Skip to content

Agency အကြောင်း ကျမ်းစာအခန်းငယ်များ

37 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သင်နှင့်မိန်းမကို၎င်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏ အမျိုးအနွယ်ကို၎င်း၊ ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။

  2. တဖန်ရှမွေလက၊ ထာဝရဘုရား၏လူ ဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ သင့်ကို ဘိသိက်ပေးမည် အကြောင်း၊ ငါ့ကို အထက်စေလွှတ်တော်မူသည်ဖြစ်၍၊ ယခုမှာ ထာဝရဘုရား၏ စကားတော်ကို နားထောင်လော့။

  3. ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလအမျိုး၌၊ အာမလက်အမျိုးပြုသော ဆီးတားခြင်းအမှုကို ငါမှတ်လျက်ရှိ၏။-

  4. ယခုသွား၍ ထိုအမျိုးကို လုပ်ကြံလော့။ နှမြောခြင်းမရှိဘဲ၊ ရှင်းရှင်းဖျက်ဆီး၍၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍၊ သိုး၊ နွား၊ ကုလားအုပ်၊ မြည်းတို့ကို သတ်လော့ဟု ရှောလုအား ဆင့်ဆိုသည် အတိုင်း၊

  5. ရှောလုသည် လူတို့ကို စုဝေးစေ၍ တေလိမ်မြို့မှာ စာရင်းယူသဖြင့်၊ ခြေသည်သူရဲနှစ်သိန်း၊ ယုဒ စစ်သူရဲတသောင်း ရှိကြ၏။

  6. ရှောလုသည်လည်း အာမလက်မြို့သို့ စစ်ချီ၍ ချိုင့်၌ တပ်ချပြီးမှ၊

  7. ကေနိလူတို့ရှိရာသို့ စေလွှတ်လျက်၊ သင်တို့ကို အာမလက်လူတို့နှင့်အတူ ငါဖျက်ဆီးမည်ဟု စိုးရိမ် စရာရှိသောကြောင့်၊ သူတို့အထဲက ထွက်သွား၍ နေရာ ပြောင်းကြလော့။ ဣသရေလအမျိုးသား တို့သည် အဲဂုတ္တုပြည်မှ ထွက်လာသောအခါ သင်တို့သည် ကျေးဇူးပြုကြပြီဟု မှာလိုက်သည် အတိုင်း၊ ကေနိလူတို့သည် အာမလက်လူတို့အထဲက ထွက်သွားကြ၏။

  8. ရှောလုသည် ဟဝိလမြို့မှစ၍ အဲဂုတ္တုပြည် တဘက်တချက်၌နေသော ရှုရမြို့တိုင်အောင် အာမလက် လူတို့ကို လုပ်ကြံလေ၏။

  9. အာမလက်ရှင်ဘုရင်အာဂတ်ကို အရှင်ဘမ်းမိ၏။ လူအပေါင်းတို့ကို ထားဖြင့် ရှင်းရှင်းဖျက်ဆီးလေ၏။

  10. သို့ရာတွင် ရှောလုနှင့် လူများတို့သည် အာဂတ်မင်းနှင့်တကွ၊ သိုး နွားအမြတ်အလတ်၊ ဆူသော သိုးသငယ်၊ ကောင်းသော ဥစ္စာရှိသမျှကို နှမြော၍ ရှင်းရှင်း မဖျက်ဆီးကြ။ အသုံးမဝင် ယုတ်မာ သော ဥစ္စာရှိသမျှကိုသာ ရှင်းရှင်းဖျက်ဆီးကြ၏။

  11. ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ရှမွေလသို့ ရောက်လာ၍၊ -

  12. ငါသည် ရှောလုကို ရှင်ဘုရင်အရာ၌ ခန့်ထားသည်အမှုကြောင့် နောင်တရ၏။ သူသည် ငါ၏ ပညတ်တို့ကို မကျင့်၊ ငါ့နောက်သို့မလိုက်၊ လမ်းလွှဲပြီဟု မိန့်တော်မူ၏။ ရှမွေလသည် ဝမ်းနည်း၍ တညဉ့်လုံး ထာဝရဘုရားအား ဟစ်ကြော်ပြီးလျှင်၊

  13. နံနက်စောစောထ၍ ရှောလုကို ကြိုဆိုခြင်းငှါ သွားသောအခါ၊ ရှောလုသည် ကရမေလမြို့သို့ ရောက်၍ အောင်တိုင်ကို စိုက်ပြီးမှ၊ လှည့်လည်သဖြင့် ဂိလဂါလမြို့သို့ လွန်သွားကြောင်းကို ကြားသောကြောင့်၊ ရှောလုရှိရာသို့ သွားလေ၏။

  14. ရှောလုကလည်း၊ ထာဝရဘုရားသည် ကိုယ်တော်ကို ကောင်းကြီးပေးတော်မူပါစေသော။ အကျွန်ုပ် သည် ထာဝရဘုရားအမိန့်တော်အတိုင်း ပြုပါပြီဟု ဆို၏။

  15. ရှမွေလကလည်း၊ သို့ဖြစ်လျှင် ငါကြားရသော သိုးမြည်သံ၊ နွားမြည်သံကား အဘယ်သို့နည်းဟု မေးသော်၊

  16. ရှောလုက၊ အာမလက်ပြည်မှ ဆောင်ခဲ့ပါပြီ။ လူများတို့သည် ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရား အား ယဇ်ပူဇော်လိုသောငှါ အကောင်းဆုံးသော သိုးနွားတို့ကို နှမြော၍၊ ကြွင်းသော အရာရှိသမျှ တို့ကို ရှင်းရှင်းဖျက်ဆီးပါပြီဟု ဆို၏။

  17. ရှမွေလကလည်း၊ နေပါဦးလော့။ မနေ့ညမှာ ထာဝရဘုရား မိန့်တော်မူသောစကားကို ပြန်ပြောပါ မည်ဟု ရှောလုအားဆိုလျှင်၊ ရှောလုက ပြောပါတော့ဟုဆို၏။

  18. ရှမွေလကလည်း၊ သင်သည် ကိုယ်အထင်အတိုင်း ငယ်သောသူဖြစ်လျက်ပင်၊ ဣသရေလအမျိုးတို့ ၏ အထွဋ်သို့ ရောက်၍၊ ဣသရေလရှင်ဘုရင်အရာနှင့် ထာဝရဘုရား ဘိသိက် ပေးတော်မူသည် မဟုတ်လော။

  19. ထာဝရဘုရားက၊ သွားလော့။ အပြစ်များသော အာမလက်အမျိုးသားတို့ကို ရှင်းရှင်း ဖျက်ဆီးလော့။ မဖျက်ဆီးမှီ တိုင်အောင် စစ်တိုက်လော့ဟု သင့်ကို ဝေးသော အရပ်သို့ စေလွှတ်တော်မူ၏။

  20. သို့ဖြစ်၍ သင်သည် ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ ရန်သူ၏ ဥစ္စာကို လုယူ၍ ထာဝရဘုရားရှေ့တော်၌ ဤဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်းဟု ပြောဆိုသော်၊

  21. ငါသည် သူ၏အဘဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။ သူသည် ဒုစရိုက်ကိုပြုလျှင် လူသုံးတတ်သော ကြိမ်လုံးနှင့် ငါဆုံးမမည်။

  22. ထိုအခါ ယေဟုသည် ထ၍အိမ်ထဲသို့ ဝင်သဖြင့်၊ ပရောဖက်သည် သူ၏ခေါင်းပေါ်၌ ဆီကိုလောင်းလျက်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားက၊ ငါသည် သင့်ကို ထာဝရဘုရား၏လူ ဣသရေလအမျိုး၏ ရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေး၏။

  23. ငါ့ကျွန်ပရောဖက်တို့ကို သတ်သောအပြစ်၊ ထာဝရဘုရား၏ ပရောဖက်အပေါင်းကို သတ်သော အပြစ်အလျောက်၊ ယေဇဗေလ၌ ငါဒဏ်ပေးမည် အကြောင်း၊ သင်သည် သင့်သခင်အာဟပ်အမျိုးကို လုပ်ကြံရမည်။

  24. ငါသည်အထက်ကဤအမှုကို စီရင်ကြောင်းနှင့် ရှေးကာလ၌ ပြုပြင်ကြောင်းကို သင်သည် မကြား သလော။ ယခုမှာလည်း သင်သည် ခိုင်ခံ့သော မြို့တို့ကို ဖျက်ဆီး၍၊ ကျောက်ပုံဖြစ်စေသောသူဖြစ်မည်အကြောင်း ငါစီရင်ခန့်ထားလေပြီ။

  25. ထိုကြောင့်မြို့သားတို့သည် အားနည်းကြ၏။ မှိုင်တွေ၍ စိတ်ပျက်လျက်ရှိကြ၏။ တောမြက်ပင်နှင့် စိမ်းသော စပါးပင်ကဲ့သို့၎င်း၊ အိမ်မိုးပေါ်မှာ ပေါက်သော မြက်ပင်နှင့် မကြီးမှီညှိုးနွမ်းသော စပါးပင်ကဲ့သို့၎င်း ဖြစ်ကြ၏။