အကြောင်းအရာသို့ ကျော်သွားရန်

Samuel

122 အခန်းငယ် · 4 မိသားစုဝင်

အခြားအမည်: Shemuel

Samuel ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုအခါ ကိုယ်တိုင်ရာမမြို့သို့ သွား၍၊ စေခုရွာ၌ရှိသော ရေတွင်းကြီးသို့ရောက်သော်၊ ရှမွေလနှင့် ဒါဝိဒ်တို့သည် အဘယ်မှာရှိသနည်းဟု မေးလျှင်၊ ရာမမြို့နယ်၊ နာယုတ်ရွာမှာ ရှိပါသည်ဟု ကြားလျှောက်လေသော်၊

  2. အဝတ်တော်ကိုလည်း ချွတ်၍၊ ရှမွေလရှေ့မှာ ထိုအတူပရောဖက်ပြုလျက်၊ အဝတ်မပါဘဲ တနေ့နှင့် တညဉ့် လဲလျက်နေ၏။ ထိုကြောင့် ရှောလုသည်လည်း ပရောဖက်တို့၌ ပါသလောဟု ဆိုလေ့ရှိကြ၏။

  3. ထိုနောက် ရှမွေလသေသောအခါ၊ ဣသရေလအမျိုးသားအပေါင်းတို့သည် စည်းဝေး၍ ငိုကြွေး မြည်တမ်းခြင်းကို ပြုသဖြင့်၊ ရာမမြို့တွင် သူ၏အိမ်၌ သင်္ဂြိုဟ်ကြ၏။ ဒါဝိဒ်သည် ထ၍ ပါရန်တောသို့ သွားလေ၏။

  4. ထိုကာလ၌ ရှမွေလမရှိသေလွန်ပြီ။ ဣသရေလအမျိုးသားပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုလျက်၊ သူ့ကိုသူနေရင်း ရာမမြို့၌ သင်္ဂြိုဟ်ကြပြီ။ ရှောလုသည် စုန်းနှင့် နတ်ဝင်ပေါင်းတို့ကို တပြည်လုံးတွင် သုတ်သင်ပယ်ရှင်းနှင့်ပြီ။

  5. မိန်းမကလည်း၊ အဘယ်သူကို ငါဘော်ရမည်နည်းဟု မေးလျှင်၊ ရှောလုက၊ ရှမွေလကို ဘော်ပါဟု ဆို၏။

  6. မိန်းမသည် ရှမွေလကို မြင်သောအခါ ကြီးသောအသံနှင့် အော်ဟစ်၍၊ ကိုယ်တော်သည် ကျွန်မကို အဘယ်ကြောင့် လှည့်စားသနည်း။ ကိုယ်တော်သည် ရှောလုဖြစ်ပါ၏ဟု ရှောလုအားဆိုလျှင်၊

  7. အဘယ်သို့သော အယောင်ဆောင်သနည်းဟု မေးပြန်သော်၊ လူအိုတက်လာပါ၏။ ဝတ်လုံခြုံလျက် ရှိပါ၏ဟု လျှောက်ပြန်လျှင်၊ ရှမွေလဖြစ်ကြောင်းကို ရှောလုသည် ရိပ်မိလျှင် မြေပေါ်၌ ဦးညွှတ်ပြပ်ဝပ် လျက်နေ၏။

  8. ရှမွေလကလည်း၊ သင်သည် ငါ့ကို နှောက်ရှက်လျက် အဘယ်ကြောင့် ဘော်သနည်းဟု ရှောလုကို မေးသော်၊ ရှောလုက၊ အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းသို့ရောက်ပါပြီ။ ဖိလိတ္တိလူတို့သည် စစ်တိုက် ကြပါ၏။ ဘုရားသခင်သည် အကျွန်ုပ်ကို စွန့်တော်မူပြီ။ ပရောဖက်အားဖြင့် ထူးတော်မမူ။ အိပ်မက်အားဖြင့် ထူးတော်မမူ။ အကျွန်ုပ် သည် အဘယ်သို့ပြုရမည်ကို၊ ကိုယ်တော်ပြစေခြင်းငှါ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါပြီဟု ပြောဆို၏။

  9. ရှမွေလကလည်း၊ ထာဝရဘုရားသည် သင့်ကို စွန့်၍ သင့်ရန်ဘက် ဖြစ်တော်မူသည် မှန်လျှင်၊ ငါ့ကို အဘယ်ကြောင့် မေးမြန်းသေးသနည်း။

  10. ထိုအခါ ရှောလုသည် မြေပေါ်မှာ အလျားပြပ်ဝပ်လဲနေ၍၊ ရှမွေလစကားကြောင့် အလွန် ကြောက်ရွံ့၏။ တနေ့နှင့် တညဉ့်လုံး အဘယ်အစာကိုမျှ မစားဘဲနေသောကြောင့် အားကုန်ပြီ။

  11. ရှမွေလသားဦးကား ယောလ၊ ဒုတိယသား အဘိယတည်း။

  12. ထိုအမှုတော်ကို စောင့်သောသူတို့နှင့် သားစဉ် မြေးဆက်ဟူမူကား၊ ဣသရေလ၊ လေဝိ၊ ကောဟတ်၊ ဣဇဟာ၊ ကောရ၊ ဧဗျာသပ်၊ အဿိရ၊ တာဟတ်၊ ဇေဖနိ၊ အာဇရိ၊ ယောလ၊ ဧလကာန၊ အမာသဲ၊ မာဟတ်၊ ဧလကာန၊ ဇောဖဲ၊ တောအာ၊ ဧလျာဘ၊ ယေရောဟံ၊ ဧလကာန၊ ရှမွေလ၊ ယောလတို့မှ ဆင်းသက်သော ကောဟတ်အမျိုး၊ သီချင်းသည် ဟေမန်တပါး။

  13. တံခါးစောင့်အရာ၌ ခန့်ထားသောသူပေါင်းကား နှစ်ရာတဆယ်နှစ်ယောက်တည်း။ ထိုသူတို့သည် ဒါဝိဒ်နှင့် ပရောဖက်ရှမွေလခန့်ထားသော သားစဉ်မြေးဆက်အသီး အသီးနေသော ရွာ၌စာရင်းဝင်ကြ၏။

  14. ထိုသို့ ဣသရေလအမျိုးအသက်ကြီးသူအပေါင်း တို့သည် ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ ရောက်လာလျှင်၊ ဒါဝိဒ်သည် ဟေဗြုန်မြို့၊ ထာဝရဘုရားရှေ့တော်မှာ သူတို့ နှင့် မိဿဟာယဖွဲ့၍၊ ရှမွေလအားဖြင့် ထာဝရဘုရား ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ သူတို့သည် ဒါဝိဒ်ကို ဘိသိတ်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ ချီးမြှောက် ကြ၏။

  15. ပရောဖက်ရှမွေလ၊ ကိရှသားရှောလု၊ နေရသား အာဗနာ၊ ဇေရုယာသား ယွာဘမှစ၍ အခြားသောသူ ပူဇော်သမျှတို့ကို၊ ရှေလောမိတ်နှင့် သူ၏ညီတို့သည် ကြည့်ရှုအုပ်စိုးရကြ၏။

  16. ဒါဝိဒ်မင်းကြီးပြုမူသော အမှုအရာအစအဆုံး ရှိသမျှ၊ အစိုးရခြင်း၊ တန်ခိုးကြီးခြင်းနှင့်တကွ၊

  17. ယောရှိမင်းနှင့် ယဇ်ပုရောဟိတ်၊ လေဝိသား၊ စည်းဝေးသောယုဒပြည်၊ ဣသရေလပြည်သား၊ ယေရု ရှလင်မြို့သားအပေါင်းတို့ခံသော ထိုပသခါပွဲကဲ့သို့သော ပွဲကို ပရောဖက်ရှာမွေလလက်ထက်မှစ၍ ဣသရေလ နိုင်ငံ၌မခံ။ ထိုသို့သောပသခါပွဲကို ဣသရေလရှင်ဘုရင် တယောက်မျှ မခံ။

  18. ယဇ်ပုရောဟိတ် မောရှေနှင့် အာရုန်၊ နာမတော် ကို ပဌနာပြုသောသူ ရှမွေလ၊ ဤသူတို့သည် ထာဝရ ဘုရားကို ပဌနာပြု၍၊ ကိုယ်တော်သည် ထူးတော်မူ၏။

  19. တဖန်ထာဝရဘုရားသည် ငါ့အားမိန့်တော်မူ သည်ကား၊ မောရှေနှင့်ရှမွေလသည် ငါ့ရှေ့မှာ ဆုတောင်း သော်လည်း၊ ဤလူမျိုးကို ငါမသနား။ ငါ့ထံမှ ထွက်သွား စေခြင်းငှါ နှင်ထုတ်လော့။

  20. ပရောဖက်ရှမွေလမှစ၍ နောက်ဟောသော ပရောဖက်ရှိသမျှတို့သည် ဤသည်နေ့ရက်ကာလကို ဟောပြောညွှန်ကြပြီ။

  21. ထိုနောက်မှပရောဖက်ရှမွေလမပေါ်မရှိမှီ အနှစ်လေးရာငါးဆယ်မျှလောက်သော ကာလပတ်လုံး၊ တရားသူကြီးတို့ကိုပေးတော်မူ၏။

  22. ထိုမှတပါး၊ အဘယ်သို့ပြောစရာရှိသေးသနည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေ လမှစ၍ ပရောဖက်တို့အကြောင်းများကို ပြော၍မကုန်နိုင်။