Ministers အကြောင်း ကျမ်းစာအခန်းငယ်များ: Easily dispirited
Easily dispirited အကြောင်း အခန်းငယ်များ
ငါတို့သည်အမျိုးမျိုးသော နှောင့်ရှက်ခြင်းကို ခံရသော်လည်း၊ အကျိုးနည်းခြင်းသို့မရောက်။ မကြံစည် နိုင်အောင်ရှိသော်လည်း စိတ်မပျက်။
ညှင်းဆဲခြင်းကိုခံရသော်လည်းဆုံးရှုံးခြင်းမရှိ။ အောက်သို့ လှဲခြင်းကိုခံရသော်လည်းဆုံးရာသို့မရောက်။
ဝမ်းနည်းသောသူကဲ့သို့ဖြစ်သော်လည်း၊ အစဉ် ဝမ်းမြောက်သောသူ၊ ဆင်းရဲသောသူကဲ့သို့ဖြစ်သော် လည်း၊ လူအများကိုရတတ်စေသောသူ၊ ဥစ္စာတစုံတခုကိုမျှ မပိုင်သောသူကဲ့သို့ဖြစ်သော်လည်း၊ အလုံးစုံသော သူတို့ကိုပိုင်သောသူဖြစ်သဖြင့်၎င်း၊ ဘုရားသခင်ခန့်ထားတော်မူသော စမ္မဆရာမှန်ကြောင်းကို အရာရာ၌ ထင်ရှားစွာပြ၏။