Skip to content

Praise အကြောင်း ကျမ်းစာအခန်းငယ်များ

490 အခန်းငယ် · 106 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဖြောင့်မတ်သော သူတို့၏ နေရာ၌ ဝမ်းမြောက် ခြင်းအသံနှင့် ကယ်တင်ခြင်းအသံရှိ၏။ ထာဝရဘုရား၏ လက်ျာလက်တော်သည် ကြီးသောအမှုကိုပြု၏။

  2. ဖြောင့်မတ်ခြင်းတံခါးတို့ကို ငါ့အားဖွင့်ကြ။ ငါဝင်၍ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းရမည်။

  3. ဤတံခါးသည် ထာဝရဘုရား၏ တံခါးဖြစ်၏။ ဖြောင့်မတ်သော သူတို့သည် ဝင်ရကြ၏။

  4. ကိုယ်တော်ကို အကျွန်ုပ် ချီးမွမ်းပါမည်။အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏ စကား ကို နားထောင်၍၊ အကျွန်ုပ်ကို ကယ်တင်တော်မူ၏။

  5. ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားဖြစ်တော်မူ ၍၊ ကိုယ်တော်ကို ချီးမွမ်းပါမည်။ အကျွန်ုပ်၏ဘုရား ဖြစ်တော်မူ၍၊ ကိုယ်တော်ကို ချီးမြှောက်ပါမည်။

  6. ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။

  7. ဖြောင့်မတ်စွာ စီရင်တော်မူချက်များကို အကျွန်ုပ်လေ့ကျက်ပြီးမှ၊ ဂုဏ်တော်ကို ဖြောင့်သော သဘောနှင့် ချီးမွမ်းပါမည်။

  8. တရားသဖြင့် စီရင်တော်မူချက်တို့ကို ထောက် ၍၊ ဂုဏ်တော်ကို ချီးမွမ်းခြင်းငှါ၊ သန်းခေါင်အချိန်၌ အကျွန်ုပ် ထတတ်ပါ၏။

  9. အိုထာဝရဘုရား၊ အကျွန်ုပ်သည် စေတနာ စိတ်ရှိ၍၊ ကိုယ်နှုတ်နှင့်ဆက်သော ပူဇော်သက္ကာတို့ကို နှစ်သက်တော်မူပါ၏။ စီရင်တော်မူချက်တို့ကိုလည်း၊ အကျွန်ုပ်၌ သွန်သင်တော်မူပါဟု တောင်းပန်ပါ၏။

  10. ဖြောင့်မတ်စွာ စီရင်တော်မူချက်များကြောင့် ကိုယ်တော်ကို တရက်လျှင် ခုနစ်ကြိမ် ချီးမွမ်းတတ်ပါ၏။

  11. အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူသော အခါ၊ အကျွန်ုပ်၏နှုတ်သည် ချီးမွမ်းခြင်းကို မြွက်ဆို ပါမည်။

  12. အလုံးစုံသော ပညတ်တော်တို့သည် ဖြောင့်မတ် ပါသည်ဖြစ်၍၊ အကျွန်ုပ်လျှာသည် ဗျာဒိတ်တော်ကို သီချင်းဆိုပါမည်။

  13. အကျွန်ုပ်သည် အသက်ရှင်၍၊ ကိုယ်တော်ကို ချီးမွမ်းပါစေသော။ စီရင်တော်မူချက်တို့သည် အကျွန်ုပ်ကို မစကြပါစေသော။

  14. သူတို့သွားနှင့် ကိုက်ခဲရာဘို့ ငါတို့ကို အပ်တော် မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။

  15. ထာဝရဘုရား၏ အိမ်တော်၌ ညဉ့်ယံစောင့် သော ထာဝရဘုရား၏ ကျွန်တော်အပေါင်းတို့၊ ထာဝရ ဘုရားကို ကောင်းကြီးပေးကြလော့။

  16. သန့်ရှင်းရာဌာနတော်သို့ လက်ကိုချီ၍၊ ထာဝရ ဘုရားကို ကောင်းကြီးပေးကြလော့။

  17. ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြ လော့။

  18. ထာဝရဘုရား၏ အိမ်တော်၊ ငါတို့ ဘုရား သခင်၏ အိမ်တော်တန်တိုင်းတွင် အမှုစောင့်သော ထာဝရဘုရား၏ ကျွန်တော်တို့၊ ချီးမွမ်း ခြင်းကိုပြုကြ လော့။

  19. ထာဝရဘုရားသည် ကောင်းမြတ်တော်မူသော ကြောင့်၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို ထောမနာသီချင်းဆိုကြလော့။ ထိုသို့သော အမှုသည် တင့်တယ်လျောက်ပတ်ပေ၏။

  20. အိုဣသရေလ အမျိုး၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။ အိုအာရုန် အမျိုးအနွယ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။

  21. အိုလေဝိအမျိုးအနွယ်၊ ထာဝရဘုရားကို ကောင်း ကြီးပေးလော့။ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၊ ထာဝရဘုရားကို ကောင်းကြီး ပေးကြလော့။

  22. ယေရုရှလင်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ မင်္ဂလာရှိတော် မူစေသတည်း။ ဟာလေလုယ။

  23. ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။

  24. ဘုရားတို့၏အရှင်၊ ဘုရားသခင်၏ ကရုဏာ တော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်းကြလော့။

  25. အရှင်တို့၏သခင်၊ ဘုရားရှင်၏ ကရုဏာတော် အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။