အကြောင်းအရာသို့ ကျော်သွားရန်

Samuel

122 အခန်းငယ် · 4 မိသားစုဝင်

အခြားအမည်: Shemuel

Samuel ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှမွေလသည် မီးရှို့ရာယဇ်ကို ပူဇော်စဉ်အခါ၊ ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကို တိုက်ခြင်းငှါ ချဉ်းလာကြ၏။ ထာဝရဘုရားသည်လည်း၊ ထိုနေ့၌ ဖိလိတ္တိလူတို့အပေါ်မှာ ပြင်းစွာ မိုဃ်းချုန်းစေ၍၊ သူတို့တပ်ကို ဖျက်တော်မူသဖြင့်၊ ဣသရေလအမျိုးရှေ့မှာ ရှုံးကြ၏။

  2. ထိုအခါ ရှမွေလသည် ကျောက်ကို ယူ၍ မိဇပါမြို့နှင့်ရှင်မြို့စပ်ကြားမှာ ထူထောင်သဖြင့်၊ ထာဝရ ဘုရားသည် ငါတို့ကို ယခုတိုင်အောင် မစတော်မူပြီဟုဆိုလျက်၊ ထိုကျောက်ကို ဧဗနေဇာအမည်ဖြင့် မှည့်လေ၏။

  3. ထိုသို့ ဖိလိတ္တိလူတို့သည် ရှုံးသဖြင့်၊ နောက်တဖန် ဣသရေလအမျိုးနေရာအရပ်သို့ မလာကြ။ ရှမွေလလက်ထက် ကာလပတ်လုံး ထာဝရဘုရား၏ လက်တော်သည် ဖိလိတ္တိလူတို့ကို ဆီးတား တော်မူ၏။

  4. ရှမွေလသည် တသက်လုံး ဣသရေလအမျိုးကို အုပ်စိုးလေ၏။

  5. ရှမွေလသည် အသက်ကြီးသောအခါ၊ မိမိသားတို့ကို ဣသရေလအမျိုး၌ အုပ်စိုးရသော အခွင့်နှင့် ခန့်ထား၏။

  6. ထိုအခါ ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည် စည်းဝေး၍၊ ရှမွေလရှိရာ အရပ် ရာမမြို့သို့လာပြီးလျှင်၊

  7. ထိုသို့ အကျွန်ုပ်တို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ပေးပါလော့ဟု လျှောက်သောအမှုကို ရှမွေလသည် မနှစ်သက်သောကြောင့် ထာဝရဘုရားအား ဆုတောင်းလေ၏။

  8. ထာဝရဘုရားကလည်း၊ သင့်အား လူများတို့ ပြောဆိုသမျှသော စကားကို နားထောင်လော့။ သူတို့ သည် သင့်ကိုသာမပယ်၊ ငါသည် သူတို့ကို မအုပ်စိုးစေခြင်းငှါ ငါ့ကိုလည်းပယ်ကြပြီ။

  9. ရှမွေလသည်လည်း၊ ရှင်ဘုရင်ကို တောင်းသောသူတို့အား ထာဝရဘုရား အမိန့်တော်ရှိသမျှကို ပြန်ပြော၍၊-

  10. သို့သော်လည်း လူများတို့က၊ မဟုတ်ပါ။ အုပ်စိုးသော ရှင်ဘုရင်ကို လိုချင်ပါ၏။

  11. ထိုသူတို့၏ စကားများကို ရှမွေလသည် ကြားလျှင်၊ ထာဝရဘုရားရှေ့တော်၌ လျှောက်လေ၏။

  12. ထာဝရဘုရားကလည်း၊ သူတို့စကားကို နားထောင်၍ သူတို့အဘို့ ရှင်ဘုရင်ကို ချီးမြှောက်လော့ဟု မိန့်တော်မူသဖြင့်၊ ရှမွေလက၊ သင်တို့အသီးအသီး နေရာ မြို့ရွာသို့ ပြန်သွားကြလော့ဟု ဣသရေလ လူတို့အား ပြောဆိုလေ၏။

  13. သူတို့သည် မြို့ထဲသို့ဝင်၍ ရှမွေလသည် မြင့်သောအရပ်သို့ တက်သွားလျက် သူတို့ကို ဆီး၍ ကြိုလေ၏။

  14. ရှောလုမရောက်မှီ မနေ့၌ ထာဝရဘုရားက၊ နက်ဖြန်နေ့၊

  15. ရှမွေလသည် ရှောလုကို မြင်သောအခါ၊ ထာဝရဘုရားက၊ ငါပြောသောသူကို ကြည့်လော့၊ ဤသူ သည် ငါ၏ လူတို့ကို အုပ်ချုပ်ရလိမ့်မည်ဟု မိန့်တော်မူ၏။

  16. ထိုအခါ ရှောလုသည် ရှမွေလရှိရာ တံခါးဝသို့ ချဉ်းကပ်လျှင်၊ မြင်သောသူ၏အိမ်ကို ပြပါလော့ဟု တောင်းပန်သော်၊-

  17. ရှမွေလက၊ ငါသည် မြင်သောသူ ဖြစ်၏။ ငါ့ရှေ့မှာ မြင့်သောအရပ်သို့ တက်သွားလော့။ ယနေ့ ငါနှင့်အတူ စားရမည်။ နက်ဖြန်နေ့ ငါလွှတ်လိုက်မည်။ သင့်စိတ်နှလုံးထဲမှာ ရှိသမျှကိုလည်း ငါဘော်ပြမည်။

  18. ထိုအခါ ရှမွေလသည် ရှောလုနှင့် သူ၏ငယ်သားကိုခေါ်၍ အိမ်ခန်းထဲသို့ သွင်းပြီးလျှင်၊ ခေါ်ဘိတ်သော သူ သုံးဆယ်တို့တွင် အမြတ်ဆုံးသော အရပ်၌ ထိုင်စေ၏။

  19. ပွဲသူကြီးကိုလည်းခေါ်ပြီးလျှင်၊ သင်၌ ငါအပ်ပေး၍ အခြားစီထားစေခြင်းငှါ၊ ငါမှာခဲ့သောအဘို့ကို ယူခဲ့တော့ဟု ဆိုသည်အတိုင်း၊

  20. ပွဲသူကြီးသည် ပခုံးနှင့် ပခုံးပေါ်မှာ ခင်းသောအရာကိုယူ၍ ရှောလုရှေ့မှာထားလေ၏။ ရှမွေလက လည်း၊ ချန်ထားသောအရာကို ယူ၍ စားတော့။ ခေါ်ဘိတ်သော သူတို့အား ပြောနှင့်သည်အတိုင်း သင့်အဘို့ ယခုတိုင်အောင် သိုထားလျက်ရှိပြီဟု ဆို၍ ထိုနေ့၌ ရှောလုသည် ရှမွေလနှင့်အတူ စား သောက်လေ၏။

  21. ထိုသူတို့သည် မြင့်သောအရပ်မှဆင်း၍ မြို့ထဲသို့ဝင်ပြီးလျှင်၊ ရှမွေလနှင့်ရှောလုတို့သည် အိမ်မိုးပေါ် မှာ စကားပြောလျက် နေကြ၏။

  22. နံနက်စောစောထ၍ မိုဃ်းလင်းသောအခါ၊ ရှမွေလက၊ ထလော့။ သင့်ကို ငါလွှတ်လိုက်မည်ဟု ရှော လုကို အိမ်မိုးပေါ်မှာ ခေါ်ပြီးလျှင်၊ ရှောလုသည် ထ၍ ထိုသူနှစ်ယောက်တို့သည် ထွက်သွားကြ၏။

  23. မြို့စွန်းသို့ ရောက်သောအခါ ရှမွေလက၊ သင်၏ ငယ်သားကို ရှေ့သို့သွားစေခြင်းငှါ ပြောတော့ဟု ရှောလုအားဆိုသဖြင့်၊ ငယ်သားသည် ရှေ့သို့သွားလေ၏။ ရှမွေလကလည်း ရပ်နေတော့။ ဘုရား သခင်၏ အမိန့်တော်ကို ငါပြန်မည်ဟုဆိုလျက်၊

  24. ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်မှာ လောင်းလေ၏။ တဖန် သူ့ကိုနမ်းသဖြင့်၊ ထာဝရဘုရားသည် သင့်ကို အမွေတော်လူမျိုး၏ မင်းအရာ၌ ခန့်ထား၍ ဆီလောင်ခြင်း ဘိသိက်ကိုပေးတော်မူ၏။

  25. ရှောလုသည် ရှမွေလထံမှ ထွက်သွားမည်ဟု လှည့်သောအခါ၊ ခြားနားသော စိတ်နှလုံးကို ဘုရားသခင် ပေးတော်မူ၍၊ ထိုနိမိတ်လက္ခဏာ အလုံးစုံတို့သည် ထိုနေ့ခြင်းတွင် ဖြစ်လေ၏။