အကြောင်းအရာသို့ ကျော်သွားရန်

Psalms အကြောင်း ကျမ်းစာအခန်းငယ်များ

896 အခန်းငယ် · 16 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သူတို့စပျစ်နွယ်ပင်သည် သောဒုံစပျစ်နွယ်ပင် မျိုး၊ ဂေါမောရမြေ၌ ပေါက်သော အပင်မျိုးဖြစ်၏။ သူတို့ စပျစ်သီးသည် ခါးသောအပင်၏ အသီးဖြစ်၍၊ စပျစ်သီး ပြွတ်တို့သည် ခါးသောအရသာနှင့် ပြည့်စုံကြ၏။

  2. သူတို့ စပျစ်ရည်သည် နဂါးအဆိပ်၊ ပြင်းထန် သော မြွေဆိုးအဆိပ် အတောက်ဖြစ်၏။

  3. ဤအမှုသည် ငါ့ထံမှာ သိုထားလျက်၊ ငါ့ဘဏ္ဍာ တိုက်၌ တံဆိပ်ခပ်လျက် ရှိသည်မဟုတ်လော။

  4. အပြစ်တရားကို စီရင်ရသော အခွင့်၊ အပြစ်နှင့် အလျောက်ဆပ်ပေးရသော အခွင့်ကို ငါပိုင်၏။ အချိန် တန်မှ သူတို့ခြေသည် ချော်လိမ့်မည်။ သူတို့၌ ဘေး ရောက်သောအချိန်နီးပြီ။ သူတို့တွေ့ကြုံရသောအမှုသည် အလျင်အမြန် ရောက်လာလိမ့်မည်။

  5. ထာဝရဘုရားသည် မိမိလူတို့အဘို့ တရားစီရင် တော်မူမည်။ ကိုယ်တော်၏ ကျွန်တို့သည် တန်ခိုးကုန် ကြောင်း၊ အချုပ်ခံရသောသူ၊ လွတ်သောသူတယောက်မျှ မရှိကြောင်းကို မြင်သောအခါ၊ သူတို့အမှုကြောင့် နောင် တရတော်မူလျက်၊

  6. သူတို့ဘုရား၊ သူတို့ခိုလှုံသောကျောက်သည် အဘယ်မှာရှိသနည်း။

  7. သူတို့ပူဇော်သော ဆီဥကို စား၍ သွန်းလောင်း ရာ ပူဇော်သက္ကာ စပျစ်ရည်ကို သောက်သော သူတို့သည် အဘယ်မှာရှိသနည်း။ သူတို့သည် ထ၍ သင်တို့ကို ကွယ် ကာ စောင့်မပါလေစေ။

  8. ငါသည် ကိုယ်တိုင်အားဖြင့် ဘုရားဖြစ်ကြောင်း ကို၎င်း၊ ငါမှတပါး အခြားသောဘုရားမရှိကြောင်းကို၎င်း ကြည့်ရှုကြလော့။ ငါသည် အသက်ကို သေစေ၏။ အသက်ကိုလည်း ရှင်စေ၏။ ငါသည် အနာပေါ်စေခြင်း ငှါ ဒဏ်ခတ်၏။ အနာကိုလည်း ပျောက်စေ၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနှုတ်နိုင်။

  9. ငါသည် အစဉ်အမြဲအသက်ရှင်ပေ၏ဟု ငါ့လက် ကို ကောင်းကင်သို့ချီ၍ ကျိန်ဆို၏။

  10. ငါသည် ပြောင်လက်သောထားကို သွေး၍၊ တရားစီရင်စပြုလျက် ငါ့ရန်သူတို့၌ အပြစ်တရားကို စီရင်မည်။ ငါ့ကိုမုန်းသောသူတို့ ခံထိုက်သောအပြစ်အ လျောက် ငါဆပ်ပေးမည်။

  11. ငါ့မြှားတို့ကို အသွေးနှင့်ယစ်မူးစေမည်။ ငါ့ထား သည် အသားကို စားလိမ့်မည်။ သတ်သောသူ၊ လက်ရ သောသူတို့၏ အသွေး၊ ရန်သူအကဲအမှူးတို့၏ ဦးခေါင်းကို စားသောက်လိမ့်မည်။

  12. တပါးအမျိုးသားတို့၊ သင်တို့သည် ဘုရားသခင် ၏ လူမျိုးနှင့်အတူ ဝမ်းမြောက်ခြင်းရှိကြလော့။ အ ကြောင်းမူကား၊ ကိုယ်တော်၏ ကျွန်တို့ကို သတ်သော အပြစ်နှင့်အလျောက် ဒဏ်ပေး၍ ကိုယ်တော်၏ ရန်သူ တို့၌ အပြစ်တရားကို စီရင်တော်မူမည်။ ပြည်တော်နှင့် မိမိလူမျိုးကို ကယ်မသနားတော်မူမည်ဟူသော၊

  13. တဖန် ဟန္နသည် ပဌနာစကားကို မြွက်ဆိုသည်ကား၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို အမှီပြု၍ ရွှင်လန်းလျက်၊ ထာဝရဘုရားကြောင့် ငါ့ဦးချိုမြင့်လျက် ရှိ၏။ ကယ်တင်ခြင်း ကျေးဇူးတော်ကြောင့် ဝမ်းမြောက်၍၊ ရန်သူတို့အား ဝါကြွားသောစကားကို ပြောရ၏။

  14. ထာဝရဘုရား သန့်ရှင်းတော်မူသကဲ့သို့ အဘယ်သူမျှမသန့်ရှင်း။ ကိုယ်တော်မှတပါး အခြားသော ဘုရားမရှိ။

  15. ငါတို့ ဘုရားသခင်ကဲ့သို့သော ခိုလှုံစရာမရှိ။ ကိုယ့်ကိုကိုယ် မချီးမြှောက်ကြနှင့်။ ဝါကြွားစော်ကားသော စကားကိုမပြောကြနှင့်။ အဓမ္မစကားကို နှုတ်ထဲက မထွက်စေကြနှင့်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သဗ္ဗညုတဘုရား ဖြစ်တော်မူ၏။ အမှုအရာတို့ကို ညှိညွှတ်တော်မူ၏။

  16. သူရဲတို့ ကိုင်သောလေးများ ကျိုးလျက်၊ လဲတတ်သော သူတို့သည် ခွန်အားနှင့် ပြည့်စုံလျက် ရှိကြ၏။

  17. ဝစွာစားသောသူတို့သည် စားစရာကို ရခြင်းငှါ၊ သူငှါး လုပ်ကြရပြီ။ ငတ်မွတ်သော သူတို့မူကား၊ တဖန် ဝကြပြီ။ မြုံသောသူသည် ခုနှစ်ကြိမ်တိုင်အောင် ဘွားမြင်ပြီ။ သားများသောသူမူကား၊ တဖန် အားလျော့ပြီ။

  18. ထာဝရဘုရားသည် သေစေသော အခွင့်၊ အသက်ရှင်စေသောအခွင့်၊ မရဏာနိုင်ငံသို့ နှိမ့်ချသောအခွင့်၊ ထမြောက်စေသောအခွင့် ရှိတော်မူ၏။

  19. ဆင်းရဲစေခြင်းငှါ၎င်း၊ ရတတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရားပြု၍၊ နှိမ့်ချသောအခွင့်၊ ချီးမြှောက်သော အခွင့်ရှိတော်မူ၏။

  20. ဆင်းရဲသောသူကို မြေမှုန့်ထဲက၎င်း၊ ငတ်မွတ်သောသူကို နောက်ချေးပုံထဲက၎င်း ချီးမြှောက်၍၊ မင်းသားတို့နှင့် ထိုင်ရသောအခွင့်၊ ဘုန်းကြီးသောပလ္လင်ကို အမွေခံရသောအခွင့်ကို ပေးတော်မူ၏။ အကြောင်းမူကား၊ မြေကြီးတိုင်တို့ကို ထာဝရဘုရားပိုင်၍ ထိုတိုင်တို့အပေါ်မှာ လောကဓာတ်ကို တည်တော်မူပြီ။

  21. မိမိသန့်ရှင်းသူတို့ခြေကို စောင့်မတော်မူလိမ့်မည်။ မတရားသောသူတို့သည် မှောင်မိုက်၌ တိတ်ဆိတ် စွာ နေရကြလိမ့်မည်။ ကိုယ်အစွမ်းသတ္တိအားဖြင့် အဘယ်သူမျှ မနိုင်ရာ။

  22. ထာဝရဘုရားသည် ရန်သူတို့ကို ချိုးဖဲ့တော်မူမည်။ သူတို့အပေါ်၌ မိုဃ်းကောင်းကင်မှ မိုဃ်းချုန်း စေတော်မူမည်။ ထာဝရဘုရားသည် မြေကြီးစွန်းတိုင်အောင် တရားစီရင်သဖြင့်၊ ခန့်ထားတော်မူသော ရှင်ဘုရင်ကို ခွန်အားနှင့် ပြည့်စုံစေ၍ အထံတော်၌ ဘိသိက်ခံသောသူကို ချီးမြှောက်တော်မူမည်ဟု မြွက်ဆို၏။

  23. မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊

  24. လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။

  25. အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍၊ အရွက်မညှိုး နွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း။