အကြောင်းအရာသို့ ကျော်သွားရန်

Benjamin

157 အခန်းငယ် · 26 မိသားစုဝင်

Benjamin ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဂိဗာမြို့၌ နှဲခရာကို၎င်း၊ ရာမမြို့၌ တံပိုးကို၎င်း မှုတ်ကြလော့။ ဗေသဝင်မြို့၌ ကြွေးကြော်ကြလော့။ အိုဗင်္ယာမိန်အမျိုး၊ နောက်သို့ ကြည့်ကြလော့။

  2. တောင်မျက်နှာသားတို့သည် ဧသော၏တောင် ကို၎င်း၊ မြေညီသောအရပ်သားတို့သည် ဖိလိတ္တိပြည်ကို ၎င်း၊ ဧဖရိမ်လယ်ပြင်နှင့် ရှမာရိလယ်ပြင်ကို၎င်း၊ ဗင်္ယာ မိန်အမျိုးသည် ဂိလဒ်ပြည်ကို၎င်း သိမ်းယူကြလိမ့်မည်။

  3. ဂေဘမြို့မှသည် ယေရုရှလင်မြို့ တောင်ဘက်၊ ရိမ္မုန်မြို့တိုင်အောင် တပြည်လုံးကို ချိုင့်ကဲ့သို့တညီတည်း ဖြစ်စေတော်မူမည်။ မြို့သည်လည်း ဗင်္ယာမိန်တံခါးမှ သည် အရင်တံခါးရာ၊ မြို့ထောင့်တံခါးတိုင်အောင်၎င်း၊ ဟာနနေလရဲတိုက်မှသည် စပျစ်သီးနယ်ရာ တန်ဆာ တော်တိုင်အောင်၎င်း ချီးမြှောက်ခြင်းကိုခံ၍၊ မြို့ဟောင်း ရာ၌ တဖန်တည်ရလိမ့်မည်။

  4. နောက်တဖန် ရှင်ဘုရင်ကို တောင်းကြသော အခါရှောလု အမည်ရှိသော ကိရှ၏သား၊ ဗင်္ယာမိန် အမျိုးဖြစ်သောသူကို အနှစ်လေးဆယ်ပတ်လုံးပေးတော်မူ၏။

  5. သို့ဖြစ်လျှင်၊ ဘုရားသခင်သည် မိမိလူမျိုးကို ပယ်တော်မူပြီလောဟုမေးသော်၊ ပယ်တော်မမူဟုဆိုရ၏။ ငါပင်ဣသရေလ လူဖြစ်၏။ အာဗြဟံအမျိုး၊ ဗင်္ယာမိန် အနွယ်ဖြစ်၏။

  6. ငါသည်ရှစ်ရက်မြောက်သောနေ့၌ အရေဖျား လှီးခြင်းကို ခံရ၏။ ဣသရေလအမျိုး၊ ဗင်္ယာမိန် အနွယ် ဖြစ်၏။ ဟေဗြဲလူမှဆင်းသက်သော ဟေဗြဲလူစစ်ဖြစ်၏။ တရားအားဖြင့် ဖာရိရှဲဖြစ်၏။

  7. ဇာဗုလုန်အမျိုးထဲက တသောင်းနှစ်ထောင်၊ ယောသပ်အမျိုးထဲက တသောင်းနှစ်ထောင်၊ ဗင်္ယာမိန် အမျိုးထဲက တသောင်းနှစ်ထောင်တို့သည် တံဆိပ်ခတ် ခြင်းကိုခံရကြ၏။