အကြောင်းအရာသို့ ကျော်သွားရန်

Benjamin

157 အခန်းငယ် · 26 မိသားစုဝင်

Benjamin ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဤသူတို့သည် ဗင်္ယာမိန်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား လေးသောင်းငါးထောင် ခြောက်ရာ ရှိသတည်း။

  2. ဗင်္ယာမိန်အမျိုးထဲက ခိသလုန်သား ဧလိဒဒ်။

  3. သင်တို့သည် ယော်ဒန်မြစ်ကို ကူးသောနောက်၊ လူများတို့အား ကောင်းကြီးပေးခြင်းအလိုငှာ ဂေရဇိမ် တောင်ပေါ်မှာ ရပ်ရသော သူဟူမူကား၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ယောသပ်၊ ဗင်္ယာမိန်တည်း။

  4. ဗင်္ယာမိန် အမျိုးကိုကား၊ ထာဝရဘုရား ချစ် တော်မူသော သူသည် အထံတော်ပါးတွင် လုံခြုံစွာ နေရ လိမ့်မည်။ သူ့ကို အစဉ်အမြဲ ဖုံးလွှမ်း၍ သူ၏ပခုံးကြားမှာ နေရာချတော်မူလိမ့်မည်။

  5. ဗင်္ယာမိန်အမျိုးသားတို့သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက် ခံရသောမြေသည် ယုဒအမျိုးသား တို့နှင့် ယောသပ်အမျိုးသားတို့စပ်ကြားမှာ ကျ၏။

  6. ယော်ဒန်မြစ်သည် အရှေ့ဘက်ပိုင်းခြားလျက် ရှိ၏။ ဤရွေ့ကား ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေ အမျိုးအလိုက် အမွေခံရသောမြေနယ်ဖြစ်သတည်း။

  7. ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေအမျိုးအ လိုက်ရသော မြို့များဟူမူကား၊ ယေရိခေါမြို့၊ ဗေသော ဂလမြို့၊ ဧမက္ကေဇဇ်မြို့၊

  8. ဇေလမြို့၊ ဧလပ်မြို့၊ ယေရုရှလင်မြို့တည်းဟူ သော ယေဗုသိမြို့၊ ဂိဗက်မြို့၊ ကိရယတ်မြို့၊ ရွာနှင့်တကွ ဆယ်လေးမြို့တည်း။ ဤရွေ့ကား ဗင်္ယာမိန်အမျိုးသားတို့ သည် အဆွေအမျိုးအလိုက်ခံရသော အမွေတည်း။

  9. စာရေးတံပြု၍ ကောဟတ်အဆွေအမျိုးတို့သည် အမွေခံရာတွင်၊ လေဝိသား ယဇ်ပုရောဟိတ် အာရုန်၏ သားမြေးတို့သည် စာရေးတံပြုသောအားဖြင့်၊ ယုဒခရိုင်၊ ရှိမောင်ခရိုင်၊ ဗင်္ယာမိန်ခရိုင်ထဲက ဆယ်သုံးမြို့ကို ရကြ၏။

  10. ဗင်္ယာမိန်ခရိုင်ထဲက ဂိဗောင်မြို့နှင့် မြို့နယ်၊ ဂေဗမြို့နှင့် မြို့နယ်၊

  11. ဗင်္ယာမိန်အမျိုးသားတို့သည်၊ ယေရုရှလင်မြို့၌နေသော ယေဗုသိလူတို့ကို မနှင်ထုတ်ဘဲ၊ သူတို့သည် ယနေ့တိုင်အောင် ဗင်္ယာမိန်အမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့၌ နေကြသတည်း။

  12. အာမလက်လူနေရာအနားမှာ နေရာကျသော သူတို့သည် ဧဖရိမ်ခရိုင်ထဲက ထွက်လာကြ၏။ သူတို့နောက်မှာ သင်၏ ဗိုလ်ခြေတို့တွင် ဗင်္ယာမိန်အမျိုးသားတို့သည် လိုက်ကြ၏။ မာခိရအမျိုးထဲက မင်းများ၊ ဇာဗုလုန်အမျိုးထဲက စီရင်တတ်သော သူများတို့သည် ထွက်လာကြ၏။

  13. အမ္မုန်အမျိုးသားတို့သည်လည်း၊ ယော်ဒန်မြစ်ကို ကူး၍ ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုး၊ ဧဖရိမ်အမျိုးသား တို့ကို တိုက်သဖြင့်၊ ဣသရေလအမျိုးသားတို့သည် ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်ကြ၏။

  14. ခရီးသွားပြန်၍ ဗင်္ယာမိန်ခရိုင် ဂိဗာမြို့အနီးသို့ ရောက်သောအခါ၊ နေဝင်လေ၏။

  15. ဣသရေလအမျိုးသားတို့သည် မိဇပါမြို့သို့ သွားကြောင်းကို ဗင်္ယာမိန်အမျိုးသားတို့သည် ကြားသိကြ၏။ ဣသရေလအမျိုးသားတို့က၊ ထိုအဓမ္မအမှုကား အဘယ်သို့နည်းဟု မေးမြန်းလျှင်၊-

  16. အသေခံရသော မိန်းမ၏လင် လေဝိလူက၊ အကျွန်ုပ်သည် မယားငယ်နှင့်အတူလာ၍ ဗင်္ယာမိန် ခရိုင်၊ ဂိဗာမြို့မှာ ညဉ့်ကို လွန်စေပါ၏။

  17. ဗင်္ယာမိန်ခရိုင် ဂိဗာမြို့သားတို့သည်၊ ဣသရေလအမျိုးတို့၌ ပြုသမျှသော အဓမ္မအမှုနှင့် ညီလျော်စွာ လူများတို့သည် ထိုမြို့သို့ရောက်၍ အပြစ်ဒဏ်ပေးမည်အကြောင်း၊ သူတို့စားစရိတ်ကို ပို့စေခြင်းငှါ ဣသရေလအမျိုးအနွယ်အပေါင်းတို့၌ လူတရာတွင် တဆယ်၊ တထောင်တွင်တရာ၊ တသောင်းတွင် တထောင်တို့ကို ရွေးကောက်ကြကုန်အံ့ဟု ဆိုလျက်၊

  18. ဣသရေလအမျိုးသားတို့သည်၊ ဗင်္ယာမိန်ခရိုင်တရှောက်လုံးသို့ စေလွှတ်၍၊ သင်တို့တွင် ပြုသော ဤအဓမ္မအမှုကား အဘယ်သို့နည်း။

  19. ယခုမှာ ဂီဗာမြို့၌ရှိသော ထိုအဓမ္မလူတို့ကို ငါတို့ယူ၍ သတ်သဖြင့် ဣသရေလအမျိုးထဲက ဒုစရိုက် အပြစ်ကို ပယ်ရှားမည်အကြောင်း ထိုလူတို့ကိုအပ်ကြပါဟု မှာလိုက်ကြ၏။ သို့ရာတွင် ဗင်္ယာမိန် အမျိုးသားတို့သည်၊ ညီအစ်ကို ဣသရေလအမျိုးသားတို့စကားကို နားမထောင်ဘဲ၊

  20. ထိုအမျိုးသားတို့ကို စစ်တိုက်ခြင်းငှါ၊ အမြို့မြို့အရွာရွာက ထွက်၍ ဂိဗာမြို့၌ စည်းဝေးကြ၏။-

  21. ထိုအခါ ဂိဗာမြို့သား ယောက်ျားကောင်း ခုနစ်ရာမှတပါး အမြို့မြို့အရွာရွာက လာသော ဗင်္ယာ မိန် အမျိုးသား အရေအတွက်ကား၊ ထားလက်နက်စွဲကိုင်သောသူ နှစ်သောင်းခြောက်ထောင်တည်း။

  22. ဗင်္ယာမိန်အမျိုးသားမှတပါး ထားလက်နက်စွဲကိုင်၍ စစ်သူရဲဖြစ်သော ဣသရေလအမျိုးသား အရေ အတွက်ကား လေးသိန်းတည်း။

  23. ဣသရေလ အမျိုးသားတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ထ၍ သွားပြီးလျှင်၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ဗင်္ယာမိန် အမျိုးကို အဦး ချီသွားရပါမည်နည်းဟု ဘုရားသခင်ထံတော်၌ မေးလျှောက် ကြသော်၊ ထာဝရဘုရားက၊ ယုဒသည် အဦးချီသွားရမည်ဟု မိန့်တော်မူ၏။

  24. ဗင်္ယာမိန်အမျိုးသားတို့ကို တိုက်ခြင်းငှါ ချီသွား၍ ဂိဗာမြို့ရှေ့မှာ စစ်ခင်းကျင်းလျက် နေကြ၏။

  25. ဗင်္ယာမိန်အမျိုးသားတို့သည် ဂိဗာမြို့ထဲက ထွက်ပြီးလျှင်၊ ထိုနေ့တွင် ဣသရေလ လူတသောင်း နှစ်ထောင်တို့ကို မြေပေါ်မှာ လှဲ၍ သတ်ကြ၏။