Skip to content

Ekron

20 verses

31.7700, 34.8500 Google Maps တွင် ကြည့်ရန်

Ekron ကို ဖော်ပြသော အခန်းငယ်များ

  1. အဲဂုတ္တုပြည်အရှေ့၊ ရှိဟောရမြစ်မှစ၍ မြောက် မျက်နှာ၌ ဧကြုန်မြို့နယ်တိုင်အောင်၊ ခါနနိလူနေသော ပြည်၊ ဖိလိတ္တိမင်းငါးပါးတည်းဟူသော ဂါဇသိလူ၊ အာဇော တိလူ၊ ဧရှကလောနိလူ၊ ဂိတ္တိလူ၊ ဧကြောနိလူနှင့်တကွ၊ အာဝိလူနေသောပြည်၊

  2. ဧကြုန်မြို့မြောက်ဘက်နားမှာ ရှောက်လျက် ရှိကြုန်ရွာသို့၎င်း၊ ဗာလာတောင်သို့၎င်း၊ ယာဗနေလရွာသို့ ၎င်း၊ ရောက်၍ ပင်လယ်၌ ဆုံးလေ၏။

  3. ထိုမှတပါး ဧကြုန်မြို့နှင့်သူဆိုင်သော မြို့ရွာများ၊

  4. ဧကြုန်မြို့မှစ၍ ပင်လယ်တိုင်အောင်၊ အာဇုတ် မြို့နှင့်နီးစပ်သောမြို့ရွာများ၊

  5. ဧလုန်မြို့၊ သိမနာသမြို့၊ ဧကြုန်မြို့၊

  6. ယုဒသည် ဂါဇမြို့နှင့် မြို့နယ်၊ အာရှကေလုန်မြို့နှင့် မြို့နယ်၊ ဧကြုန်မြို့နှင့် မြို့နယ်တို့ကိုလည်း တိုက်ယူလေ၏။

  7. တဖန် ဘုရားသခင်၏ သေတ္တာတော်ကို ဧကြုန်မြို့သို့ ပို့လိုက်သဖြင့်၊ ထိုမြို့သို့ ရောက်သောအခါ၊ မြို့သူမြို့သားတို့က၊ ငါတို့နှင့် ငါတို့လူများကို သတ်စေခြင်းငှါ၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်ကို ဆောင်ခဲ့ပါသည်တကားဟု ဟစ်ကြော်လျက်၊

  8. ထိုအမှုကို ဖိလိတ္တိမင်းငါးယောက်တို့သည် မြင်ပြီးမှ၊ ထိုနေ့ခြင်းတွင် ဧကြုန်မြို့သို့ ပြန်သွားကြ၏။

  9. ထာဝရဘုရားအား ပြန်ပေးသော ဒုစရိုက်ဖြေရာ ပူဇော်သက္ကာတည်းဟူသော ရွှေမြင်းသရိုက်ပုံတို့ကား၊ အာဇုတ်မြို့ဘို့တခု၊ ဂါဇမြို့ဘို့တခု၊ အာရှကေလုန်မြို့ဘို့တခု၊ ဂါသမြို့ဘို့တခု၊ ဧကြုန်မြို့ဘို့တခု ဖြစ်သတည်း။

  10. ဖိလိတ္တိလူတို့သည် သိမ်းယူသော ဣသရေလမြို့ရွာတို့ကို ဧကြုန်မြို့မှစ၍ ဂါသမြို့တိုင်အောင် ပြန်ပေးရကြ၏။ မြို့နယ်တို့ကိုလည်း ဣသရေလလူတို့သည် ဖိလိတ္တိလူတို့လက်မှ နှုတ်ယူကြ၏။ ဣသရေလလူနှင့် အာမောရိလူတို့သည်လည်း စစ်မရှိ အသင့်အတင့် နေကြ၏။

  11. ထိုအခါ ဣသရေလအမျိုး၊ ယုဒအမျိုးသားတို့သည် ထ၍ ကြွေးကြော်လျက် ချိုင့်တိုင်အောင်၎င်း၊ ဧကြုန်မြို့ တံခါးတိုင်အောင်၎င်း၊ ဖိလိတ္တိလူတို့ကို လိုက်ကြ၏။ ထိခိုက်သော ဖိလိတ္တိလူတို့သည် ရှာရိမ်မြို့ လမ်းနားမှစ၍ ဂါသမြို့၊ ဧကြုန်မြို့တိုင်အောင် လဲကြ၏။

  12. အာခဇိမင်းသည် ရှမာရိမြို့၌ အထက်အခန်း ပြတင်းပေါက်မှ ကျ၍နာနေသောကြောင့်၊ ငါသည် ဤအနာမှာ ထမြောက်မည်လောဟု ဧကြုန်မြို့၏ ဘုရား ဗာလဇေဗုပ်သို့ သွား၍ မေးမြန်းကြဟု မှာထား၍ သံတမန်တို့ကို စေလွှတ်လေ၏။

  13. ထာဝရဘုရား၏ ကောင်းကင်တမန်သည် တိရှဘိမြို့သား ဧလိယအားလည်း၊ ရှမာရိရှင်ဘုရင် စေလွှတ်သော သံတမန်တို့ကို ကြိုဆိုခြင်းငှါ ထသွားလော့။ ဣသရေလပြည်၌ ဘုရားသခင်မရှိသောကြောင့်၊ ဧကြုန် မြို့၏ဘုရားဗာလဇေဗုပ်သို့သွား၍ မေးမြန်းရသလော။

  14. သူတို့က၊ လူတယောက်သည် ကျွန်တော်တို့ကို ကြိုဆိုခြင်းငှါ လာ၍ သင်တို့ကိုစေလွှတ်သော ရှင်ဘုရင် ထံသို့ ပြန်ကြ။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရလပြည်၌ ဘုရားသခင် မရှိသောကြောင့်၊ ဧကြုန် မြို့၏ ဘုရားဗာလဇေဗုပ်သို့သွား၍ မေးမြန်းရသလော။ ထိုကြောင့် သင်သည်ယခုတတ်သော သာလွန်ပေါ်က နောက်တဖန်မဆင်းရ။ စင်စစ်သေရမည်ဟု ပြောရမည် အကြောင်း မှာထားပါသည်ဟု လျှောက်ကြ၏။

  15. ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ဧကြုန်မြို့၏ ဘုရားဗလဇေဗုပ်၌ မေးမြန်းခြင်းငှါ အဘယ်ကြောင့် သံတမန်တို့ကိုစေလွှတ်သနည်း။ မေးမြန်းစရာဘို့ ဣသရေလပြည်၌ ဘုရားသခင်မရှိ သောကြောင့် ထိုသို့ပြုသလော။ သို့ဖြစ်၍ သင်သည် ယခုတက်သော သာလွန်ပေါ်က နောက်တဖန်မဆင်းရ။ စင်စစ်သေရ မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။

  16. ဥဇမင်းအပေါင်း၊ ဖိလိတ္တိမင်းအပေါင်း၊ အာရှ ကေလုန်ပြည်သား၊ ဂါဇပြည်သား၊ ဧကြုန်ပြည်သား၊ ကျန်ကြွင်းသော အာဇုတ်ပြည်သား၊

  17. အာဇုတ်မြို့သားတို့ကို၎င်း၊ အာရှကေလုန်မြို့၌ မင်းပြုသောသူတို့ကို၎င်း ပယ်ဖြတ်မည်။ ဧကြုန်မြို့ကို လည်း တိုက်၍ ကျန်ကြွင်းသော ဖိလိတ္တိလူတို့သည် ပျက်စီးကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

  18. အကယ်စင်စစ် ဂါဇမြို့သည် စွန့်ပစ်ရာ၊ အာရှ ကေလုန်မြို့သည် သုတ်သင်ပယ်ရှင်းရာ ဖြစ်လိမ့်မည်။ အာဇုတ်မြို့သားတို့ကို မွန်းတည့်အချိန်၌ နှင်ထုတ်၍၊ ဧကြုန်မြို့ကိုလည်း ဖြိုဖျက်ကြလိမ့်မည်။

  19. ထိုအမှုကို အာရှကေလုန်မြို့သည် မြင်၍ ကြောက်လိမ့်မည်။ ဂါဇမြို့သည် မြင်၍ အလွန်တုန်လှုပ် လိမ့်မည်။ ဧကြုန်မြို့လည်း မြော်လင့်၍ အရှက်ကွဲသော ကြောင့် ထိုအတူဖြစ်လိမ့်မည်။ ဂါဇမင်းကြီးသည် ဆုံးလိမ့် မည်။ အာရှကေလုန်မြို့သည်လည်း အစိုးမရ။

  20. သူစားသော အသွေးကို သူ၏ပစပ်ထဲမှ၎င်း၊ သူကိုက်သော ရွံ့ရှာဘွယ်တို့ကို သူ၏သွားကြားမှ၎င်း ငါနှုတ်ပယ်မည်။ ကျန်ကြွင်းသောသူသည်လည်း ငါတို့ ဘုရားသခင်အဘို့ ကျန်ကြွင်း၍၊ ယုဒပြည်၌ မင်းကဲ့သို့ နေလိမ့်မည်။ ဧကြုန်မြို့သားလည်း ယေဗုသိလူကဲ့သို့ ဖြစ်လိမ့်မည်။