အကြောင်းအရာသို့ ကျော်သွားရန်

Psalms အကြောင်း ကျမ်းစာအခန်းငယ်များ

896 အခန်းငယ် · 16 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မတရားသော သူတို့မူကား ထိုကဲ့သို့မဟုတ်။ လေတိုက်၍ လွင့်သောဖွဲနှင့်တူကြ၏။

  2. ထိုကြောင့် တရားဆုံးဖြတ်တော်မူရာကာလ၌၊ မတရားသောသူတို့သည် မတည်မနေရကြ။ ဖြောင့်မတ် သော သူတို့၏အပေါင်းအသင်းထဲသို့ လူဆိုးတို့သည် မဝင်ရကြ။

  3. အကြောင်းမူကား၊ ဖြောင့်မတ်သောသူတို့၏ လမ်းကို ထာဝရဘုရားကျွမ်းတော်မူ၏။ မတရားသော သူတို့၏ လမ်းသည်ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်သတည်း။

  4. လူမျိုးတို့သည် အဘယ်ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်ကြသနည်း။

  5. လောကီရှင်ဘုရင်တို့သည် ထကြ၍၊ မှူးမတ် အရာရှိတို့လည်း၊ ထာဝရဘုရားနှင့် ခရစ်တော်ကို ရန်ဘက်ပြုလျက်၊

  6. သူတို့ချည်နှောင်ခြင်းကို မြေကြကုန်အံ့။ ချည် နှောင်သောကြိုးတို့ကို ဖယ်ကြကုန်အံ့ သင်းဖွဲ့ကြ၏။

  7. ကောင်းကင်ဘုံ၌ ထိုင်တော်မူသောသူသည် ပြုံးရယ်၍၊ ထာဝရဘုရားသည် သူတို့ကို ကဲ့ရဲ့တော်မူ၏။

  8. ထိုအခါအမျက်တော်ထွက်၍၊ သူတို့ကိုမိန့်တော် မူမည်။ ပြင်းစွာသော အမျက်တော်နှင့် သူတို့ကို ပူပန် စေတော်မူမည်။

  9. ငါ၏ရှင်ဘုရင်ကို သန့်ရှင်းသော ဇိအုန်တောင် တော်ပေါ်မှာ၊ ငါ့ကိုယ်တိုင် ဘိသိတ်ပေးပြီဟု မိန့်တော် မူမည်။

  10. ဗျာဒိတ်တော်အချက်ကို ငါပြန်ကြားပေအံ့။ ထာဝရဘုရားက သင်သည် ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖြစ်ဘွားစေပြီ။

  11. ငါ့ကိုတောင်းလော့။ လူအမျိုးမျိုးတို့ကို သင်၏ အမွေဥစ္စာဘို့ ငါပေးမည်။ မြေကြီးစွန်းတိုင်အောင် ပိုင် ထိုက်သော အခွင့်ကိုလည်း ငါပေးမည်။

  12. သင်သည်သူတို့ကို သံလှံတံနှင့်အုပ်စိုး၍၊ မြေအိုးကို ခွဲဖျက်သကဲ့ သို့ခွဲဖျက်လိမ့်မည်ဟု ငါ့အားမိန့်တော်မူပြီ။

  13. သို့ဖြစ်၍ ရှင်ဘုရင်တို့၊ ပညာသတိရှိကြလော့။ လောကီမင်းတို့၊ ဆုံးမခြင်းကို ခံကြလော့။

  14. ကြောက်ရွံ့သောစိတ်နှင့် ထာဝရဘုရား၏ အမှု တော်ကို ထမ်းရွက်၍၊ တုန်လှုပ်ခြင်းနှင့် ဝမ်းမြောက်ကြ လော့။

  15. သားတော်ကို နမ်းကြလော့။ သို့မဟုတ်လျှင် အမျက်တော်ထွက်၍၊ သင်တို့သည်လမ်း၌ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အမျက်တော်သည် ချက်ခြင်းထွက်လိမ့်မည်။ သားတော်ကို ကိုးစားသောသူအပေါင်းတို့ သည် မင်္ဂလာရှိကြ၏။

  16. အိုထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူတို့သည်၊ အလွန်တိုးပွါး၍၊ အကျွန်ုပ်တဘက်၌ ထသောသူတို့သည် များကြပါ၏။

  17. သူသည်ဘုရားသခင်ကို အမှီပြု၍ချမ်းသာမရဟု အကျွန်ုပ်ကို ရည်ဆောင်၍ ပြောသောသူ အများ ရှိကြပါ၏။

  18. သို့သော်လည်း၊ အိုထာဝရဘုရား၊ ကိုယ်တော် သည် အကျွန်ုပ်၏အကွယ်အကာဖြစ်တော်မူ၏။ အကျွန်ုပ် ၏ ဘုန်းလည်းဖြစ်တော်မူ၏။ အကျွန်ုပ်၏ဦးခေါင်းကို ချီကြွသော သူလည်းဖြစ်တော်မူ၏။

  19. ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍ အော်ဟစ်သောအခါ၊ သန့်ရှင်းသော တောင်တော်ပေါ်မှာ နားထောင်တော်မူ၏။

  20. ထာဝရဘုရားသည် ငါ့ကိုမစတော်မူသော ကြောင့်၊ ငါသည် အိပ်၍ ပျော်ခြင်းအခွင့်နှင့် နိုးခြင်း အခွင့်ရှိ၏။

  21. ငါ့ကိုရန်ဘက်ပြု၍ ဝန်းရံသော သူအထောင် အသောင်းကို ငါမကြောက်ဘဲနေမည်။

  22. အိုထာဝရဘုရားထတော်မူပါ။ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်ကို ကယ်မတော်မူပါ။ ကိုယ်တော် သည် အကျွန်ုပ်၏ ရန်သူတို့၏ ပါးရိုးကိုရိုက်၍၊ မတရား သောသူတို့၏ သွားကိုချိုးတော်မူ၏။

  23. ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့် ချမ်း သာရပါ၏။ ပေးတော်မူသော ကောင်းကြီးမင်္ဂလာသည် ကိုယ်တော်၏ လူစုအပေါ်သို့ သက်ရောက်ပါစေသော။

  24. အကျွန်ုပ်ကိုဖြောင့်မတ်စေတော်မူသော ဘုရား၊ အကျွန်ုပ်ခေါ်သောအခါ နားထောင်တော်မူပါ။ အကျွန်ုပ် သည်ဆင်းရဲစဉ်တွင် ကိုယ်တော်သည် ချမ်းသာပေးတော် မူပါပြီ။ ယခုလည်းသနား၍ အကျွန်ုပ်၏ ပဌနာစကား ကို နားထောင်တော်မူပါ။

  25. အချင်းလူသားတို့၊ အဘယ်မျှ ကာလပတ်လုံး ငါ၏ဘုန်းကို ရှုတ်ချကြမည်နည်း။ အဘယ်မျှကာလပတ် လုံး အနတ္တကို နှစ်သက်၍ မုသာကို လိုက်ရှာကြမည် နည်း။