အကြောင်းအရာသို့ ကျော်သွားရန်

God အကြောင်း ကျမ်းစာအခန်းငယ်များ

662 အခန်းငယ် · 46 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အလင်းအိမ်ကြီးတို့ကို ဖန်ဆင်းတော်မူထသော၊

  2. ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ နေ့ကိုအုပ်စိုးရသော နေကို၎င်း၊

  3. ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ညဉ့်ကို အုပ်စိုးရသော လနှင့်ကြယ်များကို၎င်း ဖန်ဆင်း တော်မူထသော၊

  4. အိုထာဝရဘုရား၊ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ကြော၍ သိတော်မူ၏။

  5. အကျွန်ုပ်ထိုင်ခြင်း၊ ထခြင်းအရာတို့ကို သိတော် မူ၏။ အကျွန်ုပ် အကြံအစည်တို့ကို အဝေးကပင် နား လည်တော်မူ၏။

  6. အကျွန်ုပ်သွားသောလမ်းကို၎င်း၊ အိပ်ရာကို၎င်း စစ်ဆေး၍၊ အကျွန်ုပ်ကျင့်သော အကျင့်အလုံးစုံတို့ကို ကျွမ်းတော်မူ၏။

  7. အကျွန်ုပ်သည် စကားတခွန်းကိုမျှ မမြွက်သော် လည်း၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကြွင်းမဲ့ သိတော်မူ၏။

  8. ကိုယ်တော်သည်အကျွန်ုပ်ကို ပတ်လည်ဝိုင်းထား ၍၊ အကျွန်ုပ်အပေါ်မှာ လက်တော်ကိုတင်တော်မူပြီ။

  9. ထိုသို့သော ဉာဏ်သည် အံ့ဩဘွယ်ဖြစ်၍၊ အကျွန်ုပ်မတတ်နိုင်ပါ။ မြင့်မြတ်သည်ဖြစ်၍ အကျွန်ုပ် မမှီနိုင်ပါ။

  10. ယာကုပ်အမျိုး၏ ဘုရားသခင်မစတော်မူသော သူ၊ မိမိဘုရားသခင် ထာဝရဘုရားကို မြော်လင့်သော သူသည် မင်္ဂလာရှိ၏။

  11. ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်တကွ အရပ်ရပ်၌ ရှိသမျှတို့ကို ဖန်ဆင်း တော်မူ၏။ သစ္စာတော်ကို အစဉ်အမြဲစောင့်တော်မူ၏။

  12. မြေကြီးပေါ်သို့ဗျာဒိတ်တော်ကို လွှတ်တော်မူ၏။ နှုတ်ကပတ်တော်သည် အလျင်အမြန်ပြေးတတ်ပါ၏။

  13. မိုဃ်းပွင့်ကို သိုးမွေးကဲ့သို့ ချတော်မူ၏။ နှင်းခဲ ကိုလည်း ပြာကဲ့သို့ ဆွတ်ဖြူတော်မူ၏။

  14. မိမိမိုဃ်းသီးကို စားနုတ်စားပေါက်ကဲ့သို့ လွှတ် တော်မူ၍၊ ချမ်းစေတော်မူခြင်းကို အဘယ်သူခံနိုင် သနည်း။

  15. တဖန်နှုတ်ကပတ်တော်ကိုလွှတ်၍၊ ထိုမိုဃ်းပွင့် အစရှိသည်တို့ကို အရည်ကျိုတော်မူ၏။ မိမိလေကို လာစေတော်မူသဖြင့်၊ ရေတို့သည် စီးကြ၏။

  16. နေလတို့၊ ထာဝရဘုရားကိုချီးမွမ်းကြလော့။ ထွန်းလင်းသော ကြယ်အပေါင်းတို့၊ ချီးမွမ်းကြလော့။

  17. ကောင်းကင်အထပ်ထပ်နှင့် ကောင်းကင်ပေါ် မှာ ရေများတို့၊ ချီးမွမ်းကြလော့။

  18. ထိုအရာတို့ကိုအမိန့်တော်ရှိ၍၊ ဖန်ဆင်းတော်မူ သောကြောင့်၊ ထာဝရဘုရား၏နာမတော်ကို ချီးမွမ်း ကြစေ။

  19. ထိုအရာတို့ကို ကာလအစဉ်အဆက် အမြဲတည် စေတော်မူ၍၊ မပျက်ရသောဓမ္မတာကို စီရင်တော်မူ၏။

  20. ငါသည်ခေါ်၍ သင်တို့သည် ငြင်းပယ်သော ကြောင့်၎င်း၊ ငါ့လက်ကိုဆန့်၍ အဘယ်သူမျှမမှတ်သော ကြောင့်၎င်း၊

  21. ငါသတိပေးခြင်းရှိသမျှကို သင်တို့သည်ပယ်၍၊ ငါဆုံးမသော စကားတခွန်းကို နားမခံဘဲနေသောကြောင့် ၎င်း၊

  22. သင်တို့သည် ဘေးဥပဒ်နှင့်တွေ့ကြုံသောအခါ ငါရယ်မည်။ ကြောက်မက်ဖွယ်သော အမှုရောက်သော အခါ ငါပြက်ယယ်ပြုမည်။

  23. သင်တို့ ကြောက်မက်ဘွယ်သော အမှုသည် သုတ်သင်ပယ်ရှင်းခြင်းအမှုကဲ့သို့၎င်း၊ သင်တို့ပျက်စီးခြင်း အမှုသည် လေပြင်းမုန်တိုင်းကဲ့သို့၎င်း ရောက်လာ၍၊ သင်တို့သည်ဆင်းရဲခြင်း၊ ပူပန်ခြင်းနှင့် တွေ့ကြုံသော အခါ၊

  24. မြေကြီးနှင့်လယ်တောများကို မဖန်ဆင်း၊ အဦး ဆုံးသော မြေမှုန့်ကိုမျှ မဖန်ဆင်းမှီ၊ ငါ့ကိုဖြစ်ဘွားစေ တော်မူ၏။

  25. မိုဃ်းကောင်းကင်ကို ပြင်တော်မူသော အခါငါရှိ ၏။ သမုဒ္ဒရာမျက်နှာကို ကန့်ကွက်သောအမှု၊