အကြောင်းအရာသို့ ကျော်သွားရန်

Psalms အကြောင်း ကျမ်းစာအခန်းငယ်များ

896 အခန်းငယ် · 16 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထာဝရဘုရားသည် မိမိသန့်ရှင်းသူကို ရွေးထား တော်မူသည်ကို သိမှတ်ကြလော့။ ငါခေါ်၍ လျှောက် သောအခါ၊ ထာဝရဘုရားသည် နားထောင်တော်မူလိမ့် မည်။

  2. ကြောက်ရွံ့တုန်လှုပ်၍ ဒုစရိုက်အပြစ်ကို ရှောင် ကြလော့။ အိပ်ရာပေါ်မှာ ကိုယ်စိတ်နှလုံးနှင့် ဆွေးနွေး စဉ်းစား၍ တိတ်ဆိတ်ခြင်းရှိကြလော့။

  3. တရားသဖြင့်ယဇ်ပူဇော်၍ ထာဝရဘုရားကို ကိုးစားကြလော့။

  4. ကောင်းမွန်သော အရာကို ငါတို့အား အဘယ် သူပြမည်နည်းဟု မေးတတ်သော သူအများရှိပါသည် ဖြစ်၍၊ အိုထာဝရဘုရား၊ မျက်နှာတော်အလင်းကို အကျွန်ုပ်တို့အပေါ်မှာ ပေါ်ထွန်းစေတော်မူပါ။

  5. သူတို့၌ ဆန်စပါး၊ စပျစ်ရည်ပေါများ၍၊ သူတို့ ဝမ်းမြောက်ခြင်းရှိသည်ထက် အကျွန်ုပ်ကိုသာ၍ ဝမ်း မြောက်စေတော်မူ၏။

  6. ငြိမ်ဝပ်စွာအိပ်၍ ပျော်ပါမည်။ အကြောင်းမူ ကား၊ အကျွန်ုပ်သည် လုံခြုံစွာနေရသောအခွင့်ကို ကိုယ် တော်အရှင် ထာဝရဘုရားသာလျှင် အခွင့်ပေးတော်မူ၏။

  7. အိုထာဝရဘုရား၊ အကျွန်ုပ်၏စကားကို နား ထောင်တော်မူ၍၊ အကျွန်ုပ်မြည်တမ်းခြင်းကို ဆင်ခြင် တော်မူပါ။

  8. အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းသည်ဖြစ်၍၊ အကျွန်ုပ်အော်ဟစ်သောအသံကို နားထောင်တော်မူပါ။

  9. အိုထာဝရဘုရား၊ နံနက်အခါ အကျွန်ုပ် စကားသံကို ကြားတော်မူရပါ၏။ နံနက်အခါကိုယ်တော် ကို မျက်မှောက်ပြု၍ မြော်လင့်ပါမည်။

  10. ကိုယ်တော်သည် မတရားသော အမှုကို နှစ်သက်သော ဘုရားမဟုတ်။ ဆိုးသောသူကို လက်ခံ တော်မမူ။

  11. မိုက်သော သူသည် အထံတော်သို့ မဝင်ရ။မတရားသဖြင့် ပြုသောသူအပေါင်းတို့ကို မုန်းတော်မူ၏။

  12. မုသာစကားပြောသောသူတို့ကို ဖျက်ဆီးတော် မူ၏။ လူအသက်ကို သတ်တတ်သောသူနှင့် လှည့်စား တတ်သောသူတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော် မူ၏။

  13. အကျွန်ုပ်မူကား၊ များစွာသော ကျေးဇူးတော်ကို ခံစားရသဖြင့်၊ အိမ်တော်သို့ရောက်၍၊ ကိုယ်တော်ကို ကြောက်ရွံ့သော စိတ်နှင့်သန့်ရှင်းသော ဗိမာန်တော်တွင် ကိုးကွယ်ပါလိမ့်မည်။

  14. အိုထာဝရဘုရား၊ အကျွန်ုပ်၏ ရန်သူတို့ကြောင့် အကျွန်ုပ်ကို တရားတော်လမ်းထဲသို့ပို့ဆောင်တော်မူပါ။ ကိုယ်တော်၏လမ်းကို အကျွန်ုပ်ရှေ့မှာ ဖြောင့်စေတော် မူပါ။

  15. သူတို့၏နှုတ်တွင် သစ္စာမရှိပါ။ သူတို့နှလုံးသည် အလွန်ဆိုးဝါး၏။ သူတို့၏လည်ချောင်းသည် ဖွင့်ထား သော သင်္ချိုင်းတွင်းဖြစ်ပါ၏။ သူတို့သည် လျှာနှင့် ချော့မော့တတ်ကြ၏။

  16. အိုဘုရားသခင်၊ သူတို့အပေါ်မှာ အပြစ်ရောက် စေတော်မူပါ။ မိမိတို့အကြံအစည်အားဖြင့် လဲကြပါစေ သော။ ကိုယ်တော်ကို ပုန်ကန်သော သူဖြစ်၍၊ ပြစ်မှား သော အပြစ်များသောကြောင့်၊ သူတို့ကို နှင်ထုတ်တော် မူပါ။

  17. ကိုယ်တော်ကို ကိုးစားသော သူတို့မူကား၊ ဝမ်းမြောက်ကြပါစေသော။ စောင့်ရှောက်တော်မူခြင်းကို ခံရ၍ ဝမ်းမြောက်သည်နှင့် ကြွေးကြော်ကြပါစေသော။ နာမတော်ကို ချစ်သောသူတို့သည် ကိုယ်တော်ကြောင့် ဝမ်းသာရွှင်လန်းခြင်း ရှိကြပါစေသော။

  18. အိုထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ် သော သူကို ကောင်းကြီးပေး၍ ကျေးဇူးတော်အားဖြင့် ကွယ်ကာ စောင့်မတော်မူလိမ့်သတည်း။

  19. အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ အကျွန်ုပ်ကို အပြစ်တင်တော်မမူပါနှင့်။ ပြင်းစွာအမျက် ထွက်၍ ဆုံးမတော်မမူပါနှင့်။

  20. အိုထာဝရဘုရား၊ အကျွန်ုပ်သည် ခွန်အားနည်း လှပါ၏။ ကယ်မသနားတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်အရိုးတို့သည် တုန်လှုပ်ကြပါ၏။ ကျန်းမာပကတိ ရှိစေတော်မူပါ။

  21. အကျွန်ုပ်စိတ်ဝိညာဉ်သည် အလွန်တုန်လှုပ်ပါ ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်မျှကာလ ပတ်လုံးနေတော်မူမည်နည်း။

  22. အိုထာဝရဘုရား၊ တဖန်ကြွလာ၍ အကျွန်ုပ် စိတ်ဝိညာဉ်ကို ကယ်ယူတော်မူပါ။ ကရုဏာတော်နှင့် အညီ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။

  23. အကြောင်းမူကား၊ သေလျက်နေစဉ်တွင် ကိုယ် တော်ကို အောက်မေ့ခြင်းမရှိပါ။ မရဏနိုင်ငံတွင် ကျေးဇူး တော်ကို အဘယ်သူချီးမွမ်းပါမည်နည်း။

  24. အကျွန်ုပ်သည် ညည်းတွား၍ ပင်ပန်းလှပါ၏။ အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည်၌ တညဉ့်လုံးမျှော၍၊ အိပ်ရာကိုလည်း မွန်းစေပါ၏။

  25. ဝမ်းနည်းခြင်းအားဖြင့် မျက်စိပျက်၍၊ ရန်သူ များကြောင့် ပြာမှုန်လျက် ရှိပါ၏။