Skip to content

Ministers အကြောင်း ကျမ်းစာအခန်းငယ်များ: Without deceitfulness

4 အခန်းငယ် · 118 ရှုထောင့်

Without deceitfulness အကြောင်း အခန်းငယ်များ

  1. ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို မှောက်လှန်သောသူများတို့နှင့် ငါတို့သည်မတူဘဲ ကြည်ဖြူသောစိတ်ရှိ၍ ဘုရားသခင်၏ အလိုတော်နှင့် အညီ၊ ဘုရားသခင်ရှေ့တော်၌ ခရစ်တော်၏တရားကို ဟောပြောကြ၏။

  2. ဆိတ်ကွယ်ရာအရပ်၌ပြုသော ရှက်ဘွယ်သော အမှုများကိုပယ်ကြ၏။ ပရိယာယ်ကိုမသုံး၊ ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကို တိမ်ဝှက်မှောက်လှန်ခြင်းမရှိ။ သမ္မာတရားကိုအတည့်အလင်း ဘော်ပြ၍၊ ဘုရား သခင့်ရှေ့တော်၌ လူအပေါင်းတို့၏ စိတ်အထင်အတိုင်း ချီးမွမ်းဘွယ်သော အကျင့်ဓလေ့ကို ကျင့်ကြ၏။

  3. ငါတို့သည် မှားယွင်းခြင်း၊ ညစ်ညူးခြင်း၊ လှည့်ဖြားခြင်းအားဖြင့် သင်တို့ကို တိုက်တွန်းသွေးဆောင် ကြသည်မဟုတ်။

  4. အဘယ်သို့နည်းဟူမူကား၊ သင်တို့သိကြသည်နှင့်အညီ၊ ငါတို့သည် ချော့မော့သောစကားကို တခါမျှမသုံး၊ ဝှက်ထားသော လောဘစိတ်အလျှင်းမရှိကြောင်းကို ဘုရားသခင်သည် ငါတို့သက်သေ ဖြစ်တော်မူ၏။