Skip to content

Praise အကြောင်း ကျမ်းစာအခန်းငယ်များ: In heaven

40 အခန်းငယ် · 106 ရှုထောင့်

In heaven အကြောင်း အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ကိုယ်တော်သာလျှင် ထာဝရဘုရား ဖြစ်တော် မူ၏။ အမြင့်ဆုံးသော ကောင်းကင်နှင့် ကောင်းကင် ဗိုလ်ခြေအပေါင်းတို့ကို၎င်း၊ မြေကြီးနှင့်မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကို၎င်း၊ ပင်လယ်နှင့်ပင်လယ်၌ပါသမျှတို့ကို ၎င်း ဖန်ဆင်းတော်မူ၏။ အလုံးစုံတို့ကို စောင့်မတော် မူ၏။ ကောင်းကင်ဗိုလ်ခြေတို့သည် ကိုယ်တော်ကို ကိုးကွယ်ကြပါ၏။

  2. နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍၊ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်း မြောက်သဖြင့်၊ ကြွေးကြော်ကြစဉ်၊ တိုက်ထောင့်အထွဋ် ကျောက်ကို အဘယ်သူတင်ထားသနည်း။

  3. တန်ခိုးကြီး၍ နှုတ်ကပတ်တော်အသံကို နား ထောင်လျက်၊ အမိန့်တော်အတိုင်း ဆောင်ရွက်သော ကောင်းကင်တမန်တော်တို့၊ ထာဝရဘုရားကို ကောင်းကြီး ပေးကြလော့။

  4. အလိုတော်သို့လိုက်သော အမှုတော်ထမ်း၊ ကောင်းကင်ဗိုလ်ခြေတော်အပေါင်းတို့၊ ထာဝရဘုရားကို ကောင်းကြီးပေးကြလော့။

  5. ကောင်းကင်တမန်အပေါင်းတို့၊ ထာဝရဘုရား ကို ချီးမွမ်းကြလော့။ ကောင်းကင်ဗိုလ်ခြေအပေါင်းဘို့ ချီးမွမ်းကြလော့။

  6. ကောင်းကင်အထပ်ထပ်နှင့် ကောင်းကင်ပေါ် မှာ ရေများတို့၊ ချီးမွမ်းကြလော့။

  7. သူတို့ကလည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော် မူ၏။ သန့်ရှင်းတော်မူ၏။ မြေကြီးလုံးသည် ဘုန်းတော်နှင့် ပြည့်လေ၏ဟု တပါးကိုတပါး ကြွေးကြော်၍ မြွတ်ဆို ကြ၏။

  8. ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီ၍၊ ထာဝရ ဘုရားကျိန်းဝပ်တော်မူရာ အရပ်မှ ဘုန်းတော်သည် မင်္ဂလာရှိစေသတည်းဟု၊ ငါ့နောက်၌ ကြီးစွာသော လှုပ်ရှားခြင်းအသံကို ငါကြား၏။

  9. ထိုကောင်းကင်တမန်နှင့်အတူ ကောင်းကင် ဗိုလ်ခြေအများတို့သည် ချက်ခြင်းထင်ရှား၍၊

  10. ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌ ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာရှိစေသတည်းဟုဘုရားသခင်ကို ချီးမွမ်း၍မြွက်ဆိုကြ၏။

  11. ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရစရာအကြောင်းမရှိသောသူ ကိုးဆယ်ကိုးယောက်တို့၌ ကောင်း ကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသောလူဆိုးတယောက်၌ သာ၍ဝမ်းမြောက်ခြင်း ရှိကြသည်ဟု ငါဆို၏။

  12. ထိုနည်းတူ ငါဆိုသည်ကား၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် နောင်တရသောလူဆိုးတ ယောက်၌ ဝမ်းမြောက်ခြင်းရှိကြသည်ဟု မိန့်တော်မူ၏။

  13. မိမိခမည်းတော်ဘုရားသခင့်ရှေ့၌ ငါတို့ကို ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း ခန့် ထားတော်မူသောသူသည်၊ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။

  14. ထိုသတ္တဝါလေးပါးတို့၏ ကိုယ်ပတ်ဝန်းကျင်၌၊ တပါးတပါးလျှင် အတောင်ခြောက်ခုစီရှိ၍၊ အတွင်း၌ မျက်စိနှင့်ပြည့်ကြ၏။ သူတို့ကလည်း၊ အနန္တတန်ခိုး နှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ် ရှိတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏ နေ့ညဉ့်မပြတ် ငြိမ်၍ မနေဘဲ ပြောဆိုကြ၏။

  15. ပလ္လင်တော်ပေါ်မှာ ထိုင်၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသောသူ၏ ဘုန်းအသရေ၊ ဂုဏ်ကျေးဇူးတော်ကို ထိုသတ္တဝါတို့သည်ချီးမွမ်းကြသောအခါ၊

  16. အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည် ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူရှေ့၌ ပြပ်ဝပ်လျက် ၊ ကမ္ဘာအဆက်ဆက် အသက်ရှင် တော်မူသော သူကို ကိုးကွယ်လျက် ၊

  17. အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်း လျက်ရှိကြပါ၏။ ထိုကြောင့် ၊ ကိုယ်တော်သည်ဘုန်းအသရေ တန်ခိုးတော် ကို ခံစားထိုက်တော်မူ၏ဟုလျှောက်ဆို၍၊ ပလ္လင်တော် ရှေ့၌ မိမိတို့သရဖူများကိုချထားကြ၏။

  18. ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော် မူသောအားဖြင့်၊ အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍၊ အသွေးတော်နှင့် ဘုရား သခင်အဘို့ ရွေးနှုတ်တော်မူ၏။

  19. အကျွန်ုပ်တို့၏ ဘုရားသခင်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း၊ ခန့်ထား၍၊ မြေကြီးပေါ်မှာ စိုးစံရသော အခွင့်ကိုပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင်ကို ခံယူ၍တံဆိပ်တို့ကို ဖွင့်ထိုက်တော်မူ၏ဟု အသစ်သောသီချင်းကိုသီ၍ လျှောက်ဆိုကြ၏။

  20. ထိုအခါ ငါကြည့်၍ ပလ္လင်တော်မှစသော သတ္တဝါတို့နှင့် အသက်ကြီးသူတို့၏ ပတ်ဝန်းကျင်၌ ကုဋေ သင်္ချေမကအတိုင်းမသိ များစွာသော ကောင်းကင်တမန် တို့၏ အသံကို ငါကြား၏။

  21. ထိုသူတို့ကလည်း၊ အသေသတ်ခြင်းကိုခံခဲ့ပြီးသော သိုးသငယ်သည်၊ တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်း သတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းကြီး မင်္ဂလာကိုခံထိုက်တော်မူ၏ဟု ကြီးသောအသံနှင့် ပြောဆိုကြ၏။

  22. ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၊ သမုဒ္ဒရာအထဲ၊ အရပ်ရပ်တို့၌ရှိရှိသမျှသော ဝေနေယျသတ္တဝါ အပေါင်းတို့က၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူနှင့် သိုးသငယ်သည် ကမ္ဘာအဆက်ဆက် ကောင်းကြီး မင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ အစွမ်းသတ္တိရှိ တော်မူစေသတည်းဟု ပြောဆိုကြသည်ကို ငါကြား လေ၏။

  23. သတ္တဝါလေးပါးတို့ကလည်း အာမင်ဟုခေါ်ဝေါ်ကြ၏။ အသက်ကြီးသူတို့သည်လည်း ပြပ်ဝပ်၍ ကိုးကွယ်ကြ၏။

  24. ထို့နောက်မှ ငါကြည့်လျှင်၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှ ထွက်၍၊ အဘယ်သူမျှ မရေတွက်နိုင်သော လူများအပေါင်းတို့သည် ဖြူသော ဝတ်လုံကို ဝတ်ဆင် လျက်၊ စွန်ပလွံ ခက်ကိုကိုင်လျက်၊ ပလ္လင်တော်ရှေ့၊ သိုးသငယ် ရှေ့မှာရပ်နေကြ၏။

  25. သူတို့ကလည်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော ငါတို့၏ ဘုရားသခင်နှင့်သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာရှိတော်မူစေသတည်းဟု ကြီးသော အသံနှင့်ကြွေးကြော်ကြ၏။