အကြောင်းအရာသို့ ကျော်သွားရန်

Psalms အကြောင်း ကျမ်းစာအခန်းငယ်များ

896 အခန်းငယ် · 16 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မတရားသဖြင့်ပြုသောသူအပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြ။ ငါငိုကြွေးသံကို ထာဝရဘုရား ကြားတော် မူ၏။

  2. ငါတောင်းပန်ခြင်းကို ထာဝရဘုရား ကြားတော် မူ၏။ ငါပြုသော ပဌနာစကားကို ထာဝရဘုရား နာယူတော်မူ၏။

  3. ငါ့ရန်သူအပေါင်းတို့သည် ရှက်ကြောက် ၍ ဆုံးရှုံးခြင်း ရှိကြလိမ့်မည်။ ချက်ခြင်းပြန်သွား၍ ရှက် ကြောက်ခြင်သို့ရောက်ကြလိမ့်မည်။

  4. အိုအကျွန်ုပ်တို့၏ ဘုရားရှင်ထာဝရဘုရား၊ နာမ တော်သည် မြေကြီးတပြင်လုံး၌ အလွန်ကြီးမြတ်တော်မူ ၏။ ဘုန်းအာနုဘော်တော်သည် မိုဃ်းကောင်းကင်ပေါ်မှာ တည်လျက်ရှိပါ၏။

  5. ကိုယ်တော်၏ရန်သူတို့ကို ရည်ဆောင်၍ ရန်သူ ကို၎င်း၊ အငြိုးထားသောသူကို၎င်း၊ တိတ်ဆိတ်စွာနေစေ ခြင်းငှါ၊ နို့စို့သူငယ်တို့၏နှုတ်ထဲမှ အစွမ်းသတ္တိကို စီရင် တော်မူ၏။

  6. လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော် ၏ မိုဃ်းကောင်းကင်ကို၎င်း၊ ပြင်ဆင်တော်မူသောလနှင့် ကြယ်များကို၎င်း၊ အကျွန်ုပ်ဆင်ခြင်သော်၊

  7. လူသည် အဘယ်သို့သော သူဖြစ်၍၊ ကိုယ်တော် သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သော သူဖြစ်၍ အကြည့်အရှု ကြွလာတော်မူရ သနည်း။ သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်း ငယ်နှိမ့်တော်မူပြီ။

  8. သူ၏ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော် မူပြီ။

  9. ဖန်ဆင်းတော်မူသော အရာများကိုအုပ်စိုးစေ၍၊ သိုးနွားအစရှိသော မြေတိရစ္ဆာန်မိုဃ်းကောင်းကင်ငှက်၊

  10. ပင်လယ်ငါးနှင့်ပင်လယ်လမ်း၌ သွားတတ်သောတိရစ္ဆာန် မှစ၍၊

  11. ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီ။

  12. အိုအကျွန်ုပ်တို့၏ ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်၏နာမသည် မြေကြီးတပြင်လုံး၌ အလွန်ကြီး မြတ်တော်မူသတည်း။

  13. မတရားသော သူတို့သည် သဘောဖြောင့်သော သူတို့ကို မထင်မရှားပစ်အံ့သောငှါ လေးကို တင်၍၊ လေးညှို့ပေါ်မှာ မြှားကိုပြင်ကြ၏။

  14. အမှီတကဲတို့သည် ပျက်လျင် ဖြောင့်မတ်သောသူသည် အဘယ်သို့ ပြုနိုင် သနည်း။

  15. ငါ့ဝိညာဉ်အား သင်သည်ငှက်သကဲ့သို့ ကိုယ် နေရာ တောင်ပေါ်သို့ ပြေးချေဟု အဘယ်ကြောင့် ပြောကြသနည်း။ ထာဝရဘုရားသည် ငါခိုလှုံရာဖြစ်တော် မူ၏။

  16. ထာဝရဘုရားသည် သန့်ရှင်းသော ဗိမာန် တော်၌ ရှိတော်မူ၏။ ထာဝရဘုရား၏ ပလ္လင်တော်သည် ကောင်းကင်ပေါ်မှာတည်၏။ မျက်စိတော်သည် ကြည့်ရှု ၍ မျက်ခမ်းတော်သည် လူသားတို့ကို စစ်တော်မူ၏။

  17. ထာဝရဘုရားသည် ဖြောင့်မတ်သော သူကို စုံစမ်းတော်မူ၏။ မတရားသောသူနှင့် လုယူဖျက်ဆီးလို သော သူကိုဝိညာဉ်တော်သည် မုန်းတော်မူ၏။

  18. မတရားသောသူတို့အပေါ်မှာ တောက်သော မီးခဲ၊ ကန့်နှင့်ရောသောမီးလျှံ၊ ပူလောင်သော မုန်တိုင်းကို သက်ရောက်စေ၍၊ သူတို့သောက်စရာဘို့ စီရင်တော် မူမည်။

  19. တရားသဖြင့် ပြုတော်မူသောထာဝရဘုရား သည် တရားသောအမှုကို နှစ်သက်၍ သဘောဖြောင့် သောသူကို မျက်နှာပြုတော်မူ၏။

  20. အိုထာဝရဘုရား၊ ကယ်တင်တော်မူပါ။ သူတော် ကောင်းမျိုးသည် ပြတ်၍ သစ္စာရှိသောလူမျိုးသည် လူသားတို့တွင် ကွယ်ပျောက်ပါ၏။

  21. အိမ်နီးချင်းတို့သည် တဦးကိုတဦး မုသာသုံး၍ ချော့မော့သော နှုတ်ခမ်း၊ နှစ်ခွသော စိတ်နှင့်ပြောတတ် ကြပါ၏။

  22. ငါတို့သည် ကိုယ်လျှာအားဖြင့် နိုင်မည်။

  23. ကိုယ်နှုတ်ခမ်းသည် ကိုယ်အမှုကို စောင့်လိမ့် မည်။ ငါတို့၏သခင်ကား အဘယ်သူနည်းဟု ပြောဆို သော သူတို့၏ ချော့မော့သော နှုတ်ခမ်းနှင့် ဝါကြွားသော လျှာရှိသမျှတို့ကို ထာဝရဘုရားသည် ဖြတ်တော်မူမည်။

  24. ဆင်းရဲသောသူသည် ခံရသောညှဉ်းဆဲခြင်း၊ ငတ်မွတ်သောသူ၏ ငိုကြွေးခြင်းကြောင့် ယခုငါထမည်။ ကဲ့ရဲ့ခြင်းကိုခံရသော သူအား ချမ်းသာပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

  25. ထာဝရဘုရား မိန့်တော်မူချက်တို့သည် သန့်ရှင်း ခြင်းရှိ၍ မြေနှင့် ကင်းစင်စေခြင်းငှါ၊ မိုက်၌ခုနစ်ကြိမ် စစ်သော ငွေကဲ့သို့ဖြစ်ကြ၏။