Skip to content

The Second Temple အကြောင်း ကျမ်းစာအခန်းငယ်များ

134 အခန်းငယ် · 49 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဗာဗုလုန်ရှင်ဘုရင်ကုရုသည်၊ နန်းစံပဌမနှစ် တွင် ဤဗိမာန်တော်ကို ပြုပြင်ရမည်အကြောင်း မိန့်တော် မူ၏။

  2. နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့၏ ဗိမာန် တော်ထဲကထုတ်၍၊ ဘုရားသခင်၏အိမ်တော်နှင့် ဆိုင် သော်လည်း၊ ဗာဗုလုန်မြို့၏ ဗိမာန်သို့ ဆောင်သွားသော ရွှေတန်ဆာ၊ ငွေတန်ဆာတို့ကို ကုရုမင်းကြီးသည် ဗာဗု လုန်မြို့၏ဗိမာန်ထဲက တဖန်ထုတ်၍၊ ရှေရှဗာဇာအမည် နှင့် မြို့ဝန်အရာ၌ ခန့်ထားသောသူလက်သို့ အပ်တော် မူလျက်၊

  3. ဤတန်ဆာတို့ကိုယူ၍ ယေရုရှလင်မြို့၏ ဗိမာန် တော်သို့ ဆောင်သွားလော့။ ဘုရားသခင်၏ အိမ်တော် ကိုမိမိနေရာ၌ တည်ပြန်စေဟု မိန့်တော်မူသည်အတိုင်း၊

  4. ထိုရှေရှဗာဇာသည် လာ၍ ယေရုရှလင်မြို့၏ ဘုရားအိမ်တော်အမြစ်ကို ချထားသဖြင့်၊ ထိုအချိန်မှစ၍ ယခုတိုင်အောင် ငါတို့သည် တည်လုပ်လျက် လက်စ မသတ်သေးဟု ပြန်ပြောကြ၏။

  5. သို့ဖြစ်၍၊ ယေရုရှလင်မြို့၌ ဘုရား၏အိမ်တော် ကို တည်ရမည်အကြောင်း၊ ကုရုမင်းကြီးအမိန့်တော် ရှိသည် မရှိသည်ကိုသိလိုသဖြင့်၊ ဗာဗုလုန်မြို့ ဘဏ္ဍာ တော်တိုက်၌ ရှာဖွေစေခြင်းငှါ၊ အလိုတော်ရှိလျှင်၊ ရှာဖွေ စေတော်မူပါ။ နောက်တဖန် ဤအမှု၌ အလိုတော်ရှိသည် အတိုင်း ကျွန်တော်တို့ဆီသို့ အမိန့်တော်စာကို ပေးလိုက် တော်မူပါဟု လျှောက်စာ၌ ပါသတည်း။

  6. ထိုအခါ ဒါရိမင်းကြီးအမိန့်တော်နှင့် ဗာဗုလုန် မြို့ ဘဏ္ဍာတော်ထားရာစာတိုက်၌ ရှာဖွေကြ၏။

  7. မေဒိပြည်၊ အာခမေသမြို့၊ နန်းတော်၌စာလိပ် ကို တွေ့၍၊ စာလိပ်၌ပါသော စကားဟူမူကား၊

  8. ယဇ်ပူဇော်ရာ အိမ်တော်ကိုတည်စေ။ တိုက်မြစ် ကို ခိုင်ခံ့စွာချထားစေ။ အမြင့်အတောင်ခြောက်ဆယ်၊ အနံအတောင်ခြောက်ဆယ်ရှိ၍၊

  9. ကြီးသောကျောက်တန်းသုံးဆင့်၊ အသစ်သော သစ်သားတန်းတဆင့်နှင့် အထပ်ထပ်တည်စေ။ စရိတ်များ ကိုလည်း ဘဏ္ဍာတော်ထဲက ထုတ်၍ပေးစေ။

  10. ယေရုရှလင်မြို့၏ ဗိမာန်တော်ထဲကနေဗုခဒ် နေဇာထုတ်၍ ဘုရားသခင်၏အိမ်တော်နှင့် ဆိုင်သော် လည်း၊ ဗာဗုလုန်မြို့သို့ဆောင်ခဲ့သော ရွှေတန်ဆာ ငွေတန်ဆာတို့ကို ပြန်ပေးစေ။ ယေရုရှလင်မြို့၏ ဗိမာန် တော်သို့ ပို့၍ အလုံးစုံတို့ကို ဘုရားအိမ်တော်ထဲတွင် မိမိတို့နေရာ၌ ထားစေဟု ကုရုမင်းကြီးသည် နန်းစံ ပဌမနှစ်တွင်၊ ယေရုရှလင်မြို့၏ ဘုရားအိမ်တော်အမှု မှာ အမိန့်တော်ရှိ၏။

  11. သို့ဖြစ်၍၊ မြစ်အနောက်ဘက် မြို့ဝန်တာတနဲ၊ ရှေသာဗောဇနဲနှင့် သင်တို့အပေါင်းအဘော်တည်း ဟူသော မြစ်အနောက်ဘက်၌နေသော အဖာသသက် လူတို့၊ ထွက်သွားကြ။

  12. ထိုဘုရား၏အိမ်တော်တည်ခြင်း အမှုကိုမဆီးမတားကြနှင့်။ ယုဒမြို့ဝန်နှင့် ယုဒအမျိုး အသက်ကြီး သူတို့ သည် ထိုအိမ်တော်ကို မိမိနေရာ၌ တည်ပါလေစေ၊

  13. ထိုမှတပါး၊ သင်တို့သည် ထိုဘုရား၏ အိမ်တော် တည်ခြင်းအမှုကို ယုဒအမျိုးအသက်ကြီးသူတို့နှင့် ကူညီ ရမည်အကြောင်း၊ သူတို့သည် အဆီးအတားမရှိစေခြင်းငှါ၊ မြစ်အနောက်ဘက်၌ ခံသောအခွန်တော်တည်း ဟူသော ဘဏ္ဍာတော်ထဲက အိမ်တော်တည်စရာစရိတ်ကို ချက် ခြင်းထုတ်ပေးရမည်အကြောင်း ငါအမိန့်တော်ရှိ၏။

  14. ထိုမှတပါး၊ သူတို့သည် မွှေးကြိုင်သောယဇ်တို့ကို ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အား ပူဇော်၍၊

  15. ရှင်ဘုရင်အသက်၊ ဆွေတော်မျိုးတော်တို့၏ အသက်အဘို့ ဆုတောင်းစေခြင်းငှါ၊ သူတို့လိုချင်သမျှ ယေရုရှလင်မြို့ ယဇ်ပုရောဟိတ်တို့ စီရင်သည်အတိုင်း၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အား မီးရှို့ရာယဇ် ပူဇော်စရာဘို့နွား၊ သိုးထီး၊ သိုးသငယ်၊ စပါး၊ ဆား၊ စပျစ် ရည်၊ ဆီတို့ကိုနေ့တိုင်း အစဉ်အပြတ်ပေးစေ။

  16. ၎င်းနည်း အကြင်သူသည် ဤအမိန့်တော်ကို ငြင်းဆန်လျှင်၊ ထိုသူ၏အိမ်မှ သစ်တိုင်ကို နှုတ်ယူ၍ စိုက်ပြီးမှ သူ့ကိုလည်း ဆွဲချစေ။ သူ့အိမ်ကိုလည်း နောက် ချေးပုံဖြစ်စေဟု ငါအမိန့်တော်ရှိ၏။

  17. ယေရုရှလင်မြို့၏ ဘုရားအိမ်တော်ကို ကျိုးပဲ့ ပျက်စီးစေခြင်းငှါ ပြုသောရှင်ဘုရင်နှင့် ဆင်းရဲသား အပေါင်းတို့ကို၊ ထိုအရပ်၌ နာမတော်တည်စေသော ဘုရားသခင်သည် ဖျက်ဆီးတော်မူပါစေသော။ ငါဒါရိ သည် အမိန့်တော်ကိုပေး၏။ အမိန့်တော်အတိုင်း အလျင် အမြန်ပြုစေဟု ပေးလိုက်သတည်း။

  18. ဒါရိမင်းကြီးနန်းစံခြောက်နှစ်၊ အာဒါလသုံးရက် နေ့တွင် အိမ်တော်သည် ပြီးပြည့်စုံ၏။

  19. ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသားအစရှိသော သိမ်းသွားခြင်းကို ခံဘူးသော အမျိုးသားချင်းရှိသမျှတို့သည် ဘုရားသခင်၏ အိမ်တော် ကိုဝမ်းမြောက်သောစိတ်နှင့် အနုမောဒနာပွဲခံကြ၏။

  20. ထိုအိမ်တော်၏ အနုမောဒနာပွဲတွင် နွားတရာ၊ သိုးထီးနှစ်ရာ၊ သိုးသငယ်လေးရာကို၎င်း၊ ဣသရေလအမျိုး တဆယ်နှစ်မျိုးအလိုက် အမျိုးသားအပေါင်းတို့၏ အပြစ် ဖြေရာ ယဇ်တည်းဟူသော ဆိတ်ထီးတဆယ် နှစ်ကောင် ကို၎င်း၊ ယဇ်ပူဇော်ကြ၏။

  21. မောရှေကျမ်းစာ၌ ပါသည်အတိုင်း၊ ယေရု ရှလင်မြို့၌ ဘုရားဝတ်ကို ပြုစေခြင်းငှါ၊ ယဇ်ပုရောဟိတ် အသီးအသီးတို့ကို၎င်း၊ သင်းဖွဲ့သော လေဝိသားတို့ကို၎င်း ခန့်ထားကြ၏။

  22. ကုရုမင်းကိုလည်း၊ သင်သည် ငါ့သိုးထိန်း ဖြစ်၏။ ငါ့အလိုရှိသမျှကို ပြည့်စုံစေလျက်၊ ယေရုရှလင်မြို့ တည်ဆောက်စေ၊ ဗိမာန်တော်တိုက်မြစ်ကျစေဟု စီရင် လိမ့်မည်ဟူ၍၎င်း ငါဆို၏။

  23. တသိတင်းတွင် လူအများတို့နှင့် ပဋိညာဉ် ဖွဲ့ခြင်းရှိ၍ ထိုသိတင်းတဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ ရွံ့ရှာဘွယ် သောအရာ၏ အထွဋ်ပေါ်သို့ ဖျက်ဆီးသော သူသည် ရောက်၍ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်း သည် ပျက်စီးအပ်သော သူတို့ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။

  24. ထိုမင်းနောက်မှ စစ်လက်နက်တို့သည် ပေါ်လာ သဖြင့်၊ တန်ခိုးကြီးသော သန့်ရှင်းရေးဌာနတော်ကို ညစ် ညူးစေ၍၊ နေ့ရက်အစဉ်ပြုသော ဝတ်ကို ပယ်ရှင်းကြ လိမ့်မည်။ ဖျက်ဆီးတတ်သောရွံ့ရှာဘွယ် အရာကိုလည်း တည်ထားကြလိမ့်မည်။

  25. ဒါရိမင်းကြီးနန်းစံနှစ်နှစ်၊ ဆဌမလတရက်နေ့ တွင်၊ ပရောဖက်ဟဂ္ဂဲအားဖြင့် ယုဒမြို့ဝန်၊ ရှာလသေလ သား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက် သား ယောရှုဆီသို့ ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာ၍၊