- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
Ark of the Covenant အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
ခါနနိလူ အစရှိသော ဤပြည်သူပြည်သား အပေါင်းတို့သည် ထိုသိတင်းကို ကြားလျှင်၊ အကျွန်ုပ်တို့ကို ဝိုင်း၍ အကျွန်ုပ်တို့၏နာမည်ကို မြေကြီးမှ ပယ်ရှင်းကြပါ လိမ့်မည်။ ကိုယ်တော်သည် ကြီးမြတ်သောနာမတော်အဘို့ အလိုငှါ အဘယ်သို့ ပြုတော်မူမည်နည်းဟု လျှောက်ဆို၏။
ဖိလိတ္တိလူတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို ယူ၍ ဧဗနေဇာမြို့မှ အာဇုတ်မြို့သို့ ဆောင်သွား ကြ၏။
ဘုရားသခင်၏ သေတ္တာတော်ကို ဒါဂုန်ကျောင်းထဲသို့ သွင်း၍ ဒါဂုန်အနားမှာ ထားကြ၏။
အာဇုတ်မြို့သားတို့သည် နံနက်စောစော ထကြသောအခါ၊ ဒါဂုန်သည် ထာဝရဘုရား၏ သေတ္တာ တော်ရှေ့၌ မြေပေါ်မှာလဲ၍ ပြပ်ဝပ်လျက်ရှိသည်ကို တွေသဖြင့်၊ သူ့ကိုယူ၍ သူ၏နေရာ၌ တင်ထား ပြန်ကြ၏။
တဖန် နက်ဖြန်နံနက် စောစောထကြသောအခါ၊ ဒါဂုန်သည် ထာဝရဘုရား၏ သေတ္တာတော်ရှေ့၌ မြေပေါ်မှာ လဲ၍ ပြပ်ဝပ်လျက်၊ ခေါင်းနှင့် လက်ဝါးနှစ်ဘက် ပြတ်၍ တံခါးခုံပေါ်မှာတင်လျက်၊ ဒါဂုန်၌ ကိုယ်တိတိရှိသည်ကို တွေ့ကြ၏။
အာဇုတ်မြို့နှင့်မြို့နယ်၌နေသော သူတို့အပေါ်မှာ၊ ထာဝရဘုရားသည် လေးသောလက်တော်နှင့် ဖျက်တော်မူ၏။ မြင်းသရိုက် အနာနှင့်လည်း ဒဏ်ခတ်တော်မူ၏။
အာဇုတ်မြို့သားတို့သည် ထိုအမှုကို မြင်လျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင်သည် ငါတို့နှင့် ငါတို့ဘုရား ဒါဂုန်အပေါ်မှာ လေးသောလက်တော်ကို တင်တော်မူသည်ဖြစ်၍၊ ထိုဘုရားသခင်၏ သေတ္တာတော်ကို ငါတို့တွင် မရှိစေရဟု ဆိုလျက်၊
လူကိုစေလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်ကို အဘယ်သို့ ပြုရပါမည်နည်းဟု မေးကြ၏။ မင်းများကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင့်သေတ္တာတော်ကို ဂါသမြို့သို့ ဆောင်သွားစေဟု စီရင်သည်အတိုင်း ဆောင်သွားကြ၏။
ထိုမြို့သို့ ဆောင်သွားသောနောက်၊ ထာဝရဘုရား၏ လက်တော်သည် ထိုမြို့၌ ကြီးစွာသော ဖျက်ဆီးခြင်းကို ပြု၍၊ မြို့သူမြို့သား အကြီးအငယ်တို့ကို ဒဏ်ခတ်တော်မူသဖြင့်၊ ကိုယ်အတွင်း၌ မြင်းသရိုက်အနာကို ခံရကြ၏။
တဖန် ဘုရားသခင်၏ သေတ္တာတော်ကို ဧကြုန်မြို့သို့ ပို့လိုက်သဖြင့်၊ ထိုမြို့သို့ ရောက်သောအခါ၊ မြို့သူမြို့သားတို့က၊ ငါတို့နှင့် ငါတို့လူများကို သတ်စေခြင်းငှါ၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်ကို ဆောင်ခဲ့ပါသည်တကားဟု ဟစ်ကြော်လျက်၊
လူကိုစေလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်သည် ငါတို့နှင့်ငါတို့လူများကို မသတ်စေခြင်းငှါ လွှတ်လိုက်ကြကုန်အံ့၊ မိမိနေရင်း အရပ်သို့ သွားပါလေစေဟု ဆိုကြ၏။ အကြောင်းမူကား၊ ဘုရားသခင်သည် အလွန်လေးသော လက်တော်ကို တင်တော်မူသဖြင့်၊ တမြို့လုံးသေစေတတ်သော အနာရောဂါ နှံ့ပြားလေ၏။
သေဘေးနှင့်လွတ်သော်လည်း မြင်းသရိုက်နာဖြင့် ဒဏ်ခတ်ခြင်းကိုခံရ၍၊ ထိုမြို့အော်ဟစ်သော အသံ သည် မိုဃ်းကောင်းကင်သို့ တက်လေ၏။
ထာဝရဘုရား၏ သေတ္တာတော်သည် ဖိလိတ္တိပြည်၌ ခုနှစ်လနေပြီးမှ၊
ဖိလိတ္တိလူတို့သည် ယဇ်ပုရောဟိတ်များ၊ ပရောဖက်လုပ်သူများတို့ကို ခေါ်၍ ထာဝရဘုရား၏ သေတ္တာ တော်ကို အဘယ်သို့ ပြုရပါမည်နည်း။ သူနေရင်းအရပ်သို့ အဘယ်သို့သော ပူဇော်သက္ကာနှင့် လွှတ် လိုက်ရပါမည်နည်းဟု မေးမြန်းကြ၏။
သူတို့ကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင့်သေတ္တာတော်ကို လွှတ်လိုက်လျှင် ကိုယ်ချည်း မလွှတ် လိုက်ကြနှင့်။ ဒုစရိုက်ပူဇော်သက္ကာကို ဆက်ဆက် ပေးလိုက်ရမည်။ သို့ပြုလျှင် ရောဂါငြိမ်းလိမ့်မည်။ အဘယ်ကြောင့် လက်တော်မရွေ့သေးသည်ကို သိကြလိမ့်မည်ဟု ဆိုကြ၏။
အဘယ်အရာကို ဒုစရိုက်ဖြေရာ ပူဇော်သက္ကာဘို့ ပြန်ပေးလိုက်ရပါမည်နည်းဟု မေးလျှင်၊ ဖိလိတ္တိမင်း အရေအတွက်အတိုင်း ရွှေမြင်းသရိုက်ပုံငါးခုနှင့် ရွှေကြွက်ငါးကောင်ကို ပေးလိုက်ရမည်။ သင်တို့ နှင့် သင်တို့မင်းများ၌ ရောဂါတပါးတည်း စွဲလျက်ရှိ၏။
ထိုကြောင့် မြင်းသရိုက်ပုံ၊ မြေကို ဖျက်တတ်သော ကြွက်ပုံတို့ကို လုပ်၍ ဣသရေလအမျိုး၏ ဘုရားသခင်ဂုဏ်တော်ကို ချီးမွမ်းရကြမည်။ လက်တော်သည် သင်တို့နှင့် သင်တို့ဘုရားအပေါ်၊ သင်တို့မြေအပေါ်မှာ ပေါ့ကောင်းပေါ့လိမ့်မည်။
သို့ဖြစ်၍ ဖာရောဘုရင်နှင့် အဲဂုတ္တုလူတို့သည် ခိုင်မာသော စိတ်နှလုံးရှိသကဲ့သို့ အဘယ်ကြောင့် ခိုင်မာသော စိတ်နှလုံးရှိကြသနည်း။ သူတို့တွင် အထူးသဖြင့် ပြုတော်မူသောအခါ၊ သူတို့သည် လွှတ် လိုက်၍ ဣသရေလလူတို့သည် သွားကြ၏။
ယခုမှာ လှည်းသစ်ကိုလုပ်ပြီးမှ ထမ်းပိုးမတင်၊ သားငယ်ရှိသော နွားမနှစ်ကောင်ကို လှည်း၌ က၍၊ နွားသငယ်တို့ကို သူ့နေရာသို့ ပို့ကြလော့။
ထာဝရဘုရား၏ သေတ္တာတော်ကို လှည်းပေါ်မှာ တင်၍ ပြန်ပေးလိုက်သော ဒုစရိုက်ဖြေရာ ပူဇော် သက္ကာတည်းဟူသော ရွှေတန်ဆာတို့ကို သေတ္တာတော်နားမှာ အခြားသောသေတ္တာ၌ ထားပြီးလျှင် လွှတ်လိုက်၍ သွားပါလေစေ။
သေတ္တာတော်သည် မိမိပြည်သို့ သွားသောလမ်း ဗက်ရှေမက်မြို့သို့လိုက်လျှင်၊ ထိုဘုရားသခင်သည် ဤဘေးကြီးကို ငါတို့၌ ဖြစ်စေပြီ။ သို့မဟုတ် ဒဏ်ခတ်တော်မူသောကြောင့် ငါတို့မခံ၊ အလိုလို ခံရ သည်ကို သိရကြမည်ဟု စီရင်သည်အတိုင်း၊-
လူများတို့သည် ပြုသဖြင့်၊ သားငယ်ရှိသော နွားမနှစ်ကောင်ကို လှည်း၌ က၍၊ နွားသငယ်တို့ကို သူ့ နေရာ၌ ချုပ်ထားကြ၏။
ထာဝရဘုရား၏ သေတ္တာတော်နှင့်တကွ ရွှေကြွက်များ၊ မင်းသရိုက်ပုံများပါသော သေတ္တာတော်ကို လှည်းပေါ်မှာ တင်ကြ၏။
နွားမတို့သည် ဗက်ရှေမက်လမ်းသို့ တည့်တည့်လိုက်၍ မြည်တွန်လျက် သွားကြ၏။ လက်ျာဘက် လက်ဝဲဘက်သို့မလွှဲ လမ်းမသို့သာ လိုက်ကြ၏။ ဖိလိတ္တိမင်းတို့သည် ဗက်ရှေမက်မြို့နယ်တိုင်အောင် လိုက်ကြ၏။
ဗက်ရှေမက်မြို့သားတို့သည် ချိုင့်၌ ဂျုံ၊ စပါးကိုရိတ်လျက် မြော်ကြည့်၍ သေတ္တာတော်ကို မြင်သော အခါ ဝမ်းမြောက်ကြ၏။