အကြောင်းအရာသို့ ကျော်သွားရန်

Agency အကြောင်း ကျမ်းစာအခန်းငယ်များ

37 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဘုရားသခင် စီရင်တော်မူသည်အတိုင်း၊ အာခဇိ သည် ယောရံ ထံသို့ရောက်သောအားဖြင့်၊ ဆုံးရှုံးလေသည် အကြောင်းအရာဟူမူကား၊ အဟပ်အမျိုးကို သုတ်သင် ပယ်ရှင်းစေခြင်းငှါ၊ ထာဝရဘုရား ဘိသိတ်ပေးတော်မူ သောနိမ်ရှိသားယေဟုကို ဆီးကြိုခြင်းငှါ၊ ယောရံနှင့် အာခဇိတို့သည် ထွက်သွား၏။

  2. အိုထာဝရဘုရား၊ ထတော်မူပါ။ သူတို့ကို ဆီးတား၍ လှဲချတော်မူပါ။မတရားသောသူတို့လက်မှ အကျွန်ုပ်အသက်ကို ထားတော်ဖြင့် ကယ်လွှတ်တော်မူပါ။

  3. အိုထာဝရဘုရား၊ လောကီသားဖြစ်သော ထိုလူ တို့လက်မှ အကျွန်ုပ်အသက်ကို လက်တော်ဖြင့် ကယ်လွှတ် တော်မူပါ။ ထိုသူတို့သည် ယခုဘဝမှာ မိမိတို့အဘို့ကို ခံရကြပါ၏။ သူတို့အလိုကို ဘဏ္ဍာတော်နှင့် ပြည့်စုံစေ တော်မူ၏။ သူတို့သားသမီးတို့သည်လည်း ကြွယ်ဝ၍၊ မြေးမြစ်စသည်တို့၌ မိမိတို့ဥစ္စာကို ချန်ထားကြပါ၏။

  4. အာရှုရိလူသည် အမင်္ဂလာရှိ၏။ ငါ့အမျက်၏ လှံတံဖြစ်၏။ သူကိုင်သောတောင်ဝေးသည် ငါဒဏ်ပေး စရာဘို့ ဖြစ်၏။

  5. အဓမ္မ လူမျိုးရှိရာသို့ သူ့ကိုငါစေလွှတ်မည်။ ငါ့အမျက်ခံရာ လူစုကို လုယူဖျက်ဆီး၍၊ လမ်း၌ ရွှံ့ကို ကဲ့သို့ ကျော်နင်းစေခြင်းငှါ၊ သူ့ကိုငါမှာထားမည်။

  6. ထာဝရဘုရားနှင့်အတူတကွ အမျက်တော် လက်နက်တို့သည် တပြည်လုံးကို ဖျက်ဆီးခြင်းငှါ၊ ဝေး သောပြည်၊ ကောင်းကင်စွန်းမှ လာကြ၏။

  7. ငါသည် သင့်ကို အသွားရှိသော စပါးနယ်စရာ ယန္တရားစက် အသစ်ဖြစ်စေမည်။ သင်သည် တောင်ကြီး တို့ကို နယ်၍ ညက်စေမည်။ တောင်ငယ်တို့ကို ဖွဲကဲ့သို့ ဖြစ်စေမည်။

  8. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ၏ အစေကိုမခံ၊ သူ၏ထမ်းဘိုး ကို မထမ်းလိုသော တိုင်းနိုင်ငံရှိသမျှကို၊ သူ၏လက်၌ ဆုံးရှုံးစေခြင်းငှါ၊ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလ နာဘေးဖြင့် ငါအပြစ်ပေးမည်။

  9. အိုသံတူကြီး၊ သင်သည် ငါစစ်တိုက်စရာ လက်နက်ဖြစ်၏။ သင့်ကို ငါကိုင်၍ အတိုင်းတိုင်း အပြည်ပြည်တို့ကို ချိုးဖဲ့ပြီ။

  10. သင့်ကိုကိုင်၍ မြင်းနှင့်မြင်းစီးသူရဲကို၎င်း၊ ရထားနှင့်ရထားစီး သူရဲကို၎င်း ငါချိုးဖဲ့ပြီ။

  11. သင့်ကိုကိုင်၍ ယောက်ျားနှင့်မိန်းမတို့ကို၎င်း၊ အသက်ကြီးသူနှင့် အသက်ငယ်သူတို့ကို၎င်း၊ လူပျိုနှင့် အပျိုမတို့ကို၎င်း ငါချိုးဖဲ့ပြီ။

  12. သင့်ကိုကိုင်၍ သိုးထိန်းနှင့်သိုးစုကို၎င်း၊ လယ် လုပ်သော သူနှင့် နွားယှဉ်ကို၎င်း၊ ဗိုလ်များနှင့် မင်းများကို ၎င်း ငါချိုးဖဲ့ပြီ။