Ministers အကြောင်း ကျမ်းစာအခန်းငယ်များ: Blameless
Blameless အကြောင်း အခန်းငယ်များ
ထိုကြောင့်၊ သင်းအုပ်သည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ၊ မယားတယောက်တည်းရှိသောသူ၊ သမ္မာသတိရှိသောသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာ ကျင့်သောသူ၊ ဧည့်သည်ဝတ်ကို ပြုတတ်သောသူ၊ ဆုံးမဩဝါဒပေးတတ်သောသူ ဖြစ်ရမည်။
အကြောင်းမူကား၊ သင်းအုပ်သည် ဘုရားသခင်၏ ဘဏ္ဍာစိုးကဲ့သို့၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော သူဖြစ်ရမည်။ ကိုယ်အလိုသို့ လိုက်တတ်သောသူ၊ စိတ်တိုသောသူ၊ စပျစ်ရည်နှင့်ပျော်မွေ့သောသူ၊ သူတပါးကို ရိုက်ပုတ်သောသူ၊ မစင်ကြယ်သောစီးပွါးကို တပ်မက်သောသူ မဖြစ်ရဘဲ၊