Ministers အကြောင်း ကျမ်းစာအခန်းငယ်များ: Ensample to the flock
Ensample to the flock အကြောင်း အခန်းငယ်များ
ညီအစ်ကိုတို့၊ ငါကျင့်သည်နည်းတူ သင်တို့သည် တညီတညွတ်တည်း ကျင့်ကြလော့။ ငါတို့ပေးသော ပုံသက်သေနှင့်အညီ ကျင့်သောသူတို့ကိုလည်း ရှုမှတ်ကြလော့။
ထိုသို့ပြုသော်လည်း၊ မခံမယူပိုင်သောကြောင့် ပြုသည်မဟုတ်။ သင်တို့လိုက်စရာဘို့ ပုံသက်သေဖြစ် စေခြင်းငှါပြုကြ၏။
သင်၏ အသက်အရွယ်နုပျိုသည်ကို အဘယ်သူမျှ မထီမဲ့မြင် မပြုစေနှင့်။ စကားပြောခြင်း၊ ကျင့်ကြံပြုမူ ခြင်း၊ သူတပါးကိုချစ်ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့်ခြင်း၊ စင်ကြယ်ခြင်းအရာမှာ၊ ယုံကြည်သောသူတို့အား ပုံသက်သေကို ပြလော့။
အသီးအသီးအုပ်သော အသင်းတော်တို့ကို အာဏာထား၍ အစိုးတရပြုသည်မဟုတ်ဘဲ၊ သိုးတော်စု ရှေ့မှာပုံသက်သေကိုပြသောသူဖြစ်ကြလော့။