Skip to content

Vows အကြောင်း ကျမ်းစာအခန်းငယ်များ

136 အခန်းငယ် · 38 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုအခါ ယာကုပ်က၊ ဘုရားသခင်သည် ငါ့ဘက် ၌ ရှိလျက်၊ ငါယခုသွားရာလမ်းမှာ၊ငါ့ကိုစောင့်မ၍ စားစရာအစား၊ ဝတ်စရာအဝတ်ကို ပေးသနားတော်မူ လျှင်၎င်း၊

  2. ငါသည် တဖန် အဘ၏အိမ်သို့ ငြိမ်ဝပ်စွာ ပြန် ရောက်၍၊ ထာဝရဘုရားသည်ငါ၏ဘုရား ဖြစ်တော်မူ လျှင်၎င်း၊ မှတ်တိုင်ပြု၍ ငါထူထောင်သော ဤကျောက် သည်လည်း၊ဘုရားသခင်၏ ဗိမာန်ဖြစ်ရမည်။

  3. ပေးသနားတော်မူသမျှတို့ကို ဆယ်ဘို့တဘို့ ပူဇော်ပါမည်ဟူ၍ သစ္စာပြုလေ၏။

  4. ငါကား၊ သင်သည် မှတ်တိုင်ကိုဆီလောင်း၍၊ ငါ၌ သစ္စာပြုရာ ဗေသလအရပ်၏ဘုရားဖြစ်၏။ ယခု ထ၍ ဤအရပ်မှ ထွက်သဖြင့်၊ အမျိုး သားချင်းတို့နေသော ပြည်သို့ ပြန်သွားလော့ဟု ငါ့အားမိန့်တော်မူ၏ဟု ယာကုပ်သည် ကြားပြောပြီးလျှင်၊

  5. တစုံတယောက်သော သူသည် ကောင်းသောအမှု၊ မကောင်းသောအမှုကို ပြုမည်ဟု အကျိုးအပြစ် ကို မသိဘဲ ကျိန်ဆိုလျက် သစ္စာပြု၍ နောက်တဖန်သိလျှင်၊ အရင်ကျိန်ဆိုလျက် သစ္စာ ပြုလေရာရာ၌ အပြစ်တစုံတခု ရောက်သော်၎င်း၊

  6. ထိုသို့သောအပြစ် တစုံတခု ရောက်လျှင်၊ ထိုအပြစ်ကို ဘော်ပြ တောင်းပန်းရမည်။

  7. ပြစ်မှားမိသော အပြစ်အတွက် အပြစ်ဖြေရာ ယဇ်ဖြစ်စေခြင်းငှါ သိုးသငယ်ဖြစ်စေ၊ ဆိတ်သငယ်ဖြစ်စေ၊ အမ တကောင်ကောင်တည်းဟူသော ဒုစရိုက်ဖြေရာယဇ်ကို ထာဝရဘုရား အထံတော်သို့ ဆောင်ခဲ့ပြီးလျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူ၏ အပြစ်အတွက် အပြစ်ဖြေခြင်းကို ပြုရမည်။

  8. သိုးသငယ်ကို မတတ်နိုင်လျှင်၊ ပြစ်မှားမိသော အပြစ်အတွက် အပြစ်ဖြေရာယဇ်ဘို့ တကောင်၊ မီးရှို့ရာယဇ်ဘို့ တကောင်၊ ခိုနှစ်ကောင်၊ သို့မဟုတ် ချိုးကလေးနှစ်ကောင်ကို ထာဝရဘုရား အထံတော်၊ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့ရမည်။

  9. ယဇ်ပုရောဟိတ် ရှေ့သို့ ဆောင်ခဲ့ရမည်။ ယဇ်ပုရောဟိတ် သည် အပြစ်ဖြေရာ ယဇ်ကောင်ကို အရင်ပူဇော်လျက်၊ ခေါင်းကိုလိမ်၍ ဖြတ်ရမည်။ ကိုယ်ကို ရှင်းရှင်းမခွဲရ။

  10. ထိုအပြစ်ဖြေရာ ယဇ်ကောင်အသွေးကို ယဇ်ပလ္လင်နံရံ၌ဖြန်း၍၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင် ခြေရင်းနားမှာ ညှစ်ရမည်။ အပြစ်ဖြေရာယဇ် ဖြစ်သတည်း။-

  11. ဒုတိယ ငှက်ကောင်ကို၊ ပညတ်တရားအတိုင်း မီးရှို့ရာ ယဇ်ပူဇော်ရ မည်။ ထိုသို့ ယဇ်ပုရောဟိတ်သည်၊ ထိုသူပြစ်မှားမိသောအပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏ အပြစ်လွတ်လိမ့်မည်။

  12. ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေး နှစ်ကောင်ဖြစ်စေ၊ တခုခုကို မတတ်နိုင်လျှင်၊ ပြစ်မှားသောသူသည် အပြစ်ဖြေရာယဇ် အရာ၌ မုန့်ညက်တဩမဲကို ဆောင်ခဲ့၍၊ ဆက်ရမည်။ အပြစ်ဖြေရာယဇ် ဖြစ်သော ကြောင့် ဆီကို မလောင်းရ။ လောဗန်ကို မတင်ရ။

  13. ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ပြီးလျှင်၊ ယဇ်ပုရောဟိတ်သည် မုန့်ညက်တလက်ဆွန်းတည်းဟူသော ပူဇော်သက္ကာအတွက် အတာကိုယူ၍၊ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာနှင့် အတူ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ အပြစ်ဖြေရာယဇ် ဖြစ်သတည်း။

  14. ထိုသို့ ယဇ်ပုရောဟိတ်သည်၊ ထိုသူ ပြစ်မှားမိသော အပြစ် တစုံတခုအတွက် အဖြစ်ဖြေခြင်းကို ပြုလျှင်၊ သူ၏ အပြစ်လွှတ်လိမ့်မည်။ ကြွင်းသောအရာသည် ဘောဇဉ် ပူဇော်သက္ကာကဲ့သို့၊ ယဇ်ပုရော ဟိတ်အဘို့ ဖြစ်သည်ဟု မောရှေအား မိန့်တော်မူ၏

  15. သို့မဟုတ် သစ္စာပြု၍ ယဇ်ပူဇော်သည်ဖြစ်စေ၊ ကိုယ်အလိုအလျောက် ပူဇော်သည်ဖြစ်စေ၊ ပူဇော်သော နေ့ခြင်းတွင်၊ ယဇ်အသားကို စား၍ အကြွင်းကိုလည်း နက်ဖြန်နေ့စားရမည်။

  16. ကြွင်းသေးသော အသားကိုလည်း သန်ဘက်နေ့၌ မီးရှို့ရမည်။

  17. မိဿဟာယယဇ် အသားအနည်းငယ်ကို၊ သန်ဘက်နေ့၌ စားမိလျှင် စိတ်တော်နှင့်မတွေ့။ ပူဇော်သော သူသည် အကျိုးကိုမရ။ ရွံရှာဘွယ် ဖြစ်လိမ့်မည်။ စားသောသူသည် ကိုယ်အပြစ်ကို ခံရလိမ့်မည်။

  18. ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တပါး အမျိုးသားဖြစ်စေ၊ သစ္စာဂတိ ရှိ၍ ပြုသော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာတည်းဟူသော မီးရှို့ရာယဇ်ကို ထာဝရ ဘုရားအား ပူဇော်လိုလျှင်၊-

  19. စိတ်တော်နှင့်တွေ့ခြင်းငှါ၊ အပြစ်မပါသောသိုး၊ ဆိတ်၊ နွားအထီးကို ပူဇော်ရမည်။

  20. အပြစ်ပါသော အကောင်ကို မပူဇော်ရ။ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့။

  21. သစ္စာဂတိရှိ၍ ပြုသော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာ သိုး၊ ဆိတ်၊ နွားကို ထာဝရဘုရားအား ယဇ်ပူဇော်လိုလျှင်၊ စိတ်တော်နှင့် တွေ့ခြင်းငှါ စုံလင်ရမည်။ အပြစ်တစုံတခုမျှ မရှိရ။

  22. မျက်စိကန်းသောအပြစ်၊ အရိုးကျိုးသောအပြစ်၊ အင်္ဂါချို့တဲ့သောအပြစ်၊ မြင်းဖုရှိသောအပြစ်၊ ဝဲနာ၊ ယားနာစွဲသောအပြစ်၊ တစုံတခုရှိလျှင်၊ ထာဝရဘုရားအား မပူဇော်ရ။ ယဇ်ပလ္လင်ပေါ်မှာ ထာဝရ ဘုရားအား မီးဖြင့် ပူဇော်သက္ကာမပြုရ။

  23. သို့ရာတွင် အင်္ဂါပိုခြင်း၊ ချို့တဲ့ခြင်း အပြစ်ရှိသော သိုး၊ ဆိတ်၊ နွားကို အလိုလို ပူဇော်သက္ကာဘို့ ပူဇော်ရမည်။ သစ္စာဂတိနှင့်ဆိုင်၍ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့။

  24. ကြိတ်နယ် စုတ်ပြတ်ရာ အနာရှိသော အထီးကို ထာဝရဘုရားအား မပူဇော်ရ။ သင်တို့ပြည်၌ ထိုသို့သောအကောင်ကို ပူဇော်သက္ကာမပြုရ။

  25. ထိုသို့သောအကောင်ကို တပါးအမျိုးသား ဆက်သော်လည်း ပျက်သောအပြစ်ပါသောကြောင့်၊ သင်တို့၏ ဘုရားသခင့်ပွဲတော်ဘို့ မပူဇော်ရ။ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့ဟု မိန့်တော်မူ၏။