အကြောင်းအရာသို့ ကျော်သွားရန်

The Second Temple အကြောင်း ကျမ်းစာအခန်းငယ်များ: Tatnai the governor wrote to Darius to know if the building had his sanction

15 အခန်းငယ် · 49 ရှုထောင့်

Tatnai the governor wrote to Darius to know if the building had his sanction အကြောင်း အခန်းငယ်များ

  1. ထိုအခါ မြစ်အနောက်ဘက် မြို့ဝန်တာတန်နှင့် ရှေသာဗောဇနဲမှစ၍ သူတို့အပေါင်းအဘော်တို့သည် လာ၍၊ ဤအိမ်ကိုတည်ဆောက်ရမည်၊ ဤမြို့ရိုးကို ပြုပြင် ရမည်အကြောင်း အဘယ်သူမှာထားသနည်းဟူ၍၎င်း၊

  2. ဤအိမ်ကိုတည်ဆောက်သော သူတို့၏အမည် ကား အဘယ်သို့ နည်းဟူ၍၎င်း၊ မေးစစ်ကြသော်လည်း၊

  3. ဒါရိမင်း အမိန့်တော်မရောက်မှီတိုင် အလုပ် အကိုင် မပြတ်စေခြင်းငှါ၊ ဘုရားသခင်သည် ယုဒ အမျိုးသား အသက်ကြီးသူတို့ကို ထောက်ရှုတော်မူ၏။ သို့ဖြစ်၍ အထံတော်သို့ လျှောက်စာကိုပေးလိုက်ကြ၏။

  4. မြစ်အနောက်ဘက် မြို့ဝန်တာတနဲနှင့် ရှေသာ ဗောဇနဲမှစ၍ သူတို့အပေါင်းအဘော်၊

  5. မြစ်အနောက်ဘက်၌နေသော အဖာသသက် လူတို့သည်၊ ဒါရိမင်းကြီးထံသို့ပေးလိုက်သော စာချက်ဟူ မူကာ၊ ဒါရိမင်းကြီး၌ အစဉ်ချမ်းသာရှိပါစေသော။

  6. ကျွန်တော်တို့သည် ယုဒပြည်တွင် ကြီးမြတ်သော ဘုရားသခင်၏ အိမ်တော်သို့ရောက်၍၊ ထိုအရပ်သား တို့သည် အိမ်တော်ကို ကျောက်ကြီးနှင့်တည်လျက်၊ ကျောက်ထရံပေါ်မှာ သစ်သားကို တင်လျက်၊ အလျင် အမြန် လုပ်ဆောင်၍ အကြံထမြောက်ကြောင်းကို သိမှတ် တော်မူပါ။

  7. ဤအိမ်ကိုတည်ဆောက်ရမည်၊ ဤမြို့ရိုးကို ပြုပြင်ရမည်အကြောင်း အဘယ်သူမှာထားသနည်း ဟူ၍၎င်း၊

  8. သူကြီးတို့၏ အမည်များကို စာရင်းယူ၍ အထံ တော်သို့ပေးလိုက်ခြင်းငှါ၊ သူကြီးတို့၏အမည်များကို၎င်း၊ အသက်ကြီးသူတို့၌မေးမြန်းသော အခါ။

  9. သူတို့က၊ ငါတို့သည် ကောင်းကင်နှင့်မြေကြီး အရှင် ဘုရားသခင်၏ ကျွန်တော်ဖြစ်ကြ၏။ ရှေးကာလ၌ ကြီးမြတ်သော ဣသရေလရှင်ဘုရင် တည်ထောင်တော်မူ သော အိမ်တော်ကို ယခုပြုပြင်ကြ၏။

  10. ငါတို့ဘိုးဘေးတို့သည် ကောင်းကင်ဘုံ၏ အရှင် ဘုရားသခင်၏ အမျက်တော်ကိုနှိုးဆော်သောကြောင့်၊ သူတို့ကိုခါလဒဲမင်း၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ လက်သို့ အပ်တော်မူသဖြင့်၊ ထိုရှင်ဘုရင်သည် ဤအိမ် တော်ကို ဖျက်ဆီး၍၊ ပြည်သားတို့ကို ဗာဗုလုန်မြို့သို့ သိမ်း သွား၏။

  11. ဗာဗုလုန်ရှင်ဘုရင်ကုရုသည်၊ နန်းစံပဌမနှစ် တွင် ဤဗိမာန်တော်ကို ပြုပြင်ရမည်အကြောင်း မိန့်တော် မူ၏။

  12. နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့၏ ဗိမာန် တော်ထဲကထုတ်၍၊ ဘုရားသခင်၏အိမ်တော်နှင့် ဆိုင် သော်လည်း၊ ဗာဗုလုန်မြို့၏ ဗိမာန်သို့ ဆောင်သွားသော ရွှေတန်ဆာ၊ ငွေတန်ဆာတို့ကို ကုရုမင်းကြီးသည် ဗာဗု လုန်မြို့၏ဗိမာန်ထဲက တဖန်ထုတ်၍၊ ရှေရှဗာဇာအမည် နှင့် မြို့ဝန်အရာ၌ ခန့်ထားသောသူလက်သို့ အပ်တော် မူလျက်၊

  13. ဤတန်ဆာတို့ကိုယူ၍ ယေရုရှလင်မြို့၏ ဗိမာန် တော်သို့ ဆောင်သွားလော့။ ဘုရားသခင်၏ အိမ်တော် ကိုမိမိနေရာ၌ တည်ပြန်စေဟု မိန့်တော်မူသည်အတိုင်း၊

  14. ထိုရှေရှဗာဇာသည် လာ၍ ယေရုရှလင်မြို့၏ ဘုရားအိမ်တော်အမြစ်ကို ချထားသဖြင့်၊ ထိုအချိန်မှစ၍ ယခုတိုင်အောင် ငါတို့သည် တည်လုပ်လျက် လက်စ မသတ်သေးဟု ပြန်ပြောကြ၏။

  15. သို့ဖြစ်၍၊ ယေရုရှလင်မြို့၌ ဘုရား၏အိမ်တော် ကို တည်ရမည်အကြောင်း၊ ကုရုမင်းကြီးအမိန့်တော် ရှိသည် မရှိသည်ကိုသိလိုသဖြင့်၊ ဗာဗုလုန်မြို့ ဘဏ္ဍာ တော်တိုက်၌ ရှာဖွေစေခြင်းငှါ၊ အလိုတော်ရှိလျှင်၊ ရှာဖွေ စေတော်မူပါ။ နောက်တဖန် ဤအမှု၌ အလိုတော်ရှိသည် အတိုင်း ကျွန်တော်တို့ဆီသို့ အမိန့်တော်စာကို ပေးလိုက် တော်မူပါဟု လျှောက်စာ၌ ပါသတည်း။