Skip to content

Ministers အကြောင်း ကျမ်းစာအခန်းငယ်များ: Described

5 အခန်းငယ် · 118 ရှုထောင့်

Described အကြောင်း အခန်းငယ်များ

  1. သူ၏ကင်းစောင့်တို့သည် မျက်စိကန်းကြ၏။ ရှိသမျှတို့သည် မိုက်ကြ၏။ အ၍မဟောင်နိုင်သော ခွေး၊ ယောင်ယမ်းသောခွေး၊ အိပ်လျက်အိပ်ချင်အားကြီးသော ခွေးဖြစ်ကြ၏။

  2. စားချင်အားကြီး၍ ဝမ်းမပြည့်နိုင်သော ခွေး လည်း ဖြစ်ကြ၏။ သိုးထိန်းတို့သည်လည်း မကြည့်မရှု တတ်ကြ။ ထိုသိုးထိန်းရှိသမျှတို့သည် လမ်းလွှဲ၍ မိမိတို့ လမ်းသို့ လိုက်ကြပြီ။ တယောက်မျှမကြွင်း၊ တညီတညွတ် တည်း ကိုယ်အကျိုးစီးပွားကိုသာ ရှာကြ၏။

  3. လာကြ။ စပျစ်ရည်ကို ယူခဲ့မည်။ သေရည် သေရက်ကို ဝစွာသောက်ကြစို့။ ယနေ့ဖြစ်သကဲ့သို့ နက်ဖြန်နေ့ဖြစ်လိမ့်မည်။ ထိုမျှမက၊ သာ၍ ကြွယ်ဝလိမ့် မည်ဟု ဆိုတတ်ကြ၏။

  4. အကြောင်းမူကား၊ နားမထောင်ဘဲ အချည်းနှီးသော စကားကိုပြော၍၊ လှည့်ဖြားတတ်သောသူအများ ရှိကြ၏။ အရေဖျားလှီးခြင်းကို ခံသောသူတို့တွင်လည်း အထူးသဖြင့်ရှိကြ၏။

  5. ထိုသူတို့၏နှုတ်ကိုပိတ်ရမည်။ သူတို့သည် မစင်ကြယ်သော စီးပွါးကိုတပ်မက်လျက်၊ မပေးအပ်သော ဩဝါဒကိုပေး၍၊ တအိမ်ထောင်လုံးကို မှောက်လှန်တတ်ကြ၏။