပြန်၏။ ငါလည်း သေ၏။
- ရောမဩဝါဒစာ 7:10ခရစ်နှစ် 60 ခန့်
အသက်ရှင်ခြင်းနှင့်ဆိုင်သော ပညတ်တရား သည် သေခြင်းနှင့် ဆိုင်သည်ကို ငါတွေ့၏။
- ရောမဩဝါဒစာ 7:11ခရစ်နှစ် 60 ခန့်
အပြစ်တရားသည်ပညတ်တရားအားဖြင့် အခွင့်ရလျှင်၊ ငါ့ကို လှည့်ဖြား၍ ထိုတရားအားဖြင့် ငါ့ကို သတ်လေ၏။
- ရောမဩဝါဒစာ 7:12ခရစ်နှစ် 60 ခန့်
ထိုကြောင့်၊ တရားတော်သည်သန့်ရင်းခြင်းရှိ၏။ ပညတ်တရားလည်း သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏။
- ရောမဩဝါဒစာ 7:13ခရစ်နှစ် 60 ခန့်
သို့ဖြစ်လျှင် ကောင်းမြတ်သောအရာသည် ငါ၌သေခြင်းအကြောင်း ဖြစ်သလော။ မဖြစ်နိုင်ရာ။ အပြစ်တရားသည် မိမိသဘောကို ထင်ရှားစေခြင်းငှါ ကောင်းမြတ်သောအရာအားဖြင့် ငါ၌သေခြင်းကို ပြု၍ သေခြင်းအကြောင်းဖြစ်၏။ ထိုသို့ဖြစ်သောကြောင့် အပြစ်တရားသည် ပညတ်တော်အားဖြင့် အလွန်အပြစ် နှင့်ပြည့်စုံခြင်းရှိသတည်း။
- ရောမဩဝါဒစာ 7:14ခရစ်နှစ် 60 ခန့်
ထိုမှတပါး ၊ပညတ်တရားသည် ဝိညာဉ်ပကတိနှင့် စပ်ဆိုင်သည်ကို ငါတို့သိကြ၏။ ငါမူကား ဇာတိ ပကတိရှိ၏။ အပြစ်တရားလက်၌ ကျေးကျွန်ဖြစ်၏။