အကြောင်းအရာသို့ ကျော်သွားရန်

Psalms အကြောင်း ကျမ်းစာအခန်းငယ်များ: For God's mercies to individuals

58 အခန်းငယ် · 16 ရှုထောင့်

For God's mercies to individuals အကြောင်း အခန်းငယ်များ

  1. အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် ချီးမွမ်းပါမည်။ အကျွန်ုပ်ကိုနှုတ်ဆက်တော်မူ၏။ ရန်သူ တို့သည် အကျွန်ုပ်အကြောင်းကြောင့်၊ ဝမ်းမြောက်ရသော အခွင့်ကို ပေးတော်မမူ။

  2. အိုအကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုအောဟစ်၍၊ ကိုယ်တော် သည် ချမ်းသာပေးတော်မူ၏။

  3. အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံထဲက နှုတ်ယူတော်မူပြီ။ သင်္ချိုင်း တွင်းထဲသို့ မဆင်းစေဘဲ၊ အကျွန်ုပ်ကို အသက်ချမ်းသာ ပေးတော်မူပြီ။

  4. ထာဝရဘုရား၏ သန့်ရှင်းသူတို့၊ ထာဝရဘုရား ကို ထောမနာသီချင်းဆိုကြလော့။ သန့်ရှင်းသောနာမ တော်ကို ချီးမွမ်းကြလော့။

  5. အမျက်တော်သည် ခဏထွက်၏။ ကျေးဇူးတော် မူကား၊ တသက်လုံးတည်၏။ ညဦးယံ၌ ငိုကြွေးခြင်းသည် လာ၍တည်းခို၏။ နံနက်ယံ၌ကား၊ သီချင်းဆိုသော အခွင့် ရှိ၏။

  6. ငါသည် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့် မည်ဟု ကောင်းစားစဉ်အခါ အကျွန်ုပ်အောက်မေ့ပါ၏။

  7. အိုထာဝရဘုရား၊ ကျေးဇူးတော်အားဖြင့်သာ အကျွန်ုပ်၏တောင်သည် ခိုင်ခံမြဲမြံပါ၏။ မျက်နှာလွှဲတော် မူသောအခါ ဆင်းခြင်းသို့ ရောက်ပါ၏။

  8. အိုထာဝရဘုရား၊ အကျွန်ုပ်သည် အသက်ဆုံး၍၊

  9. သင်္ချိုင်းတွင်းထဲသို့ဆင်းလျှင် အဘယ်အကျိုးရှိပါ အံ့နည်း။

  10. မြေမှုန့်သည် ကိုယ်တော်ကို ချီးမွမ်းပါမည် လော။ သစ္စာတော်ကို ဘော်ပြပါမည်လော။ အိုထာဝရ ဘုရား၊ နားထောင်၍ ကယ်မသနားတော်မူပါ။ အိုထာဝရ ဘုရား၊ အကျွန်ုပ်ကိုစောင့်မတော်မူပါဟု ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်၍၊ ထာဝရဘုရားကို တောင်း လျှောက်ပါ၏။

  11. ထိုအခါ အကျွန်ုပ် ညည်းတွားမြည်တမ်းခြင်းကို ကခုန်ခြင်းဖြစ်စေတော်မူ၏။ အကျွန်ုပ်ဝတ်သော လျှော် တေအဝတ်ကိုချွတ်၍၊ ဝမ်းမြောက်ခြင်း ခါးပန်းနှင့်စည်း တော်မူ၏။

  12. သို့ဖြစ်၍ အကျွန်ုပ်၏ဝိညာဉ်တော်သည် တိတ်ဆိတ်စွာမနေ။ ကိုယ်တော်ကို သီချင်းဆိုပါမည်။ အိုအကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား၊ ကျေးဇူးတော် ကို အစဉ်အမြဲချီးမွမ်းပါမည်။

  13. အိုဘုရားသခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကိုချီးမွမ်းကြပါ၏။ နာမတော်နီးကြောင်းကို အံ့ဘွယ် သော အမှုတော်တို့သည် သက်သေခံကြသည်ဖြစ်၍၊ ကိုယ်တော်ကို ချီးမွမ်းကြပါ၏။

  14. ချိန်းချက်သော အချိန်ကာလနှင့် ငါတွေ့ကြုံ သောအခါ ဖြောင့်မတ်စွာ တရားစီရင်မည်။

  15. မြေကြီးနှင့် မြေကြီးသားအပေါင်းတို့သည် လှုပ်ရှားခြင်းရှိသည် ဖြစ်၍၊ မြေကြီးတည်သော တိုင်တို့ကို ငါထောက်ခံရ၏။

  16. မိုက်သော အကျင့်ကို မကျင့်ကြနှင့်ဟု မိုက် သော သူတို့အား၎င်း၊ ဦးချိုကို မမြှောက်ကြနှင့်။

  17. သင်တို့၏ ဦးချိုကို မချီးမြှောက်ကြနှင့်။ လည် ပင်းခိုင်မာလျက် မပြောကြနှင့်ဟု မတရားသောသူတို့ အား၎င်း ငါပြောထား၏။

  18. အရှေ့၊ အနောက်၊ တောင်အရပ်တို့တွင် အဘယ်အရပ်မျှ ကျေးဇူးမပြုနိုင်။

  19. ဘုရားသခင်သည် စီရင်ပိုင်တော်မူ၏။တယောက် ကို နှိမ့်ချ၍၊ တယောက်ကို ချီးမြှောက်တော် မူ၏။

  20. ထာဝရဘုရား၏လက်တော်၌ ဖလားရှိ၏။ နီသောစပျစ်ရည်ပါ၏။ ဆေးမျိုးနှင့်ရောလျက်ရှိ၏။ ထိုစပျစ်ရည်ကို လောင်းတော်မူ၏။ အနည်အဖတ်ကို လည်း မတရားသော မြေသားအပေါင်းတို့သည် ညှစ်၍ သောက်ရကြ၏။

  21. ငါမူကားအစဉ်မပြတ်ချီးမွမ်း၍၊ ယာကုပ်အမျိုး ၏ ဘုရားခင်ကို ထောမနာသီချင်းဆိုပါမည်။

  22. မတရားသောသူတို့၏ ဦးချိုအပေါင်းကို ငါချိုး မည်။ တရားသော သူ၏ဦးချိုတို့မူကား၊ ချီးမြှောက်ခြင်းသို့ ရောက်ရကြလိမ့်မည်။

  23. အိုဘုရားသခင်၊ အကျွန်ုပ် နှလုံးသည် တည် ကြည်ပါ၏။ သီချင်းဆိုပါမည်။ ဝိညာဉ်ပါလျက် ချီးမွမ်း ထောမနာပြုပါမည်။

  24. တယောနှင့် စောင်းတို့၊ နိုးကြလော့။ ငါလည်း စောစောနိုးမည်။

  25. အို ထာဝရဘုရား၊ ပရိတ်သတ်အလယ်၌ ကိုယ်တော်ကို ချီးမွမ်းပါမည်။ လူမျိုးတို့တွင် ကိုယ်တော် အား ထောမနာသီချင်းဆိုပါမည်။