အကြောင်းအရာသို့ ကျော်သွားရန်

circa AD 48–96

Letters to the Churches

Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.

2,767 အခန်းငယ် · 21 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဖိလိပ္ပိဩဝါဒစာ 2:15ခရစ်နှစ် 64 ခန့်

    သို့ပြုလျှင် အပြစ်တင်ခွင့်မရှိ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲနေ၍၊

  2. ဖိလိပ္ပိဩဝါဒစာ 2:16ခရစ်နှစ် 64 ခန့်

    မဖြောင့်မမှန် ဖောက်ပြန်သောလူမျိုးအထဲ၌ အဘယ်အပြစ်မျှမပါသော ဘုရားသခင်၏ သားဖြစ်ကြ လိမ့်မည်။ အသက်ရှင်ခြင်းနှင့်ဆိုင်သော နှုတ်ကပတ် တရားတော်ကို ပြသ၍၊ စကြဝဠာ၌ နေ၊ လ၊ ကြယ် နက္ခတ်ကဲ့သို့ ထိုလူမျိုးအထဲ၌ ထွန်းလင်းကြ၏။ သို့ပြုလျှင် ငါသည် အကျိုးမရှိဘဲလျက် ပြေးသည်မဟုတ်၊ အကျိုး မရှိဘဲလျက် ကြိုးစားအားထုတ်သည်မဟုတ်ကြောင်းကို ငါထောက်၍ ခရစ်တော်၏နေ့ရက်၌ ဝါကြွားဝမ်းမြောက် ခြင်းရှိလိမ့်မည်။

  3. ဖိလိပ္ပိဩဝါဒစာ 2:17ခရစ်နှစ် 64 ခန့်

    ထိုမျှမက၊ သင်တို့၏ယုံကြည်ခြင်းကို တင်လှူ ပူဇော်သော ယဇ်အပေါ်မှာ ငါ့ကိုလောင်းသော်လည်း ဝမ်းမြောက်ခြင်းရှိ၏။ သင်တို့ရှိသမျှနှင့်အတူ ငါဝမ်းမြောက်ခြင်းရှိ၏။

  4. ဖိလိပ္ပိဩဝါဒစာ 2:18ခရစ်နှစ် 64 ခန့်

    ထိုနည်းတူ သင်တို့သည်လည်း ဝမ်းမြောက်ကြလော့။ ငါနှင့်အတူ ဝမ်းမြောက်ခြင်း ရှိကြလော့။

  5. ဖိလိပ္ပိဩဝါဒစာ 2:19ခရစ်နှစ် 64 ခန့်

    သင်တို့အကြောင်းအရာများကို ငါသိ၍ စိတ်သက်သာခြင်းငှါ၊ တိမောသေကို သင်တို့ရှိရသို့ များ မကြာ စေလွှတ်မည်အကြောင်း၊ သခင်ယေရှုခရစ်၌ ငါမှီဝဲခြင်းရှိ၏။

  6. ဖိလိပ္ပိဩဝါဒစာ 2:20ခရစ်နှစ် 64 ခန့်

    အကြောင်းမူကား၊ ထိုသူသည် သင်တို့အကျိုးကို ကြည့်ရှုချင်သော စေတနာစိတ်ရှိသကဲ့သို့ စိတ်သဘောတူ သော သူတယောက်မျှ ငါတို့၌မရှိ။

  7. ဖိလိပ္ပိဩဝါဒစာ 2:21ခရစ်နှစ် 64 ခန့်

    လူခပ်သိမ်းတို့သည် ယေရှုခရစ်၏အကျိုးကို မရှာ၊ ကိုယ်အကျိုးကိုသာ ရှာကြ၏။

  8. ဖိလိပ္ပိဩဝါဒစာ 2:22ခရစ်နှစ် 64 ခန့်

    သို့သော်လည်း သားသည်အဘနှင့်အတူ ဆောင်ရွက်သကဲ့သို့၊ သူသည်ငါနှင့်အတူ ဧဝံဂေလိတရားအမှုကို အမှန်ဆောင်ရွက်သည်ဟု သူပြသောသက်သေကို သင်တို့ သိကြ၏။

  9. ဖိလိပ္ပိဩဝါဒစာ 2:23ခရစ်နှစ် 64 ခန့်

    ထိုကြောင့် ငါ၌အဘယ်သို့ဖြစ်မည်ဟု ငါသိ သောအခါ၊ သူ့ကို သင်တို့ရှိရာသို့ ချက်ခြင်းစေလွှတ်မည် ဟု ကြံစည်မြော်လင့်လျက် ငါနေ၏။

  10. ဖိလိပ္ပိဩဝါဒစာ 2:24ခရစ်နှစ် 64 ခန့်

    ထိုမျှမက၊ ငါ့ကိုယ်တိုင် သင်တို့ရှိရာသို့ များမကြာလာမည်ဟု သခင်ဘုရားအားဖြင့် ယုံမှတ်စွဲ လမ်းသောစိတ်ရှိ၏။

  11. ဖိလိပ္ပိဩဝါဒစာ 2:25ခရစ်နှစ် 64 ခန့်

    သို့သော်လည်း ဆောင်ရွက်ခြင်း၊ စစ်တိုက်ခြင်းအမှု၌ ငါ၏အပေါင်းအဘော်၊ ငါ့ကိုပြုစုသော သူတည်း ဟူသော သင်တို့တမန်၊ ငါ့ညီ ဧပဖြောဒိတ်ကို သင်တို့ရှိရာသို့ ယခုစေလွှတ်သင့်သည်ဟု ငါထင်မှတ်၏။

  12. ဖိလိပ္ပိဩဝါဒစာ 2:26ခရစ်နှစ် 64 ခန့်

    အကြောင်းမူကား၊ သူသည် နာကြောင်းကို သင်တို့ကြားသိသောကြောင့်၊ သူသည် သင်တို့အပေါင်းကို လွမ်းဆွတ်၍ စိတ်မသာလျက်နေ၏။

  13. ဖိလိပ္ပိဩဝါဒစာ 2:27ခရစ်နှစ် 64 ခန့်

    သူသည် သေလုအောင် နာသည်မှန်၏။ ထိုအခါ ဘုရားသခင်သည် သူ့ကို သနားတော်မူ၏။ သူ့ကိုသာ သနားတော်မူသည်မဟုတ်။ ငါ့၌ ဝမ်းနည်းခြင်းအဆင့်ဆင့် အထပ်ထပ်မရှိစေခြင်းငှါ၊ ငါ့ကိုလည်း သနားတော်မူ၏။

  14. ဖိလိပ္ပိဩဝါဒစာ 2:28ခရစ်နှစ် 64 ခန့်

    ထိုကြောင့် သင်တို့သည် သူ့ကိုတဖန် တွေ့မြင်၍ ဝမ်းမြောက်စေခြင်းငှါ၎င်း၊ ငါသည်လည်း သက်သာ ခြင်းငှါ၎င်း၊ သူ့ကို သာ၍ကြိုးစားသည်နှင့် ငါစေလွှတ်၏။

  15. ဖိလိပ္ပိဩဝါဒစာ 2:29ခရစ်နှစ် 64 ခန့်

    သို့ဖြစ်၍ သခင်ဘုရားကို ထောက်လျက်၊ ဝမ်းမြောက်သောစိတ်နှင့် သူ့ကိုလက်ခံကြလော့။ ထိုသို့ သောသူတို့ကို ရိုသေလေးမြတ်ကြလော့။

  16. ဖိလိပ္ပိဩဝါဒစာ 2:30ခရစ်နှစ် 64 ခန့်

    အကြောင်းမူကား၊ သင်တို့သည် ငါ့ကိုပြုစု၍ မပြည့်စုံသေးသောဝတ်ကို သူသည် ပြည့်စုံခြင်းငှါ၊ ကိုယ်အသက်ကို စွန့်စား၍ ခရစ်တော်၏အမှုကြောင့် သေခြင်းသို့ ရောက်လုနီးပြီ။

  17. ဖိလိပ္ပိဩဝါဒစာ 3:1ခရစ်နှစ် 64 ခန့်

    ကြွင်းသေးသော စကားဟူမူကား၊ ငါ့ညီအစ်ကိုတို့၊ သခင်ဘုရား၌ ဝမ်းမြောက်ခြင်းရှိကြလော့။ အထပ် ထပ် ငါရေးလိုက်သော်လည်း ပင်ပန်းခြင်းမရှိ။ သင်တို့မူကား လုံခြုံခြင်း ရှိကြလိမ့်မည်။

  18. ဖိလိပ္ပိဩဝါဒစာ 3:2ခရစ်နှစ် 64 ခန့်

    ခွေးတို့ကိုရှောင်ကြလော့။ မကောင်းသော အကျင့်ကို ကျင့်သောသူတို့ကို ရှောင်ကြလော့။ အရေဖျား လှီးခြင်းကို ခံယောင်ဆောင်သော သူတို့ကို ရှောင်ကြလော့။

  19. ဖိလိပ္ပိဩဝါဒစာ 3:3ခရစ်နှစ် 64 ခန့်

    ငါတို့သည် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်ကို ကိုးကွယ်၍၊ ဇာတိ၌ကိုးစားခြင်းမရှိဘဲ၊ ယေရှုခရစ်၌သာ ဝါကြွားဝမ်းမြောက်သောသူဖြစ်၍၊ မှန်သောအရေဖျား လှီးခြင်းကို ခံသောသူဖြစ်ကြ၏။

  20. ဖိလိပ္ပိဩဝါဒစာ 3:4ခရစ်နှစ် 64 ခန့်

    သို့သော်လည်း ငါဖြစ်လျှင် ဇာတိ၌ကိုးစားစရာအကြောင်းရှိ၏။ အခြားသူမည်သည်ကား၊ ဇာတိ၌ ကိုးစားစရာ အကြောင်းရှိသည်ဟု ထင်လျှင်၊ ငါမူကား သာ၍ရှိ၏။

  21. ဖိလိပ္ပိဩဝါဒစာ 3:5ခရစ်နှစ် 64 ခန့်

    ငါသည်ရှစ်ရက်မြောက်သောနေ့၌ အရေဖျား လှီးခြင်းကို ခံရ၏။ ဣသရေလအမျိုး၊ ဗင်္ယာမိန် အနွယ် ဖြစ်၏။ ဟေဗြဲလူမှဆင်းသက်သော ဟေဗြဲလူစစ်ဖြစ်၏။ တရားအားဖြင့် ဖာရိရှဲဖြစ်၏။

  22. ဖိလိပ္ပိဩဝါဒစာ 3:6ခရစ်နှစ် 64 ခန့်

    စိတ်အားကြီးခြင်းကို မေးသော်၊ ငါသည် အသင်းတော်ကို ညှင်းဆဲသောသူဖြစ်၏။ ပညတ်တရား အားဖြင့်ရသော ဖြောင့်မတ်ခြင်းကို မေးပြန်သော်၊ ငါသည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူဖြစ်၏။

  23. ဖိလိပ္ပိဩဝါဒစာ 3:7ခရစ်နှစ် 64 ခန့်

    သို့သော်လည်းငါ၏ အကျိုးစီးပွားကို ပြုစုသော အရာရှိသမျှတို့ကို ရှုံးစေသောအရာကဲ့သို့ ခရစ်တော် ကြောင့် ငါထင်မှတ်၏။

  24. ဖိလိပ္ပိဩဝါဒစာ 3:8ခရစ်နှစ် 64 ခန့်

    ထိုမျှမကငါ၏ သခင်ယေရှုခရစ်ကိုသိသော ပညာသည်

  25. ဖိလိပ္ပိဩဝါဒစာ 3:9ခရစ်နှစ် 64 ခန့်

    အဘယ်မျှလောက် မြတ်သည်ကို ထောက်၍၊ ခပ်သိမ်းသောအရာတို့ကို