Skip to content

Vows အကြောင်း ကျမ်းစာအခန်းငယ်များ

136 အခန်းငယ် · 38 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. နို့ကွာပြီးမှ၊ အသက်သုံးနှစ်ရှိသော နွားတကောင်၊ မုန့်ညက် တဧဖာ၊ စပျစ်ရည်တဘူးနှင့်တကွ သူငယ်ကို ဆောင်သွား၍၊ ရှိလောမြို့၌ ထာဝရဘုရား၏ အိမ်တော်သို့ ရောက်လေ၏။ ထိုအခါ သူငယ်သည် အသက်နုသေး၏။

  2. သင်ဆုတောင်းသောအခါ နားထောင်တော်မူ မည်။ သစ္စာဂတိထားသည်အတိုင်း၊ သစ္စာဝတ်ဖြေရသော အခွင့်ရှိလိမ့်မည်။

  3. အကျွန်ုပ်သည် မဟာပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း၍၊ ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့ရှေ့မှာ၊ သစ္စာဂတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေပါမည်။

  4. ကျေးဇူးချီးမွမ်းခြင်း ယဇ်ကိုဘုရားသခင်အား ပူဇော်လော့။ သစ္စာဂတိထားသည်အတိုင်း၊ အမြင့်ဆုံး သောအရာ၌ သစ္စာဝတ်ကိုဖြေလော့။

  5. အမှုရောက်သည်ကာလ၌ ငါ့ကိုပဌနာပြုလော့။ ငါသည် ကယ်လွှတ်မည်။ သင်သည်လည်း ငါ့ကိုချီးမွမ်း လိမ့်မည်ဟု မိန့်တော်မူ၏။

  6. အိုဘုရားသခင်၊ အကျွန်ုပ်သည် ရှေ့တော်၌ သစ္စာပြုပါသည်ဖြစ်၍၊ သစ္စာဝတ်ကို ဖြေလျက်ကိုယ်တော် ကို ချီးမွမ်းပါမည်။

  7. အို ဘုရားသခင်၊ အကျွန်ုပ်ပြုသော သစ္စာဂတိတို့ကို ကြားတော်မူ၏။ နာမတော်ကို ကြောက်ရွံ့သော သူတို့၏အမွေကို အကျွန်ုပ်အား ပေးတော်မူလိမ့်မည်။

  8. သို့ဖြစ်၍ နေ့ရက်အစဉ်အတိုင်း သစ္စာဝတ်ကို ဖြေခြင်းငှါ၊ နာမတော်ကို အစဉ်အမြဲ ထောမနာသီချင်း ဆိုပါလေအံ့သတည်း။

  9. အို ဘုရားသခင်၊ ဇိအုန်မြို့၌ ကိုယ်တော်ရှေ့မှာ ငြိမ်ဝပ်စွာ နေ၍ ချီးမွမ်းရပါ၏။ ကိုယ်တော် အားလည်း သစ္စာဝတ်ကို ဖြေရပါ၏။

  10. မီးရှို့ရသော ယဇ်ပါလျက် အိမ်တော်သို့ အကျွန်ုပ်သွားပါမည်။

  11. ဆင်းရဲခံရစဉ်အခါ၊ အကျွန်ုပ်သည် နှုတ်ကို ဖွင့်၍ မြွက်ဆိုသည်အတိုင်း၊ သစ္စာဝတ်ကို ဖြေပါမည်။

  12. သစ္စာဂတိပြုကြလော့။ သင်တို့၏ဘုရားခင် ထာဝရဘုရားအား သစ္စာဝတ်ကိုလည်း ဖြေကြလော့။ ကိုယ်တော်၏ ပတ်လည်၌နေသော သူအပေါင်းတို့သည် ကြောက်ရွံ ရိုသေဘွယ်သော ဘုရားထံတော်သို့ လက်ဆောင်ကို ဆောင်ခဲ့ကြစေ။

  13. ထာဝရဘုရားအား သစ္စာဂတိထားသည် အတိုင်း၊ ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေမည်။

  14. ထာဝရဘုရားရှေ့တော်၌ မိမိသန့်ရှင်းသူတို့၏ သေခြင်းအရာသည် အဘိုးကြီးလှ၏။

  15. အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်မှန်ပါ၏။ ကိုယ်တော်၏ ကျွန်မတွင် မြင်သောသား လည်း မှန်ပါ၏။ အကျွန်ုပ်၌ အချည်အနှောင်ကို လွှတ်တော်မူပြီ။

  16. ကျေးဇူးတော်ချီးမွမ်းရာ ယဇ်ကို ရှေ့တော်၌ ပူဇော်၍၊ ထာဝရဘုရား၏ နာမတော်ကို ပဌနာပြုမည်။

  17. ထာဝရဘုရားအား သစ္စာဂတိထားသည် အတိုင်း၊

  18. အိုယေရုရှလင်မြို့၊ သင်၏အလယ်မှာ ထာဝရ ဘုရား၏ အိမ်တော်တန်တိုင်းအတွင်းတွင်၊ ထာဝရဘုရား ၏ လူများရှေ့၌သစ္စာဝတ်ကို ဖြေပါမည်။ ဟာလေလုယ။

  19. ထိုမင်းက၊ ယာကုပ်အမျိုး ကိုးကွယ်သော တန်ခိုး ရှင် ထာဝရဘုရား ကျိန်းဝပ်တော်မူရာအရပ်ကို အကျွန်ုပ် သည် မတွေ့မှီတိုင်အောင်၊ ကိုယ်နေရာအိမ်သို့မဝင်၊ ကိုယ်အိပ်ရာပေါ်သို့မတက်၊ ကိုယ်မျက်စိအိပ်ရမည့်အခွင့်၊ မျက်ခမ်းမှိတ်ရမည့်အခွင့်ကို မပေးပါဟု၊ ယာကုပ်အမျိုး ကိုးကွယ်သော တန်ခိုးရှင်ထာဝရဘုရားထံ ကျိန်ဆို၍ အဓိဋ္ဌာန်ပြု၏။

  20. ထိုမင်းက၊ ယာကုပ်အမျိုး ကိုးကွယ်သော တန်ခိုး ရှင် ထာဝရဘုရား ကျိန်းဝပ်တော်မူရာအရပ်ကို အကျွန်ုပ် သည် မတွေ့မှီတိုင်အောင်၊ ကိုယ်နေရာအိမ်သို့မဝင်၊ ကိုယ်အိပ်ရာပေါ်သို့မတက်၊ ကိုယ်မျက်စိအိပ်ရမည့်အခွင့်၊ မျက်ခမ်းမှိတ်ရမည့်အခွင့်ကို မပေးပါဟု၊ ယာကုပ်အမျိုး ကိုးကွယ်သော တန်ခိုးရှင်ထာဝရဘုရားထံ ကျိန်ဆို၍ အဓိဋ္ဌာန်ပြု၏။

  21. ထိုမင်းက၊ ယာကုပ်အမျိုး ကိုးကွယ်သော တန်ခိုး ရှင် ထာဝရဘုရား ကျိန်းဝပ်တော်မူရာအရပ်ကို အကျွန်ုပ် သည် မတွေ့မှီတိုင်အောင်၊ ကိုယ်နေရာအိမ်သို့မဝင်၊ ကိုယ်အိပ်ရာပေါ်သို့မတက်၊ ကိုယ်မျက်စိအိပ်ရမည့်အခွင့်၊ မျက်ခမ်းမှိတ်ရမည့်အခွင့်ကို မပေးပါဟု၊ ယာကုပ်အမျိုး ကိုးကွယ်သော တန်ခိုးရှင်ထာဝရဘုရားထံ ကျိန်ဆို၍ အဓိဋ္ဌာန်ပြု၏။

  22. ထိုမင်းက၊ ယာကုပ်အမျိုး ကိုးကွယ်သော တန်ခိုး ရှင် ထာဝရဘုရား ကျိန်းဝပ်တော်မူရာအရပ်ကို အကျွန်ုပ် သည် မတွေ့မှီတိုင်အောင်၊ ကိုယ်နေရာအိမ်သို့မဝင်၊ ကိုယ်အိပ်ရာပေါ်သို့မတက်၊ ကိုယ်မျက်စိအိပ်ရမည့်အခွင့်၊ မျက်ခမ်းမှိတ်ရမည့်အခွင့်ကို မပေးပါဟု၊ ယာကုပ်အမျိုး ကိုးကွယ်သော တန်ခိုးရှင်ထာဝရဘုရားထံ ကျိန်ဆို၍ အဓိဋ္ဌာန်ပြု၏။

  23. ဘုရားအမှု၌စကားလွန်မိသောသူ၊ သစ္စာ ဂတိထားပြီးမှ မေးမြန်းသောသူသည် ကျော့ကွင်းနှင့် တွေ့မိပြီ။

  24. လေမွေလမင်းကြီး၏ မယ်တော်သည်သားကို ဆုံးမသွန်သင်သော တရားစကားဟူမူကာ၊

  25. ငါ့သားအဘယ်သို့နည်း။ ငါဘွားသောသား၊ အဘယ်သို့နည်း။ ငါ့၏သစ္စာဂတိနှင့်ဆိုင်သောသား အဘယ်သို့နည်းဟု မေးမြန်းသော်၊