အကြောင်းအရာသို့ ကျော်သွားရန်

Benjamin

157 အခန်းငယ် · 26 မိသားစုဝင်

Benjamin ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဗင်္ယာမိန် အမျိုးသားတယောက်သည်၊ စစ်တိုက်ရာထဲက ပြေးလာ၍၊ မိမိအဝတ်ကို ဆုတ်လျက်၊ မိမိခေါင်းပေါ်မှာ မြေမှုန့်ကိုတင်လျက်၊ ထိုနေ့ခြင်းတွင် ရှိလောမြို့သို့ ရောက်လေ၏။

  2. ဗင်္ယာမိန်အမျိုးသား အာဖိ၊ ဗေခေါရတ်၊ ဇေရော်၊ အဗျေလမှ ဆင်းသက်၍ ကိရှအမည်ရှိသော ဗင်္ယာမိန် အမျိုးသားတယောက် ရှိ၏။ သူသည်အလွန် ခွန်အားကြီးသောသူဖြစ်၏။

  3. ဤအချိန်၌ ဗင်္ယာမိန်ပြည်မှ လူတယောက်ကို သင်ရှိရာသို့ ငါစေလွှတ်မည်။ သင်သည် ထိုသူကို ငါ၏လူ ဣသရေလအမျိုး၏ မင်းအရာ၌ ခန့်ထား၍ ဆီလောင်းခြင်းဘိသိက်ကို ပေးရမည်။ သူသည် ငါ၏ လူတို့ကို ဖိလိတ္တိ လူတို့လက်မှ ကယ်တင်ရလိမ့်မည်။ ငါသည် သူတို့အော်ဟစ်သံကိုကြား၍၊ သူတို့ကို ကြည့်ရှုသည်ဟု ရှမွေလနားအပါး၌ မိန့်တော်မူနှင့်ပြီ။

  4. ရှောလုကလည်း၊ အကျွန်ုပ်သည် ဣသရေလအမျိုးတို့တွင် အငယ်ဆုံးသောအမျိုး၊ ဗင်္ယာမိန် အမျိုး သားဖြစ်ပါသည် မဟုတ်လော။ အကျွန်ုပ်အဆွေအမျိုးသည် ဗင်္ယာမိန်အဆွေအမျိုး အပေါင်းတို့တွင် အငယ်ဆုံးဖြစ်ပါသည် မဟုတ်လော။ ကိုယ်တော်သည် အကျွန်ုပ်အား အဘယ်ကြောင့် ဤသို့ ပြောပါသနည်းဟု လျှောက်လေ၏။

  5. ယနေ့ ငါနှင့်ကွာ၍ သွားသောအခါ၊ ဗင်္ယာမိန်ခရိုင်စွန်း၊ ဇေလဇရွာ၊ ရာခေလသင်္ချိုင်းအနားမှာ လူနှစ်ယောက်ကို တွေ့လိမ့်မည်။ သူတို့က၊ သင်သွား၍ ရှာသောမြည်းတို့ကို တွေ့ပြီ။ သင်၏ အဘသည် မြည်းတို့ကို အမှုမထား၊ ငါ့သားအဘို့ အဘယ်သို့ ပြုရပါမည်နည်းဟု ဆိုလျက် စိုးရိမ်ကြောင်းကို ပြောကြလိမ့်မည်။

  6. အမျိုးအနွယ်အပေါင်းတို့ကို ချဉ်းကပ်စေပြီးမှ၊ ဗင်္ယာမိန်အမျိုးကို မှတ်တော်မူ၏။

  7. ဗင်္ယာမိန်အဆွေအမျိုးအလိုက် ချည်းကပ်စေပြီးမှ၊ မာတရိ အဆွေအမျိုးကို၎င်း၊ ကိရှ၏သား ရှောလု ကို၎င်း မှတ်တော်မူသဖြင့် သူ့ကိုရှာ၍ မတွေ့ကြ။

  8. ရှောလုသည် တနှစ်ကျော် နှစ်နှစ်ခန့်လောက် ဣသရေလအမျိုး၌ မင်းပြုပြီးမှ၊ ဣသရေလအမျိုးသား သုံးထောင်တို့ကို ရွေးကောက်ပြီးလျှင်၊ ကိုယ်တိုင်နေသော မိတ်မတ်မြို့နှင့် ဗေသလတောင်ပေါ်မှာ လူနှစ်ထောင်၊ ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့၊ ယောနသန်ထံမှာ တထောင်ကိုထား၍၊ အခြားသော သူတို့ကို မိမိတို့ အသီးအသီးရောအရပ်သို့ လွှတ်လိုက်လေ၏။

  9. ထ၍ ဂိလဂါလမြို့မှ ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့သို့ သွား၏။ ရှောလုသည် မိမိ၌ ရှိသောလူတို့ကို ရေတွက်၍ ခြောက်ရာခန့်မျှ ရှိ၏။

  10. သူနှင့် သားတော် ယောနသန်၊ သူတို့၌ ရှိသော လူအပေါင်းတို့သည် ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့တွင် နေကြ၏။ ဖိလိတ္တိလူတို့သည် မိတ်မတ်မြို့တွင် တပ်ချကြ၏။

  11. ဗင်္ယာမိန်ခရိုင် ဂိဗာမြို့၌ ရှောလု၏ ကင်းစောင့်တို့သည် ကြည့်ရှုသောအခါ၊ ဖိလိတ္တိလူအလုံးအရင်း သည် လျော့၍ တယောက်ကိုတယောက် ထိုးရိုက်လျက်သွားကြ၏။

  12. ဂိလဒ်ပြည်၊ အာရှာအမျိုးသားများ၊ ယေဇရေလမြို့သားများ၊ ဧဖရိမ်ခရိုင်၊ ဗင်္ယာမိန်ခရိုင်အစရှိသော ဣသရေလနိုင်ငံလုံးကို အစိုးရသော ရှင်ဘုရင်အရာ၌ ချီးမြှောက်လေ၏။

  13. ရှောလုသားဣရှဗောရှက်၏ လူဗင်္ယာမိန်အမျိုးသားတကျိပ်နှစ်ယောက်နှင့် ဒါဝိဒ်၏ကျွန်တကျိပ် နှစ်ယောက်တို့သည် ထ၍ကူးလာကြ၏။

  14. ဗင်္ယာမိန်အမျိုးသားတို့သည် အာဗနာနောက်၌ စုဝေး၍ တတပ်တည်းဖွဲ့လျက် တောင်ပေါ်မှာ ရပ်နေ ကြ၏။

  15. ဒါဝိဒ်၏ကျွန်တို့သည် ဗင်္ယာမန်အမျိုးသား၊ အာဗနာ၏လူသုံးရာခြောက်ဆယ်တို့ကို သေအောင် လုပ်ကြံကြပြီ။

  16. တဖန်အာဗနာသည် ဗင်္ယာမိန်အမျိုးသားတို့ကို လည်း သွေးဆောင်လေ၏၊ နောက်တဖန် ဣသရေလ အမျိုး အလိုရှိသမျှအရာ၊ ဗင်္ယာမိန်အမျိုး တညီညွတ် တည်း အလိုရှိသမျှသောအရာတို့ကို ဟေဗြုန်မြို့၌ ဒါဝိဒ် အား ပြန်လျှောက်ခြင်းငှါ သွား၍၊

  17. ရှောလု၏သား၌ ဗာနာနှင့် ရေခပ်အမည် ရှိသော သူတည်းဟူသော တပ်မှူးနှစ်ယောက်ရှိ၏။ သူတို့ သည် ဗင်္ယာမိန်အမျိုးဗေရာသိအနွယ် ရိမ္မုန်၏သား ဖြစ်ကြ ၏။ ဗေရုတ်မြို့သည် ဗင်္ယာမိန်ခရိုင်အဝင်ဖြစ်သော် လည်း၊

  18. သူနှင့်အတူ ဗင်္ယာမိန်အမျိုးသားတထောင်၊ ရှောလုအဆွေအမျိုး၏ ကျွန်ဇိဘနှင့် သူ၏သားတကျိပ် ငါးယောက်၊ ကျွန်နှစ်ဆယ်တို့သည်လည်း လိုက်လာ၍ ရှင်ဘုရင်ရှေ့တော်၌ ယော်ဒန်မြစ်ကို ကူးကြ၏။

  19. ဗင်္ယာမိန်ပြည်။ ဇေလရှာ၊ ရှောလုအဘ ကိရှ၏ သင်္ချိုင်း၌ သင်္ဂြိုဟ်၍၊ ရှင်ဘုရင်မှာထားသမျှအတိုင်း ပြုကြ ပြီးသည်နောက်၊ နိုင်ငံတော်အဘို့ ဆုတောင်းသော စကားကို ဘုရားသခင် နားထောင်တော်မူ၏။

  20. နေတာဖာသိအမျိုးဗာနာသားဟေလက်၊ ဗင်္ယာမိန်အမျိုးဂိဗာမြို့နေ၊ ရိဘဲ၏ သားအိတ္တဲ၊

  21. ဗင်္ယာမိန်ခရိုင်မှာ ဧလာ၏သားရှိမိ၊

  22. ရောဗောင်သည် ယေရုရှလင်မြို့သို့ ရောက်သောအခါ၊ ဣသရေလအမျိုးကို စစ်တိုက်၍ နိုင်ငံတော်ကို ရှောလမုန်သား ရောဗောင်လက်သို့ရောက်ပြန်စေခြင်းငှါ၊ ဗင်္ယာမိန်အမျိုးနှင့်တကွ ယုဒအမျိုးသားအပေါင်းတို့နှင့် ရွေးချယ်သော စစ်သူရဲတသိန်းရှစ်သောင်းတို့ကို စုဝေး စေ၏။

  23. သင်သည် ရှောလမုန်သား၊ ယုဒရှင်ဘုရင် ရောဗောင်နှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးသားများ၊ ကျန်ကြွင်းသော သူများတို့အား ထာဝရဘုရား၏ အမိန့် တော်ကို ဆင့်ဆိုရမည်မှာ၊

  24. ထိုအခါ အာသမင်းကြီးသည် ယုဒပြည် တရှောက်လုံးတွင် အမိန့်တော်ကို ကြော်ငြာစေသဖြင့်၊ ပြည်သားတယောက်မျှ မလွတ်၊ ရှိသမျှတို့သည် ရာမမြို့၌ ဗာရှာမင်းသွင်းသော ကျောက်နှင့် သစ်သားကိုယူသွား ကြ၍၊ အာသမင်းကြီးသည် ဗင်္ယာမိန်ခရိုင်၌ ဂေဘမြို့နှင့် မိဇပါမြို့ကို တည်၏။

  25. ဒန်၊ယောသပ်၊ ဗင်္ယာမန်၊ နဿလိ၊ ဂဒ်၊ အာရှာတည်း။