- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
ဓမ္မရာဇဝင်ပဌမစောင်25
Listen to this chapter
0:00
0:00
ရှမွေလသေဆုံးခြင်း၊ ဒါဝိဒ် တောင်ဘက်သို့ ရွှေ့ခြင်း
1
ထိုနောက် ရှမွေလသေသောအခါ၊ ဣသရေလအမျိုးသားအပေါင်းတို့သည် စည်းဝေး၍ ငိုကြွေး မြည်တမ်းခြင်းကို ပြုသဖြင့်၊ ရာမမြို့တွင် သူ၏အိမ်၌ သင်္ဂြိုဟ်ကြ၏။ ဒါဝိဒ်သည် ထ၍ ပါရန်တောသို့ သွားလေ၏။
2
ထိုအခါ မောနအရပ်၌ နေ၍ ကရမေလမြို့၌ ဥစ္စာများသော သူတဦးရှိ၏။ ထိုသူသည် လူကြီးဖြစ်၍၊ သိုးသုံးထောင်၊ ဆိတ်တထောင်ကို ရတတ်၏။ ကရမေလမြို့မှာ သိုးမွေးကို ညှပ်၍နေ၏။
3
ထိုသူ၏အမည်ကား နာဗလ၊ သူ၏မယားအမည်ကား အဘိဂဲလတည်း။ ထိုမိန်းမသည် ဉာဏ်ကောင်း၍ အဆင်းလည်းလှ၏။ ယောက်ျားမူကား ခက်ထန်သော သဘောရှိ၏။ ဆိုးသော အမှုကိုလည်း ပြုတတ်၏။ ကာလက်အဆွေအမျိုးဖြစ်၏။
နာဗလသည် ဒါဝိဒ်ကို စော်ကားခြင်း
4
နာဗလသည် သိုးမွေးညှပ်၍ နေကြောင်းကို ဒါဝိဒ်သည် တော၌ ကြားလျှင်၊
5
လုလင်တကျိပ်တို့ကို ခေါ်၍ နာဗလရှိရာ ကရမေလမြို့သို့ သွားကြတော့။
6
စည်းစိမ်ကြီးသော ထိုသူကို ငါ့ကိုယ်စား နှုတ်ဆက်၍ပြောရမည်မှာ၊ ကိုယ်တော်မှစ၍ ကိုယ်တော်၏အိမ်၊ ကိုယ်တော်နှင့် ဆိုင်သမျှတို့၌ ချမ်းသာရှိပါစေသော။
7
ကိုယ်တော်၌ သိုးမွေးညှပ်သော သူများရှိကြောင်းကို အကျွန်ုပ်ကြားပါ၏။ အကျွန်ုပ်တို့နှင့် အတူနေသော ကိုယ်တော်၏ သိုးထိန်းတို့ကို အကျွန်ုပ်တို့သည် မပြစ်မှားပါ။ သူတို့သည် ကရမေလမြို့မှာ နေသော ကာလပတ်လုံး၊ သူတို့ဥစ္စာ တစုံတခုမျှ မပျောက်ပါ။
8
ကိုယ်တော်၏ လုလင်တို့ကို မေးမြန်းပါတော့။ သူတို့သည် ပြောကြလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်၏ လုလင်တို့သည် ရှေ့တော်၌ မျက်နှာရကြပါစေ။ အကျွန်ုပ်တို့သည် မင်္ဂလာနေ့၌ ရောက်ပါ၏။ လက်တော်၌ ရှိသမျှကို ကိုယ်တော်ကျွန်များ၊ ကိုယ်တော်၏သား ဒါဝိဒ်အား သနားတော်မူပါဟု နှုတ်ဆက်ရမည်အကြောင်းမှာထား၍ လွှတ်လိုက်၏။
9
ဒါဝိဒ်၏ လုလင်တို့သည် နာဗလထံသို့ ရောက်သောအခါ၊ ဒါဝိဒ်မှာထားသမျှသော စကားတို့ကို ပြန်ပြောပြီးလျှင် တိတ်ဆိတ်စွာ နေကြ၏။
10
နာဗလကလည်း၊ ဒါဝိဒ်ကား အဘယ်သူနည်း။ ယေရှဲ၏သားကား အဘယ်သူနည်း။ ယခုကာလ သခင်ကို ပုန်ကန်သော ကျွန်များပါတကား။
11
ငါသည် ငါ့သိုးမွေးကို ညှပ်သောသူတို့အဘို့ ပြင်ဆင်သော ငါ့မုန့်၊ ငါ့ရေ၊ ငါ့အမဲသားကို ယူ၍ ငါမသိသော လူတို့အားပေးရမည်လောဟု ဒါဝိဒ်၏ လုလင်တို့အားပြောဆို၏။
12
ဒါဝိဒ်၏ လုလင်တို့သည် လှည့်သွား၍ ထိုစကားအလုံးစုံတို့ကို ဒါဝိဒ်အားပြန်လျှောက်ကြ၏။
13
ဒါဝိဒ်ကလည်း လူတိုင်း မိမိထားကို ခါး၌စည်းစေဟု မိမိလူတို့အားဆိုလျက် မိမိထားကို စည်းလေ၏။ လူလေးရာတို့သည် ဒါဝိဒ် နောက်သို့လိုက်ကြ၏။ နှစ်ရာတို့သည် ဥစ္စာ ပစ္စည်းများကို စောင့်၍ နေကြ၏။
14
လုလင်တယောက်သည် နာဗလမယား အဘိဂဲလထံသို့သွား၍၊ ဒါဝိဒ်သည် အကျွန်ုပ်တို့သခင်ကို နှုတ်ဆက်အံ့သောငှါ တမန်တို့ကို တောမှစေလွှတ်၍၊ အကျွန်ုပ်တို့သခင်သည် သူတို့ကို ဆဲပါ၏။
15
ထိုသူတို့သည် ကျွန်တော်တို့၌ အလွန်ကျေးဇူးပြုပါပြီ။ ကျွန်တော်တို့သည် တောမှာ နေ၍ သူတို့နှင့်ပေါင်းဘော်သော ကာလပတ်လုံးအရှုံးမခံ၊ ဥစ္စာတစုံတခုမျှ မပျောက်ပါ။
16
ကျွန်တော်တို့သည် သိုးထိန်း၍ သူတို့နှင့် ပေါင်းဘော်သော ကာလပတ်လုံး၊ သူတို့သည် နေ့ညဉ့်အစဉ်ကွယ်ကာလျက် နေကြပါ၏။
17
သို့ဖြစ်၍ သခင်မသည် အဘယ်သို့ပြုသင့်သည်ကို ကြည့်ရှုဆင်ခြင်ပါတော့။ အကျွန်ုပ်တို့ သခင်နှင့် အိမ်သူအိမ်သား အပေါင်းတို့၌ ဘေးပြုမည်ဟု စီရင်ပါပြီ။ သခင်သည် အဓမ္မလူဖြစ်သောကြောင့်၊ အဘယ်သူမှ၊ မပြောမလျှောက်ဝံ့ပါဟု ဆိုလေသော်၊
အဘိဂဲလသည် မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ရန် ကြားဝင်ခြင်း
18
အဘိဂဲလသည် မုန့်လုံးနှစ်ရာ၊ စပျစ်ရည်ဘူးနှစ်လုံး၊ ချက်ပြီးသော သိုးငါးကောင်၊ ပေါက်ပေါက်ငါးဧဖာ၊ စပျစ်သီးခြောက် အပြွတ်တရာ၊ သင်္ဘောသဖန်းသီး ပျဉ်အပြားနှစ်ရာတို့ကို အလျင်အမြန် ယူ၍ မြည်းတို့အပေါ်၌တင်ပြီးလျှင်၊
19
ငါ့ရှေ့မှာ သွားကြ။ ငါလိုက်မည်ဟု ကျွန်တို့အား ဆို၏။ လင်နာဗလကို အလျှင်းမပြော။
20
မြည်းကို စီးလျက်သွား၍ တောင်ခြေရင်း၌ ဆင်းလှည့်စဉ်တွင်၊ ဒါဝိဒ်နှင့် သူ၏လူတို့သည် တဘက် တချက် ဆင်းလာ၍ တယောက်နှင့် တယောက် တွေ့ကြုံကြ၏။
21
ထိုသို့မတွေ့မှီ ဒါဝိဒ်က၊ အကယ်စင်စစ် ထိုသူ၏ ဥစ္စာ တစုံတခုကိုမျှ မပျောက်စေခြင်းငှါ၊ တော၌ သူပိုင်သမျှတို့ကို ငါသည် အချည်းနှီးစောင့် ပါပြီတကား။ ငါကောင်းသော အမှုအတွက်၊ မကောင်း သော အမှုကို သူပြုပါပြီတကား။
22
နက်ဖြန် မိုဃ်းလင်းသောအခါ၊ နာဗလနှင့် ဆိုင်သော သူအပေါင်းတို့တွင် ယောက်ျားတစုံတယောက်ကို ငါချန်ထားလျှင်၊ ထိုမျှမက ထာဝရဘုရားသည် ဒါဝိဒ်၏ ရန်သူတို့အား ပြုတော်မူစေသတည်းဟု ဆိုနှင့်ပြီ။
23
အဘိဂဲလသည် ဒါဝိဒ်ကို မြင်သောအခါ၊ မြည်းပေါ်က အလျင်အမြန်ဆင်းပြီးလျှင် ဒါဝိဒ်ရှေ့တွင် မြေပေါ်မှာ ဦးညွှတ်ချ၍၊
24
သူ၏ ခြေရင်း၌ ဝပ်တွားလျက်၊ ကျွန်မသခင်၊ အပြစ်ရှိသမျှကို ကျွန်မခံပါမည်။ ကိုယ်တော်၏ ကျွန်မသည် နားတော်လျှောက်ရသော အခွင့်ကို ပေးတော်မူပါ။
25
ကိုယ်တော်၏ ကျွန်မစကားကို နားညောင်းတော်မူပါ။ ထိုအဓမ္မလူ နာဗလကို ကျွန်မသခင် မှတ်တော်မမူပါနှင့်။ သူ၏အမည်သည် သူ၏သဘောနှင့် ညီညွတ်ပါ၏။ သူ၏အမည်ကား နာဗလ။ သူ၏ သဘောကား မိုက်ခြင်းဖြစ်သတည်း။ သခင်စေလွှတ်တော်မူသော လုလင်တို့ကို ကိုယ်တော် ကျွန်မသည် မမြင်ရပါ။
26
ယခုမှာ ကျွန်မသခင်၊ ကိုယ်တော်သည် လူအသက်ကို သတ်ခြင်းငှါ မသွားမည်အကြောင်း ကိုယ်လက်နှင့် ကိုယ်အမှုကို စောင့်၍ အပြစ်ဒဏ်မပေးမည်အကြောင်း၊ ထာဝရဘုရား ဆီးတားတော်မူသည်ဖြစ်၍၊ ထာဝရဘုရား အသက်တော် ကိုယ်တော်အသက်လည်း ရှင်တော်မူသည်အတိုင်း၊ အကျိုးတော်ကို ဖျက်ဆီးလိုသော ကိုယ်တော်၏ ရန်သူတို့သည် နာဗလကဲ့သို့ ဖြစ်ကြပါစေသော။
27
ယခုမှာ ကိုယ်တော်၏ ကျွန်မသည် သခင့်ထံသို့ ဆောင်ခဲ့သော လက်ဆောင်ကို ကျွန်မသခင်နောက်တော်သို့ လိုက်သော လုလင်တို့ အားပေးစေတော်မူပါ။
28
ကိုယ်တော်၏ ကျွန်မအပြစ်ကိုသည်းခံတော်မူပါ။ ကျွန်မသခင်သည် ထာဝရဘုရားဘက်မှာ စစ်တိုက်သောကြောင့်၎င်း၊ တသက်လုံးကိုယ်တော်၌အပြစ်တင်စရာ အခွင့်မရှိသောကြောင့်၎င်း၊ ထာဝရဘုရားသည် ကျွန်မ၏သခင်အဘို့ ခိုင်ခံ့ မြဲမြံသော အိမ်ကို တည်ဆောက်တော်မူလိမ့်မည်။
29
ကိုယ်တော်၏ အသက်ကို သတ်အံ့သောငှါ လူအချို့တို့သည် ထ၍ ရှာသော်လည်း၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် ကျွန်မသခင်၏ အသက်ကို အသက်ထုပ်၌ နှောင်ဖွဲ့တော်မူလိမ့်မည်။ ကိုယ်တော်၏ ရန်သူတို့အသက်ကိုမူကား၊ လောက်လွှဲထဲက ပစ်သကဲ့သို့ ပစ်တော်မူလိမ့်မည်။
30
ထာဝရဘုရား ဂတိထားတော်မူသည်အတိုင်း၊ ကိုယ်တော်၌ ကျေးဇူးပြု၍ ဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ ခန့်ထားတော်မူသောအခါ၊
31
ကျွန်မ၏ သခင်ကိုယ်တော်သည် အကြောင်းမရှိဘဲ လူအသက်ကို သတ်မိသောကြောင့်၎င်း၊ ကိုယ်အမှုကို စောင့်၍၊ အပြစ်ဒဏ်ပေးမိသောကြောင့်၎င်း၊ ကျွန်မ၏ သခင်ကိုယ်တော်သည် စိတ်ညှိုးငယ်ခြင်း၊ ကိုယ်တိုင်ကိုယ်အပြစ်တင်ခြင်းနှင့် ကင်းလွတ်တော်မူပါစေသော။ ထာဝရဘုရား သည် ကျွန်မ၏ သခင်၌ ကျေးဇူးပြုတော်မူပြီးမှ၊ ကိုယ်တော်၏ ကျွန်မကို အောက်မေ့တော်မူပါဟု လျှောက်လေ၏။
32
ဒါဝိဒ်ကလည်း၊ ယနေ့ငါနှင့် တွေ့စေခြင်းငှါ၊ သင့်ကို စေလွှတ်တော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။
33
သင်ပေးသောအကြံလည်း မင်္ဂလာရှိစေသတည်း။ ယနေ့ငါသည် လူအသက်ကို သတ်အံ့သောငှါ၊ မသွားရမည်အကြောင်း၊ ကိုယ်လက်နှင့် ကိုယ်အမှုကို စောင့်၍ အပြစ်ဒဏ်မပေးရမည်အကြောင်း ဆီးတားသောသင်သည်လည်း မင်္ဂလာရှိစေသတည်း။
34
အကယ်စင်စစ် သင့်ကို ငါမညှင်းဆဲရမည်အကြောင်း၊ ဆီးတားတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သင်သည်ငါနှင့် တွေ့ခြင်းငှါ အလျင်အမြန်မလာလျှင်၊ အကယ်စင်စစ် နက်ဖြန်မိုဃ်းလင်းသောအခါ၊ နာဗလ၏ လူယောက်ျား တစုံတယောက်ကိုမျှ ငါချန်၍မထားဟု အဘိဂဲလအား ပြောဆိုလျက်၊
35
သူဆောင်ခဲ့သော လက်ဆောင်ကို သူ၏လက်မှခံယူ၍၊ သင်သည် နေရာအိမ်သို့ ငြိမ်ဝပ်စွာသွားလော့။ သင်၏စကားကို ငါနားထောင်ပြီ။ သင်၏ မျက်နှာကိုလည်း ထောက်၍ နေမည်ဟုဆိုလေ၏။
နာဗလသည် ထာဝရဘုရား၏ လက်တော်ဖြင့် သေဆုံးခြင်း
36
အဘိဂဲလသည်လည်း နာဗလထံသို့ ပြန်သွား၍၊ သူသည် ရှင်ဘုရင်၏ ပွဲကဲ့သို့သော ပွဲကို မိမိအိမ်၌ ခံသဖြင့်၊ ယစ်မူး၍ စိတ်ရွှင်လန်းလျက်နေသောကြောင့်၊ မိုဃ်းမလင်းမှီ မယားသည် အလျှင်းမပြော။
37
မိုဃ်းလင်း၍ နာဗလသောက်သော စပျစ်ရည်အရှိန်ကုန်သောအခါ၊ ထိုအမှုများကို မယားပြောသဖြင့် သူသည်နှလုံးသေ၍ ကျောက်ကဲ့သို့ဖြစ်၏။
38
ဆယ်ရက်လောက်လွန်မှ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့် နာဗလသေ၏။
ဒါဝိဒ်သည် အဘိဂဲလနှင့် လက်ထပ်ခြင်း
39
နာဗလသေကြောင်းကို ဒါဝိဒ်ကြားသောအခါ၊ ငါခံရသော ကဲ့ရဲ့ခြင်းအမှုကို စောင့်၍ နာဗလလက်မှ နှုတ်တော်မူ၍၊ ကိုယ်တော်ကျွန်ကို ဒုစရိုက်နှင့် ကင်းလွှတ်စေတော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ထာဝရဘုရားသည် နာဗလပြုသော ဒုစရိုက်ကို သူ့ခေါင်းပေါ်သို့ ပြန်ရောက်စေတော်မူပြီဟု ဆို၏။ တဖန်လူကို စေလွှတ်၍ အဘိဂဲလနှင့် လက်ထပ်ခြင်းငှါ နှုတ်ဆက်လေ၏။
40
ဒါဝိဒ်၏ ကျွန်တို့သည် အဘိဂဲလရှိရာ ကရမေလမြို့သို့ ရောက်သောအခါ၊ ဒါဝိဒ်သည် သခင်မနှင့် လက်ထပ်ခြင်းငှါ ကျွန်တော်တို့ကို စေလွှတ်ပါပြီဟု ပြောဆိုလျှင်၊
41
အဘိဂဲလသည် ထ၍ မြေပေါ်မှာ ပြပ်ဝပ်လျက်၊ ကျွန်မသည် ကျွန်မသခင်၏ ကျွန်တို့ ခြေကို ဆေးသော ကျွန်မိန်းမဖြစ်စေသောဟု ဆိုပြီးမှ၊
42
အလျင်အမြန်ထ၍ မိမိနောက်လိုက် ကျွန်မငါးယောက်ပါလျက် မြည်းစီးသဖြင့်၊ ဒါဝိဒ်စေလွှတ်သော လူတို့နှင့် တကွလိုက်၍ ဒါဝိဒ်၏ခင်ပွန်း ဖြစ်လေ၏။
43
ဒါဝိဒ်သည် ယေဇရေလမြို့သူ အဟိနောင်ကိုလည်း သိမ်း၍ ထိုမိန်းမနှစ်ယောက်တို့သည် သူ၏ ခင်ပွန်းဖြစ်ကြ၏။
44
ရှောလုသည် မိမိသမီးဖြစ်သော ဒါဝိဒ်၏ မယားမိခါလကို၊ ဂလ္လိမ်မြို့သားဖြစ်သော လဲရှ၏သား ဖာလတိအားပေးစားနှင့်ပြီ။
Use ← → arrow keys to navigate
Settings
Reading Style
Typeface
Font Size px
Options
Study Note