Praise အကြောင်း ကျမ်းစာအခန်းငယ်များ: His wonderful works
His wonderful works အကြောင်း အခန်းငယ်များ
အို ထာဝရဘုရား၊ ကောင်းကင်သည် အံ့ဘွယ် သော အမှုတော်တို့ကို၎င်း၊ သန့်ရှင်းသောသူတို့သည် စည်းဝေးလျက် သစ္စာတော်ကို၎င်း ချီးမွမ်းကြပါစေသော။
ထူးဆန်းသော တန်ခိုးတော်များကြောင့်၊ ဘုရား သခင်ကို ချီးမွမ်းကြလော့။ အလွန်တရာကြီးမြတ်တော်မူ ခြင်းရှိသည်အတိုင်း ချီးမွမ်းကြလော့။
အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို မြှောက်စား ပါမည်။ နာမတော်ကို ချီးမွမ်းပါမည်။ အံ့ဘွယ်သော အ မှုတို့ကိုပြုတော်မူပြီ။ ရှေးအကြံတော်တို့သည် မရွေ့၊ သစ္စာ နှင့် မြဲမြံကြပါ၏။