အကြောင်းအရာသို့ ကျော်သွားရန်

Solomon

275 အခန်းငယ် · 27 မိသားစုဝင်

အခြားအမည်: Jedidiah

Solomon ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တည်ဆောက်ခြင်းအမှုတော်ကို စီရင်သောသူ အမှုတော်အုပ် ငါးရာငါးဆယ်ရှိ၏။

  2. ဖာရောရှင်ဘုရင်၏ သမီးတော်သည် ဒါဝိဒ်မြို့မှ ထွက်၍၊ သူ့အဘို့ ရှောလမုန်တည်ဆောက်သော နန်း တော်သို့ ပြောင်းပြီးမှ၊ ရှောလမုန်သည် မိလ္လောမြို့ကို ပြုပြင်လေ၏။

  3. ထာဝရဘုရားရှေ့တော်၌ရှိသော ယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့သဖြင့် အိမ်တော်ကို လက်စသတ်လေ၏။

  4. တဖန်ရှောလမုန် မင်းကြီးသည် ဧဒုံပြည်တွင်၊ ဧဒုံပင်လယ်ကမ်းနား၌၊ ဧလုတ်မြို့နှင့် နီးစပ်သော ဧဇယုန်ဂါဗာမြို့မှာ သင်္ဘောတို့ကို တည်လုပ်၏။

  5. ပင်လယ်ကူးသော အမှုကိုနားလည်သော မိမိကျွန်၊ သင်္ဘောသားတို့ကို ဟိရံမင်းသည် ထိုသင်္ဘော ပေါ်မှာ ရှောလမုန်၏ လူတို့နှင့်အတူ စီးစေ၏။

  6. သူတို့သည် ဩဖိရမြို့သို့သွား၍ ရွှေအခွက်လေးရာနှစ်ဆယ်ကို ရှောလမုန်မင်းကြီးထံသို့ ဆောင်ခဲ့ ကြ၏။

  7. ရှေဘပြည်ကို အစိုးရသော မိဖုရားသည် ရှောလမုန်၏ ဂုဏ်အသရေနှင့် ထာဝရဘုရား၏ နာမတော် သိတင်းကိုကြားလျှင်၊ နက်နဲခက်ခဲသော ပြဿနာအားဖြင့် သူ့ကို စုံစမ်းခြင်းငှါ လာ၏။

  8. နံ့သာမျိုးနှင့် များစွာသောရွှေ၊ အဘိုးထိုက်သော ကျောက်တို့ကိုဆောင်သော ကုလားအုပ်များ၊ လိုက်သော သူများနှင့်တကွ ယေရုရှလင်မြို့သို့ရောက်၍၊ ရှောလမုန်မင်းကြီးထံတော်သို့ ဝင်သောအခါ၊ မိမိအလိုဆန္ဒရှိသမျှကို ဆွေးနွေးမေးမြန်းလေ၏။

  9. သူမေးမြန်းသော ပြဿနာရှိသမျှတို့ကို ရှောလမုန်မင်းကြီးသည် ဖြေလေ၏။ နားမလည်၍ မဖြေနိုင် သောအရာ တစုံတခုမျှမရှိ။

  10. ရှေဘမိဖုရားသည် ရှောလမုန်၏ ပညာအလုံးစုံကို၎င်း၊ တည်ဆောက်သောအိမ်တော်ကို၎င်း၊

  11. ရွှေအခွက်တရာနှစ်ဆယ်၊ နံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအား ဆက်သော နံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအား ဆက်သောနံ့သာမျိုးနှင့်အမျှ များပြားသော နံ့သာမျိုးသည် နောက်တဖန်မရောက်။

  12. ရှောလမုန်မင်းကြီးသည် အလိုလိုပေးသော လက်ဆောင်မှတပါး၊ ရှေဘမိဖုရား၏ အလိုဆန္ဒပြည့်စုံစေ ခြင်းငှါ၊ သူတောင်းသမျှကိုလည်း ပေးတော်မူ၏။ ထိုနောက်မှ မိဖုရားသည် မိမိကျွန်တို့နှင့်တကွ မိမိပြည်သို့ ပြန်သွားလေ၏။

  13. ရှောလမုန်ထံသို့ တနှစ်တနှစ်လျှင် ရောက်သော ရွှေအချိန်ကား အခွက်ခြောက်ရာခြောက်ဆယ်ခြောက် ပိဿာဖြစ်သတည်း။

  14. ရှောလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းကြီးနှစ်ရာ၊ သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုတ်လုပ်၍ လေဗနုန်တောသစ်သားနှင့် တည်ဆောက်သောနန်းတော်၌ ထားတော်မူ၏။

  15. ရှောလမုန်မင်းကြီးသောက်သော ဖလားတော် ရှိသမျှနှင့် လေဗနုန်နန်းတော်၌ သုံးသောဖလားတော် ရှိသမျှတို့သည် ငွေဖလားမဟုတ် ရွှေဖလားသက်သက် ဖြစ်၏။ ရှောလမုန်လက်ထက်၌ ငွေကို အလျှင်းပမာဏ မပြုတတ်ကြ။

  16. ထိုသို့ရှောလမုန်သည် မြေကြီးပေါ်မှာ ရှိသမျှသော ရှင်ဘုရင်တို့ထက် ပညာနှင့် စည်းစိမ်အားဖြင့် လွန်ကဲ၏။

  17. ရှောလမုန်၏ နှလုံး၌ ဘုရားသခင် သွင်းပေးတော်မူသော ပညာကို မြေကြီးသားအပေါင်းတို့သည် ကြားရအံ့သောငှါ၊ မျက်နှာတော်ကို ဖူးလာကြ၏။

  18. ရှောလမုန်သည်လည်း၊ ရထားများ၊ မြင်းစီးသူရဲ များကို ဆည်းဖူး၍၊ ရထားတထောင်နှင့် လေးရာ၊ မြင်းစီးသူရဲတသောင်းနှစ်ထောင်ရှိ၏။ ရထားထိန်း မြို့တို့၌ ၎င်း၊ ယေရုရှလင်မြို့ အထံတော်၌၎င်းထား၏။

  19. ရှောလမုန်ထံသို့ မြင်းများကို အဲဂုတ္တုပြည်၊ ကောမြို့မှဆောင်ခဲ့ရ၏။ ရှင်ဘုရင်၏ ကုန်သည်တို့သည် အဘိုးပေးလျက် ကောမြို့၌ ခံယူရကြ၏။

  20. ရှောလမုန်မင်းကြီးသည် ဖာရောဘုရင်၏ သမီးမှတပါး၊ ဣသရေလအမျိုးသားမဟုတ်သော မောဘအမျိုး၊ အမ္မုန်အမျိုး၊ ဧဒုံအမျိုး၊ ဇိဒုန်အမျိုး၊ ဟိတ္တိအမျိုးသား မိန်းမအများတို့ကို ချစ်တတ်၏။

  21. ထာဝရဘုရားက၊ သင်တို့သည် တပါးအမျိုးသားတို့နှင့်စုံဘက်ခြင်းကိုမပြုရ။ အကယ်စင်စစ်သူတို့သည် မိမိတို့ဘုရားများနောက်သို့ သင်တို့၏ စိတ်နှလုံးကို လွဲစေကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား မိန့်တော် မူသော်လည်း၊ ရှောလမုန်သည် တပါးအမျိုးသား မိန်းမတို့ကို တပ်မက်သောစိတ်ရှိ၏။

  22. ရှောလမုန်သည် အသက်ကြီးသောအခါ၊ မိန်းမများတို့သည် စိတ်နှလုံးတော်ကို အခြားတပါးသော ဘုရား နောက်သို့ လွဲစေသဖြင့်၊ စိတ်နှလုံးတော်သည် ခမည်းတော် ဒါဝိဒ်၏ စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ စုံလင်ခြင်းမရှိ။

  23. ဇိဒုန်နတ်သမီးအာရှတရက်၊ ရွံရှာဘွယ်သော အမ္မုန်ဘုရား မိလကုံနောက်သို့ လိုက်၍၊

  24. ခမည်းတော်ဒါဝိဒ်ကဲ့သို့ ထာဝရဘုရား၌ လုံးလုံး မဆည်းကပ်၊ ရှေ့တော်၌ဒုစရိုက်ကိုပြုလေ၏။

  25. ထိုအခါရှောလမုန်သည် ရွံရှာဘွယ်သောမောဘဘုရားခေမုရှနှင့် ရွံရှာဘွယ်သော အမ္မုန်ဘုရားမောလုတ်အဘို့၊ ယေရုရှလင်မြို့ ရှေ့တော်၌ရှိသော တောင်ပေါ်တွင် ကုန်းတို့ကို တည်လေ၏။