Antioch
36.2000, 36.1600 Google Maps တွင် ကြည့်ရန်
Antioch ကို ဖော်ပြသော အခန်းငယ်များ
ထိုစကားကိုလူအစုအဝေးအပေါင်းတို့သည် နှစ်သက်ကြသဖြင့်၊ ယုံကြည်ခြင်းနှင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း ပြည့်စုံသော သတေဖန်မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေန၊ ယုဒဘာ သာဝင်သော အန္တိအုတ်မြို့သား နိကောလတို့ကို ရွေး ကောက်၍၊
ထိုမှတပါး၊ သတေဖန်၏အမှုကြောင့် ညှဉ်းဆဲခြင်းကိုခံရ၍ အရပ်ရပ်သို့ ကွဲပြားသောသူတို့သည် ဖိနိတ်၊ ကုပရု၊ အန္တိအုတ်မြို့များသို့ တိုင်အောင်သွား၍၊ ယုဒ လူတို့အားသာ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။
နောက်မှထိုသူအချို့တို့သည် ကုပရုပြည်သား၊ ကုရေနေပြည်သားဖြစ်၍ အန္တိအုတ်သို့သွားပြီးလျှင်၊ သခင်ယေရှု၏ အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟေလေနစ်လူတို့အား ဟောပြောကြ၏။
ထိုအကြောင်းအရာကို ယေရုရှလင်မြို့၌ရှိသော အသင်းတော် သည်ကြားလျှင်၊ အန္တိအုတ်မြို့တိုင် အောင် သွားစေမည်အကြောင်း ဗာနဗ ကိုစေလွှတ်လေ၏။
ထိုသူတို့သည် တနှစ်ပတ်လုံး ထိုအသင်းတော်နှင့်အတူ စည်းဝေး၍၊ လူများအပေါင်းတို့အား ဆုံးမဩဝါဒ ပေးကြ၏။ တပည့်တော်တို့သည်လည်း ခရစ်ယာန်ဟူသော ခေါ်ဝေါ်သမုတ်ခြင်းကို အန္တိအုတ်မြို့၌ အဦးခံရကြ၏။
ထိုအခါ၌ ပရောဖက်တို့သည် ယေရုရှလင်မြို့မှ အန္တိအုတ်မြို့ သို့လာကြ၏။
အန္တိအုတ်မြို့တွင်ရှိသော အသင်းတော်၌ ဗာနဗမှစ၍ နိဂါဟု ခေါ်ဝေါ်သော ရှုမောင်၊ ကုရေနေ ပြည်သားလုကိ၊ စော်ဘွားဟေရုဒ်၏ သူငယ်ချင်း အရင်း ဖြစ်သော မာနင်နှင့်ရှောလုတည်းဟူသော ပရောဖက် ပြုသူ၊ ဆရာပြုသူရှိကြ၏။
ထိုမြို့မှ သင်္ဘောစီး၍လွှင့်သဖြင့်၊ မိမိတို့ ဆောင်ရွက်ခဲ့ပြီးသော အမှုအလိုငှါ ဘုရားသခင်၏ ကျေးဇူးတော်သို့ အပ်နှံ၍ စေလွှတ်သော အန္တိအုတ်မြို့သို့ ရောက်လာကြ၏။
ထိုအခါတမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူ အပေါင်းတို့သည်၊ မိမိတို့အထဲ၌ ရွေးကောက် ၍ ညီအစ်ကိုတို့တွင် ထင်ရှားသောသူတည်းဟူသော ဗာရှဗအမည်သစ်ကို ရသောယုဒနှင့် သိလတို့ကို၊ အန္တိအုတ်မြို့သို့ ပေါလု၊ ဗာနဗတို့နှင့်တကွ စေလွှတ်မည် အကြောင်းသဘောညီညွတ်ကြ၏။
သူတို့လက်ဖြင့် ပေးလိုက်သော စာဟူမူကား၊ တမန်တော်၊ သင်းအုပ်၊ ညီအစ်ကိုများတို့သည်၊ အန္တိအုတ်မြို့မှစ၍ ရှုရိပြည်၊ ကိလိကိ ပြည်တို့၌ရှိနေ၍ တပါးအမျိုးသားဖြစ်သော ညီအစ်တို့ကို မေတ္တာနှင့်ကြား လိုက်ပါ၏။
ထိုသူတို့သည် သွားရသော အခွင့်ရှိသဖြင့်၊ အန္တိအုတ်မြို့သို့ သွား၍၊ လူအပေါင်းတို့ကို စုဝေးစေပြီး လျှင် မှာစာကိုအပ်ပေးကြ၏။
ပေါလုနှင့်ဗာနဗတို့သည်လည်း အန္တိအုတ်မြို့၌ နေလျက်၊ အခြားသောသူများတို့နှင့်တကွ ဆုံးမ ဩဝါဒပေး၍၊ သခင်ဘုရား၏ နှုတ်ကပတ် တရားတည်း ဟူသော ဧဝံဂေလိတရားကိုဟောပြောကြ၏။
ကဲသရိမြို့သို့ရောက်လျှင် ယေရုရှလင်မြို့သို့ တက်၍ အသင်းတော်နှင့် နှုတ်ဆက်ပြီးမှ အန္တိအုတ်မြို့ သို့သွားပြန်၏။
ထိုနောက်ပေတရုသည် အန္တိအုတ်မြို့သို့ ရောက်လာသောအခါ၊ သူ၌အပြစ်တင်စရာ အခွင့်ရှိသော ကြောင့် သူ့ကိုယ်တိုင်ကို ငါငြင်း၍ ဆီးတားရ၏။