အကြောင်းအရာသို့ ကျော်သွားရန်

Ministers အကြောင်း ကျမ်းစာအခန်းငယ်များ

201 အခန်းငယ် · 118 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တဖန်တုံး၊ ငါတို့သည်သင်တို့ရှေ့၌ ကိုယ်အပြစ်ဖြေရာစကားကို ပြောသည်ဟုထင်ကြသလော။ ခရစ်တော်ကိုထောက်၍ ဘုရားသခင်ရှေ့၌ငါတို့ ပြောကြ၏။ ချစ်သူတို့၊ ငါတို့ပြုသမျှမှာ သင်တို့ကို တည်ဆောက်ခြင်းအလိုငှါ ပြုကြ၏။

  2. ထိုကြောင့် ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှါမဟုတ်၊ တည်ဆောက်ခြင်းအလိုငှါ သခင်ဘုရားသည် ငါ၌ အပ်ပေးတော်မူသော တန်ခိုးရှိသည်အတိုင်း ငါသည် ရောက်လာသောအခါ ပြင်းစွာသောဒဏ်ကို မပေးလို၍၊ ယခုသင်တို့နှင့် ကွာဝေးသေးသည်ကာလ ဤသို့ ငါရေးလိုက်၏။

  3. အကြောင်းမူကား၊ ယခုတွင် ငါသည် လူတို့၏ အလိုသို့လိုက်သလော။ ဘုရားသခင်၏ အလိုတော်ကို လိုက်သလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှါ ရှာကြသလော။ လူတို့စိတ်ကိုနူးညွတ်စေခြင်းငှါ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံကျွန်မဟုတ်ပြီ။

  4. ကိုယ်ကာယ၌ငါခံရသော စုံစမ်းခြင်းကို သင်တို့ သည်မထီမဲ့မြင်မပြု၊ ငါကိုမပယ်၊ ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့၎င်း၊ ယေရှုခရစ်ကဲ့သို့၎င်း၊ လက်ခံကြ၏။

  5. နှုတ်ကပတ်တရားကို သင်သောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှစေ။

  6. အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့်၊ ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသော တအိမ်ထောင်လုံး တည်းဟူသော သားတော်အပေါင်းတို့၏ အချုပ်အခြာဖြစ်တော်မူသော၊

  7. သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလိုငှါ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌၎င်း၊ အချို့ကို ပရောဖက်အရာ၌၎င်း၊ အချို့ကို သာသနာပြုအရာ၌၎င်း၊ အချို့တို့ကို သင်းအုပ်ဆရာ၊ ဆရာအရာ၌၎င်း၊ ခန့်ထားတော်မူ၏။

  8. ငါသည် ဧဝံဂေလိတရားကြောင့် သံကြိုးနှင့် ချည်နှောင်ခြင်းကိုခံလျက်၊

  9. သင်တို့သည် ငါ၌ဖြစ်သော အကြောင်းအရာများကို သိစေခြင်းငှါ၊ သခင်ဘုရားထံ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါချစ်သောညီ တုခိတ်သည် အလုံးစုံတို့ကို သင်တို့အား ဘော်ပြလိမ့်မည်။

  10. ငါသည်ဆုတောင်းပဌနာပြုသောအခါခါ၊

  11. ဝမ်းမြောက်သောစိတ်နှင့် သင်တို့ရှိသမျှအဘို့ကို အစဉ်ဆုတောင်းပဌနာပြုလျက်၊ သင်တို့ကို အောက်မေ့သောအခါခါ၊

  12. ရှိသမျှသောသင်တို့၏ အမှုအရာ၌ ဤသို့ငါယူအပ်၏။ အကြောင်းမူကား၊ ငါခံရသော ကျေးဇူးတော်ကို သင်တို့အပေါင်းသည် ဆက်ဆံကြသည်ဖြစ်၍၊ ငါသည် အကျဉ်းခံရသော်၎င်း၊ ဧဝံဂလိတရားဘက်၌ သက်သေခံ ၍ ထိုတရားကို တည်စေသော်၎င်း၊ သင်တို့ကို အောက်မေ့၏။

  13. လူအချို့တို့သည် ငြူစူရန်တွေ့ချင်သောသဘောနှင့် ခရစ်တော်၏တရားကို ဟောပြောကြ၏။ အချို့တို့ သည် စေတနာစိတ်နှင့် ဟောပြောကြ၏။

  14. ငါသည် ဧဝံဂေလိတရားကို ထောက်မဘို့ရာ ခန့်ထားသောသူဖြစ်ကြောင်းကို ဤသူတို့သည်သိ၍ ခရစ်တော်၏တရားကို မေတ္တာစိတ်နှင့် ဟောပြောကြ၏။

  15. ထိုသူတို့သည် ကြည်ဖြူသောစိတ်မရှိ၊ ချည်နှောင်ခြင်းကို ငါခံရသည်တွင် သာ၍ ဆင်းရဲစေမည်ဟု အကြံရှိ၍၊ ရန်တွေ့ချင်သောစိတ်နှင့် ဟောပြောကြ၏။

  16. ယခုပင်ထင်ရှားတော်မူမည်ဟု ငါမြော်လင့်အားကြီး၍ တောင့်တသည်နှင့်အညီ သင်တို့ဆုတောင်းသဖြင့်၎င်း၊ ယေရှုခရစ်၏ ဝိညာဉ်တော်မစသဖြင့်၎င်း၊ ဤအကြောင်းအရာသည် ငါ့ကိုကယ်တင်သော အကြောင်းအရာဖြစ် မည်ဟု ငါသိ၏။

  17. အသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏။

  18. သို့သော်လည်း သားသည်အဘနှင့်အတူ ဆောင်ရွက်သကဲ့သို့၊ သူသည်ငါနှင့်အတူ ဧဝံဂေလိတရားအမှုကို အမှန်ဆောင်ရွက်သည်ဟု သူပြသောသက်သေကို သင်တို့ သိကြ၏။

  19. ထိုမျှမက၊ ငါ့ကိုယ်တိုင် သင်တို့ရှိရာသို့ များမကြာလာမည်ဟု သခင်ဘုရားအားဖြင့် ယုံမှတ်စွဲ လမ်းသောစိတ်ရှိ၏။

  20. သို့ဖြစ်၍ သခင်ဘုရားကို ထောက်လျက်၊ ဝမ်းမြောက်သောစိတ်နှင့် သူ့ကိုလက်ခံကြလော့။ ထိုသို့ သောသူတို့ကို ရိုသေလေးမြတ်ကြလော့။

  21. ညီအစ်ကိုတို့၊ ငါကျင့်သည်နည်းတူ သင်တို့သည် တညီတညွတ်တည်း ကျင့်ကြလော့။ ငါတို့ပေးသော ပုံသက်သေနှင့်အညီ ကျင့်သောသူတို့ကိုလည်း ရှုမှတ်ကြလော့။

  22. အချင်း ငါ့လုပ်ဘော်ဆောင်ဘက်စစ်၊ သင်တို့ကိုလည်း ငါတောင်းပန်၏။ ငါနှင့်ကလေမင်မှစ၍ အသက်စာရင်းဝင်သော အခြားသောငါ၏လုပ်ဘော်ဆောင်ဘက်တို့နှင့်အတူ၊ ဧဝံဂေလိတရားကို ဟောပြောသောအမှု၌ ကူညီ၍ ကြိုးစားအားထုတ်သော မိန်းမတို့ကို မစ ထောက်ပံ့ပါလော့။

  23. ထို့ကြောင့်၊ ငါတို့သည် ကြားရသည်နေ့မှစ၍၊ သင်တို့အဘို့ အလိုငှါ အစဉ်မပြတ်ဆုတောင်း ပဌနာပြုလျက် နေကြ၏။

  24. အာခိပ္ပုကိုလည်း၊ သင်သည် သခင်ဘုရား၏ လက်တော်မှ ခံရပြီးသော ဓမ္မဆရာ၏အမှုအရာကို ပြည့်စုံခြင်းငှါ သတိပြုပါဟု ပြောကြလော့။

  25. ငါတို့သည် မှားယွင်းခြင်း၊ ညစ်ညူးခြင်း၊ လှည့်ဖြားခြင်းအားဖြင့် သင်တို့ကို တိုက်တွန်းသွေးဆောင် ကြသည်မဟုတ်။